Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/06

UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ

UWSAheadquater400
UWSA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - S.H.A.N.)

05 September 2011
ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တွင် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ၃၀ ထက် မနည်း ပိုင်ဆိုင် ထားသဖြင့် အစိုးရ စစ်တပ်က တိုက်ခိုက် လာလျှင် မှုစရာ မလိုဘဲ အသာစီးရမည်ဟု အဖွဲ့၏ တာဝန်ခံတဦးက ပြောဆိုကြောင်း ၀ီကီလိ (wikileaks) အင်တာနက် စာမျက်နှာတွင် သောကြာနေ့က ဖော်ပြခဲ့သည့် လျှို့ဝှက် ကြေးနန်းစာ တစောင်တွင် ရေးသားထားသည်။
ရန်ကုန်မြို့ အမေရိကန် သံရုံးမှ သံရုံးအရာရှိ Marc Shaw က ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် အမေရိကန် နိုင်ငံခြားရေး ဌာနသို့ ပေးပို့ခဲ့သော အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား UWSA က လက်မခံကြောင်း ဖော်ပြထားသည့် လျှို့ဝှက် အစီရင်ခံစာတွင် ထိုသို့ ရေးထားခြင်း ဖြစ်သည်။

သောကြာနေ့တွင် ၀ီကီလိခ်က ဖွင့်ချလိုက်သည့်  အမေရိကန် နိုင်ငံခြားရေးဌာန၏ လျှို့ဝှက် အစီရင်ခံစာများတွင် ရန်ကုန်မြို့ အမေရိကန် သံရုံးက ပေးပို့သည့်  မြန်မာနိုင်ငံနှင့် ဆိုင်သော သတင်း အချက်အလက် အများအပြား ပါဝင်နေသည်။

အမေရိကန် သံရုံး တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသော  ဦးစိုးသန်းသည် မန္တလေးတက္ကသိုလ် ဘွဲ့ရခဲ့သူ တဦးဖြစ်ကာ UWSA ခေါင်းဆောင်များနှင့် မြန်မာအစိုးရ တာဝန်ရှိသူများ အကြား သံတမန် တဦးကဲ့သို့ သူ့ကိုယ်သူ ပြောဆိုသည်ဟု လျှို့ဝှက် အစီရင်ခံစာက ဆိုသည်။

UWSA သည် ငွေကြေး အကူအညီကို  တရုတ်နိုင်ငံမှ ရယူခဲ့သည် ဟူသော ဦးစိုးသန်း၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

UWSA ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း  ပန်ဆန်းဒေသ၌ တည်ရှိပြီး  မိုင်းတုံ၊ ပုံပါကျင် စသည့် မြို့နယ်များတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိသည်။ ၀-တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။  တပ်သား အင်အား သုံးသောင်း ၀န်းကျင်နှင့် အရံအင်အား တသောင်း ရှိပြီး  စစ်ရေး အင်အား တောင့်တင်းလာခြင်းကို  မြန်မာအစိုးရက စိုးရိမ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

UWSA သည် ယခင် နအဖ စစ်အအစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အစိုးရက ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံခြင်း မရှိသော ၎င်းတို့၏ မူဝါဒအား အမေရိကန်အစိုးရကို သိစေလိုပုံရသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။

ရန်ကုန်မြို့၌ UWSA ပိုင်ဆိုင်သော စီးပွားရေး ကုမ္ပဏီ ၂၀ ၀န်းကျင်ရှိပြီး၊  ဆောက်လုပ်ရေး လုပ်ငန်းများ၊ သတ္ထုတူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်းများ၊ ကျွန်းသစ်၊ သယ်ယူပို့ဆောင်ရေး၊ Yangon City ဟိုတယ်၊ NASA တေးထုတ်လုပ်ရေး အပါအ၀င် လုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထိုလုပ်ငန်းများ၏ ရုံးချုပ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အခြေစိုက်ထားသည်။


ဝီကီလိ၏ ဖွင့်ချချက်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော အကြောင်း အရာများလည်း ပါဝင်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် စာ အလွန်ဖတ်သူတဦးဖြစ်ကာ National Geographic နှင့် Irrawaddy မဂ္ဂဇင်းတို့ကို ကြိုက်နှစ်သက်ကြောင်းလည်း ရေးသားထားသည်။

မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း အမေရိကန်သံရုံးက အနီးကပ် စောင့်ကြည့် နေကြောင်း ရေးသားထားပြီး မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ၂၀၀၆ ခုနှစ် အတွင်း လက်နက် အရောင်းအ၀ယ် ပြုလုပ်ခဲ့သည့် သတင်းများလည်း ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ထွက်ပေါ်လာသော အစီရင်ခံစာ တစောင်တွင် အာဆီယံနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယား တို့သည် အာဆီယံ နှင့် ပတ်သက်သော အတွင်းရေးသတင်း အချက် အလက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချခဲ့သည်ဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောဆိုကြောင်း ဖော်ပြခဲ့သည်။

ယခင်က လျှို့ဝှက် အစီရင်ခံစာများကို ဖွင့်ချရာတွင် သံရုံး သတင်းပေးသူတို့၏ အမည်တို့ကို ဖျက်ပြီးမှ အင်တာနက်တွင် ဖော်ပြခြင်း ဖြစ်သည်။ သို့သော်လည်း သောကြာနေ့က ၀ီကီလိ စာမျက်နှာတွင် အစုလိုက် အပြုံလိုက် ဖော်ပြလိုက်သော ဖွင့်ချချက်များတွင်မူ သတင်း ပေးသူတို့၏ အမည်များကို ဖျက်ထားခြင် မရှိပေ။

နိုင်ငံပေါင်း ၁၀၀ ကျော်မှ အမေရိကန် သံရုံးများကို သတင်း ပေးသူတို့၏ အမည်များ၊ အချက်အလက်များ  အသေးစိတ် ပါဝင်နေသဖြင့် ၎င်းတို့အတွက် စိုးရိမ်ရသည် ဟူသော သုံးသပ်ချက်များ ပေါ်ထွက်နေသည်။
သတင်းရင်းမြစ် - ဧရာဝတီ

0 件のコメント:

コメントを投稿