Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/08

ဒီ​ကေဘီ​အေတပ်ဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်း


September 7, 2011
နယ်ခြား​စောင့်​တပ် အသွင်ကူး​ပြောင်း​ဖို့​ ငြင်း​ဆိုခဲ့​တဲ့​ ဒီ​ကေဘီ​အေ တပ်ဖွဲ့ဝင်​တွေနဲ့​ အသွင် ကူး​ပြောင်း​ပြီး​မှ  ပြန်လည် ပူး​ပေါင်း​လာတဲ့​ ဒီ​ကေဘီ​အေ​တွေ ပြန်လည် ပူး​ပေါင်း​ပြီး​ ဒီ​ကေဘီ​အေကို ပြင်ဆင် ဖွဲ့စည်း​လိုက်ပြီလို့ တပ်မှူး​တဦး​က ​ပြောပါတယ်။
အသစ်ပြန်ဖွဲ့တဲ့​ ဒီ​ကေဘီ​အေ (တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​ တပ်မ​တော်) ကို ဗိုလ်ချုပ်နှုတ်ခမ်း​မွှေး​ (ဗိုလ်ချုပ်​စောလား​ဘွဲ) က ဦး​ဆောင်ပြီး​ ကလိုထူး​ဝါး​နဲ့​ ကလိုထူး​လား​ဆိုတဲ့​ စစ်ဗျုဟာ ၂ ခု စနစ်တကျ သတ်မှတ် လိုက်တယ်လို့​ ဒီ​ကေဘီ​အေ ​ပြောခွင့်​ရသူ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။
“ဗျူဟာ ၁၊​ ၂ဆိုပြီး​ ပြန်ဖွဲ့​စည်း​တယ်။ မြဝတီ​တောင်ပိုင်း​နဲ့​ ​မြောက်ပိုင်း​ဆိုပြီး​ ရှိတဲ့​အတွက် ကိုယ်ကျရာ​ဒေသမှာ စစ်သား​ ပီသစွာ တာဝန်ယူရမယ်၊​ ပြည်သူ​တွေအ​ပေါ်မှာ အနစ်နာခံ စာနာတတ်ဖို့​ ညွှန်ကြား​ပါတယ်။ ပြည်သူ​တွေနဲ့​ ​တော်လှန်​ရေး​ အင်အား​စု​တွေ ပူး​ပေါင်း​ပြီး​ ကြံ့​ဖွံ့​အစိုး​ရကို တွန်း​လှန်ဖို့​ကိုလည်း​ အ​လေး​နက်ထား​ ညွှန်ကြား​ခဲ့​ပါတယ်။”
ကလိုထူး​ဝါး​ စစ်ဗျူဟာကို ဗိုလ်မှူး​ချုပ်​ကျော်သက်က ဦး​ဆောင်ပြီး​ မြဝတီ၊​ ​ကော့​ကရိတ်​ တောင်ဘက်​နေ ဘုရား​သုံး​ဆူအထိ တာဝန်ယူမှာဖြစ်ပါတယ်။ ကလိုထူး​လား​ စစ်ဗျူဟာကို​တော့​ ဗိုလ်မှူး​ချုပ်​စောဘိခို (​ခေါ်) ​စောဘိ ဦး​ဆောင်ပြီး​ မြဝတီမြို့ မြောက်ဘက် မြိုင်ကြီး​ငူ​ဒေသ၊​ ဘား​အံ-လှိုင်ဘွဲဘက်ကို တာဝန်ယူမယ်လို့​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။
ဗိုလ်မှူး​ချုပ်​ စောဘိခိုဟာ နယ်ခြား​စောင့်​ တပ်အသွင်​ပြောင်း​ပြီး​မှ ဒီ​ကေဘီ​အေနဲ့​ တရား​ဝင် ပြန်ပူး​ပေါင်း​ပြီး​ အခုလို တာဝန်​ ပေး​အပ်ခံရတာပါ။ ဒီ​ကေဘီ​အေကို အထက်အမိန့်​ နာခံမှုနဲ့​ တိတိကျကျ တာဝန်​ကျေပွန်​အောင် ခုလို ပြင်ဆင် ဖွဲ့​စည်း​ တာပါလို့​လည်း​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။
“စစ်တပ်ကို တ​သွေး​ တသံ တမိန့်​နဲ့​ သွား​အောင် အဆင့်​အဆင့်​ ​လေး​လေး​နက် နက် တာဝန်ယူတတ်​အောင် ညွှန်ကြား​နိုင်ဖို့​အတွက် ဖွဲ့​စည်း​ပေး​လိုက်တာပါ။” စစ်ဗျူဟာ တခုကို တပ်ရင်း​ ၃ ရင်း​စီနဲ့​ ဖွဲ့​စည်း​ထား​ပြီး​ ကွပ်ကဲ​ရေး​ ဌာနချုပ်မှာ လုံခြုံ​ရေး​တပ်ရင်း​ ၂ ရင်း​ ပါရှိတယ်လို့​ ဆိုပါတယ်။
ဒီ​ကေဘီ​အေဟာ ကရင်အမျိုး​သား​ အစည်း​အရုံး​နဲ့​ စစ်​ရေး​၊​ နိုင်ငံ​ရေး​ ပူး​ပေါင်း​ ဆောင်ရွက်သွား​မှာပါလို့​လည်း​ ဗိုလ်မှူး​ဆန်း​အောင်က ​ပြောပါတယ်။
သတင်းရင်းမြစ် - ဒီဗီဘီ

0 件のコメント:

コメントを投稿