Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/09/30

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံမည်

Wednesday, 28 September 2011,


အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ် အောင်ဆန်းစုကြည် တို့သည် စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ယခု တွေ့ဆုံမှုသည် ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ၁၂ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး အစိုးရသစ် လက်ထက်တွင် တတိယ အကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လည်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က သမ္မတအိမ်တော် ရုံးခန်း၌ တွေ့ဆုံ ထားသည်။ ထို့ပြင် သြဂုတ်လ ၂၀ ရက်နေ့က  နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်း အစီအစဉ်သို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်
၁၀။  ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် (အစိုးရသစ် လက်ထက်)
၁၁။၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
Copy from - news-eleven.com

0 件のコメント:

コメントを投稿