Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/02

စစ်ဖြစ်နေချိန် ဧရာဝတီမြစ်ဆုံေ ရကာတာကို အရှိန်မြှင့် တည်ဆောက်နေ

တရုတ်သမ္မတ ဟူကျင်တောင်နှင့် ၎င်းအစိုးရမှတည်ဆောက်နေသည့် ဧရာဝတီမြစ်ဆုံရေကာတာ။
Thursday, 01 September 2011,
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ဖြစ်ပွား နေသော်လည်း ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်တန့်ခြင်း မရှိဘဲ အရှိန်မြှင့် ဆောက်လုပ် နေကြောင်း သြဂုတ် (၃၁)ရက် ထုတ် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG)၏ အရေးပေါ် ကြေညာချက်တွင် ဖော်ပြသည်။
တရုတ်အစိုးရပိုင် CPI (China Power Investment Corporation)နှင့် မြန်မာနိုင်ငံမှ Asia World Company အလုပ်သမားများ အပြင် ယခု ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် တည်ဆောက်ရေး တရုတ် နိုင်ငံပိုင် Sinohydro Corporation မှ အလုပ်သမား (၇၀၀) ထပ်မံ ၀င်ရောက်လာပြီး မြစ်ဆုံ ရေကာတာကို အရှိန်မြှင့် လုပ်ဆောင်နေသည်ဟု KDNG (Kachin Development Networking Group) မှ မအားနန် ပြောသည်။
စီမံကိန်းအတွက် လိုအပ်သော စက်ယန္တရားနှင့် ဆောက်လုပ်ရေးကုန်ပစ္စည်းများကို ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ် ကန်ပိုင်တီမှ တဆင့် (၁၂) ဘီးကားကြီးများဖြင့် တင်သွင်း နေသည်ကို တွေ့မြင်ေ နရသည်ဟု ကန်ပိုင်တီ ဒေသခံ တစ်ဦးက ပြောသည်။
သို့သော် ဇွန် (၉) ရက် မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ကြား တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်း မြစ်ကြီးနား-ကန်ပိုင်တီ လမ်းပိုင်းရှိ KIA တပ်စခန်းများက ဆောက်လုပ်ရေးနှင့် ပတ်သက်သော ဆက်စပ် ပစ္စည်းများ တင်ဆောင်သည့် ကားများကို ဖြတ်သန်းခွင့် မပြုကြောင်း ဒေသခံ ကုန်သည် ယာဉ်မောင်းများမှ တဆင့် သိရသည်။
ဇွန် ၁၄ ရက် ယင်းလမ်းကြောင်းရှိ တံတား ၁ စင်းကို KIA က ဗုံးခွဲ ဖျက်ဆီးခဲ့သော်လည်း လုံးဝပျက်စီး သွားခြင်း မရှိခဲ့ပေ။ ကန်ပိုင်တီ-မြစ်ကြီးနား လမ်းသည် ယွမ်ငွေ (၉၇) သန်း အကုန်အကျ ခံကာ တရုတ် နိုင်ငံ ယူနန်ပြည်နယ်မှ ကုမ္ပဏီများက တည်ဆောက် ပေးခဲ့သည့် လမ်းဖြစ်သည်။ လမ်းဖောက်ပြီးလျှင် မြန်မာ အစိုးရဘက်မှ လမ်းဖြတ်သန်းခ ကောက်ခံခြင်းမပြုရန် တရုတ်ကုမ္ပဏီများက တောင်းဆို ခဲ့သည်ဟု ထိုစဉ်က စကားပြန်ပြုလုပ်သူ တရုတ်အမျိုးသား တစ်ဦးထံမှ သိရသည်။
မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်သွားမည်ဆိုပါက ပြည်တွင်းစစ် ဖြစ်လာနိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က တရုတ်သမ္မတ ဟူကျင်တောင် ထံ ပြီးခဲ့သည့် မတ်လက အိတ်ဖွင့် ပေးစာ ပေးပို့ ခဲ့သေးသည်။ တရုတ် CPI မှ အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံ အကုန်ကျခံကာ ပေ ၅၀၀ အမြင့်ရှိ မြစ်ဆုံ ရေကာတာကို ၂၀၀၉ ဒီဇင်ဘာမှ စတင်တည် ဆောက်နေခြင်းဖြစ်သည်။ ၎င်းမှ ထွက်လာမည့် လျှပ်စစ်အား ၆၀၀၀ မဂ္ဂါဝပ်၏ အများစုကို တရုတ်ပြည်သို့ ရောင်းချမည်ဖြစ်သည်။
Copy from - kachinnews.com

0 件のコメント:

コメントを投稿