Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/06


ဘုရားကျောင်းအတွင်း စစ်တပ် မိုင်းထောင်

 
ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းအတွင်း အစိုးရစစ်တပ်က မိုင်းထောင် ထားကြောင်း ဒေသခံ အုပ်ချုပ်ရေး၊ ဘာသာရေး တာဝန်ခံများက ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို ပြီးခဲ့သည့် လကုန်ပိုင်းတွင် တိုင်ကြားလိုက်ကြသည်။

မကြာသေးမီက ကချင်ပြည်နယ် လိုင်ဇာဒေသ အကူအညီပေးရေး စခန်းတခုတွင် တွေ့ရသော စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)
သြဂုတ် ၂၆ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သော တိုင်စာတွင် ဘုရားကျောင်း နှင့် ရွာလမ်းမများတွင် ထောင်ထားသော မိုင်းများ ဖယ်ရှားရေး၊ ဘုရားကျောင်းတွင် ၀တ်ပြုကိုးကွယ်ခွင့် ပေးရေးတို့ကို တောင်းဆိုထားသည်။

ဘုရားကျောင်းအတွင်းသို့ သြဂုတ် ၁၃ ရက်နေ့မှ စတင်ပြီး ၀င်ရောက်ခွင့် မရတော့ကြောင်း ဧရာဝတီက ရရှိသည့် အဆိုပါ တိုင်စာတွင် ရေးထားသည်။

တိုင်ကြားချက်ကို စစ်တိုင်းမှူး၊ သာသနာရေး ဝန်ကြီး၊ ထိုနယ်မြေတွင် ခြေစိုက်သည့် ခလရ (၅၈)၊ ခမရ (၃၁၈) စသည့် တပ်ရင်းများကိုလည်း မိတ္တူပေးပို့ထားကြောင်း စာတွင် ဖော်ပြထားသည်။

ထိုစာကို သင်းအုပ်ဆရာ ဦးနော်ဘောက်၊ ကဇူးကျေးရွာ ခရစ်ယာန် အသင်း အတွင်းရေးမှူး ဦးတန်ဂွန်း၊ ကဇူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖဂါနော်တို့က လက်မှတ်ရေးထိုး ပေးပို့ခြင်း ဖြစ်သည်။ ကချင် တိုင်းရင်းသား အများစုသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသည်။

“ယခုအခါ ကျွန်တော်များ ကဇူး ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းသားများ အနေဖြင့် မိမိတို့ ယုံကြည် အားကိုးရသော ဘုရား သခင်ထံ ၀တ်ပြု ဆုတောင်းရန် အခက်အခဲနှင့် ကြုံတွေ့လာရသည်” ဟု စာတွင် ရေးသားထားသည်။

ရွာအတွင်း စစ်တပ်ရောက်လာသဖြင့် ဒေသခံအများအပြားက  မြစ်ကြီးနားမြို့ပေါ်ရှိ  ဆွေမျိုး၊ မိတ်ဆွေများထံ သွားရောက်နေထိုင်ကြောင်း သိရသည်။

ဘုရားကျောင်း နယ်မြေအတွင်း စစ်တပ်က စခန်းချထားသည်ဟု ကြားသိရကြောင်း တရုတ် - မြန်မာ နယ်စပ်မှ ကချင် အမျိုးသမီး မိုင်းဂျာက ဧရာဝတီကို ပြောသည်။ ပြီးခဲ့သည့်လ ၁၃ ရက်နေ့မှ စတင်၍ ထိုနေရာတွင် ကတုတ်ကျင်း တူးဖော်ပြီး တပ်စခန်းများ  ဆောက်လုပ်ထားသည်ဟု ဆိုသည်။

“ဘာသာရေးဟာ နိုင်ငံရေးလုပ်တဲ့ အဖွဲ့လည်း မဟုတ်ဘူး၊ ဘုရားကျောင်းကို သွားပြီးတော့ ပိတ်ပင်တာတို့ အစိုးရတပ်က နယ် မြေ သတ်မှတ်ချင်ရင်လည်း ဘုရားကျောင်း အပြင်ကနေ သတ်မှတ်၊ ဘုရားကျောင်း အပါအ၀င် ရွာသားတွေ အားလုံး ၀တ်ပြုတဲ့ နေရာကို ဒီလိုမျိုး လုပ်တယ် ဆိုတော့ တော်တော်လေးကို လူ့ အခွင့်အရေး ချိုးဖောက်ခံရတာပဲ” ဟု မိုင်းဂျာက ဆိုသည်။

မိုင်းဂျာသည် ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ အဖွဲ့မှ ဖြစ်၍ ကချင်ဒေသ စစ်ပြေး ဒုက္ခသည်များကို ကူညီနေသူ တဦးလည်း ဖြစ်သည်။

အစိုးရတပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) အကြား ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ စတင်ပြီးနောက် အစိုးရတပ်များ ကဇူးကျေးရွာသို့ ၀င်ရောက်လာသဖြင့် ဒေသခံများ အနိုင်ကျင့် နှိပ်စက်ခံနေရကြောင်း ထိုဒေသနှင့် အဆက်အသွယ်ရှိသည့် ထိုင်းနိုင်ငံရောက် ကချင် တိုင်းရင်းသား လူငယ် ကိုနော်လာက  ပြောသည်။

ထို တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိပြီး တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ် ဒေသများ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များရှိ ဆွေမျိုးများ၊ ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံနေကြရကြောင်း သိရသည်။
copy rights_http://www.irrawaddy.org/bur/index.php/news/7227-2011-09-05-12-44-11

0 件のコメント:

コメントを投稿