Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/02

ကိုဖိုးဖြူကို ဘယ်လိုထောက်ခံအားပေးမလဲ

အခက်တွေ့နေတဲ့ လယ်သမား၊ အလုပ်သမားတွေ ဘက်ကနေ ထောင်မကြောက် တန်းမကြောက်၊ အခမဲ့ အကူအညီ ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူနဲ့ ဆက်သွယ် မေးမြန်းခန်းက အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်။ မြန်မာပြည်ရဲ့ လူများစုကြီးဖြစ်တဲ့ လယ်သမား အလုပ်သမားတွေ ဘာဖြစ် နေသလဲ ဆိုတာကို သူ ပြောပြ သွားပါတယ်။

ဧရာဝတီမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့တဲ့ “လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်” ဆိုတဲ့ အင်တာဗျူးပါ။

မဖတ်ရသေးဘူးဆိုရင် http://www.bur.irrawaddy.org/index.php/interview/4-interview/7167-2011-08-28-04-42-12 မှာ ဖတ်နိုင်ပါတယ်။

သူ့လုပ်ရပ်တွေကို ပြည်ပရောက် မြန်မာပြည်သား အများအပြားက လေးစားတဲ့ အတွက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ် သင့်ကြောင်း ဆန္ဒပြုခဲ့ကြတာ မကြာသေးပါဘူး။

ဒီဆု ဘယ်သူ့ကို ပေးသင့်တယ် ဆိုတာကို အင်တာနက် သုံးသူ မြန်မာပြည်သားများက  မဲပေး ရွေးချယ် ကြတာပါ။
ဒီနှစ်အတွက် ဆန္ဒမဲ အများဆုံး ရရှိသူ ၅ ဦးထဲမှာ ရှေ့နေကိုဖိုးဖြူလည်း ပါဝင်ပါတယ်။

ကိုဖိုးဖြူဟာ နိုင်ငံတကာ ဆုတွေလည်း ရသင့်သူပါ။ ဒါပေမယ့် သူဘာတွေ လုပ်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ပြု သင့်တယ် ဆိုတဲ့အကြောင်း ဆုရွေးချယ်ရေး ကော်မတီတွေကို ဆက်သွယ် အဆိုပြုရမှာ ဖြစ်ပါတယ်။ သူ့လုပ်ရပ်တွေကို လေးစား ထောက်ခံသူများက အဆိုပြုရမှာပါ။
ဒီနှစ်အတွက် အများဆုံး ဆန္ဒပြုခံရတဲ့ ဇာဂနာ၊ ဒေါ်ရှု၊ မဖြူဖြူသင်း၊ NLD ရဲ့ လူမှုအထောက်အကူပြုအဖွဲ့၊ ကိုဖိုးဖြူ

သူ့လုပ်ရပ်တွေကို ဆုရွေးချယ်ရေး ကော်မတီတွေက သေချာပေါက် စိတ်ဝင်စားကြမယ်လို့ ယူဆပါတယ်။
Copy from - irrawaddyblog.com

0 件のコメント:

コメントを投稿