Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/03

အစိုး​ရတပ်ကဖမ်း​သွား​သည့်​ ကရင်ရွာသား​ ၂ ဦး​၏ အ​လောင်း​များ​ ​တွေ့​ရှိ

September 2, 2011 by ဒီဗွီဘီ

တနင်္သာရီတိုင်း​ ပု​လောမြို့​နယ်မှာ အစိုး​ရစစ်တပ်က ဖမ်း​ဆီး​သွား​တဲ့​ ကရင်ရွာသား​ ၂ ဦး​ရဲ့​ အ​လောင်း​တွေကို ရွာပြင်မှာ ပြန်​တွေ့​ရတယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

ပု​လောမြို့​နယ်က ဇာဒီဝင်း​ရွာသား​ ​စော​ကော်လယ်နဲ့​ ​စေကျား​ခဲတို့​ကို အမှတ် ၅၅၅ ​ခြေမြန်တပ်ရင်း​က စစ်သား​တွေက အရင်လ ၂၁ ရက်မှာ ဖမ်း​သွား​ပြီး​နောက် ကျည်ဆံဒဏ်ရာ​တွေနဲ့​ အ​လောင်း​ပြန်​တွေ့​ရတာလို့​ ရွာသား​တွေက ​ပြောပါတယ်။

ဒီလူရွယ်နှစ်ဦး​ဟာ ဆက်သွယ်​ရေး​စကား​ပြောစက်နဲ့​ကစား​နေတာကို စစ်တပ်က သိသွား​ပြီး​ ​တော်လှန်​ရေး​အဖွဲ့​အစည်း​တွေနဲ့​ ဆက်စပ်တယ်ဆိုတဲ့​ သံသယနဲ့​ ဖမ်း​သွား​တာလို့​လည်း​ သိရပါတယ်။

အစိုး​ရတပ်ဟာ ရွာသား​တွေကို ​ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​) နဲ့​ ပတ်သက်တယ်လို့​ စွပ်စွဲပြီး​ နှိပ်စက်သတ်ဖြတ်မှု​တွေ နှစ်​ပေါင်း​များ​စွာအတွင်း​ အကြိမ်ကြိမ် ဖြစ်ပွား​ဖူး​တယ်လို့​ ​ကေအန်ယူ မြိတ်-ထား​ဝယ်ခရိုင် စည်း​ရုံး​ရေး​နှင့်​ ပြန်ကြား​ရေး​ တာဝန်ခံ နန့်​ဆန်း​ဒေး​ထူး​က ​ပြောပါတယ်။

“အဲဒီ​ဒေသမှာ ဘယ်ရွာသား​ပဲဖြစ်ဖြစ် သူတို့​ မယုံသင်္ကာဖြစ်ရင် သတ်ပစ်တာရှိခဲ့​ဖူး​တယ်။ အရင်တုန်း​က အလား​တူဖြစ်ရပ်မျိုး​တွေ လူသိရှင်ကြား​ ​ပေါ်တာရှိသလို လူမသိဘဲ ​ပျောက်သွား​တာမျိုး​လည်း​ ရှိတယ်။”

ဇာဒီဝင်း​ရွာသား​ ၂ ဦး​ကို ဖမ်း​သွား​ခဲ့​တဲ့​ ခမရ ၅၅၅ နဲ့​ ​ကေအန်ယူ လက်​အောက်ခံ ကရင်အမျိုး​သား​လွတ်​မြောက်​ရေး​တပ်မ​တော် တပ်ရင်း​ ၇ တို့​ တိုက်ပွဲဖြစ်တယ်လို့​လည်း​ သိရပါတယ်။
http://burmese.dvb.no/archives/15092

0 件のコメント:

コメントを投稿