Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/18

(၂၃)နှစ်ပြည့်မြောက် အာဏာသိမ်းစစ်အုပ်စုအား ရှုတ်ချကန့် ကွက်ဆန္ဒပြပွဲ



၂၀၁၁ ခုနှစ် စက်တင်ဘာလ ( ၁၈ ) ရက်။


(၂၃)နှစ်ပြည့်မြောက် အာဏာသိမ်း စစ်အုပ်စုအား ရှုတ်ချကန့်ကွက် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျို ရှိနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)Network for Democracy in Burma (NDB)-Japan မှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ဆန္ဒပြပွဲ အခမ်းအနားကို ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီ အထိ ကျင်းပပြု လုပ်ပြီး စစ်အာဏာ သိမ်းခဲ့သည့် ၂၃ နှစ် ပြည်ခဲ့ပြီ ဖြစ်သော်လည်း အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုများ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ ယနေ့ချိန်ထိ ရှိနေဆဲ ဖြစ်ကြောင်း စစ်ယူနီဖေါင်းချွတ်ပြီး အရပ်သား ဟန်ပြ အစိုးရတရပ် ပြောင်းလဲသွားသော်လည်း ယနေ့ချိန်ထိ စစ်ကျွန်ဘ၀မှ လွှတ်မြောက်ခြင်း မရှိသေးကြေင်း တိုင်းရင်းသားများဒေသ အသီးသီး၌ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားများအားလည်း ဆက်လက် ဖမ်းဆီး ထိမ်းသိန်းထားဆဲ ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ဦးဆောင်မှုနောက်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့်အထိ ပြည်တွင်းပြည်ပမှ ဟန်ချက်ညီညီ ဆက်လက် ကြိုးပမ်းသွားကြရန် အဖွဲ့အစည်းအသီးသီးတို့မှ ပြောကြား သွားခဲ့ကြကြောင်း သိရှိရပါသည်။

ဆန္ဒပြပွဲ အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီ အင်အားစု ၂၀၀ ကျော် ခန့် တက်ရောက် ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

0 件のコメント:

コメントを投稿