Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/03/12

အရှေ့ဂျပန် သဘာဝဘေးအန္တရယ် ကျရောက်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဖွယ် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲနှင့် ပညာပေး ဟောပြောပွဲ အခမ်းအနား(တိုကျို)



၂၀၁၂ ၊ မတ်လ(၁၁)ရက်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ လှုပ်ခတ်သွားသည့် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် (၁)နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဖွယ် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲနှင့် သဘာဝ ဘေးအန္တရယ် အသိပညာပေး ဟောပြောပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှကြီးမှူး၍ SHINJUKU KU, Ochiai Dai ichi Chiki Centerတွင် ယနေ့ နေ့လည် ၁ နာရီမှ ညနေ ၅း၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ငလျင်နှင့်ဆူနာမီဒဏ်ကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ကြသူများအား ရည်စူး၍ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာမှ ဘာသာရေးဆရာတို့မှ မိမိတို့၏ သက်ဆိုင်ရာ ဘာသာအသီးသီး အလိုက် ဆုတောင်းမေတ္တာပို့၊ အမျှဝေခြင်းများကို ပြုလုပ်ခဲ့ပါသည့်အပြင် ကောက်ခံ ပေးပို့လှူဒန်းခဲ့သည့် အလှူငွေများကို ရေစက်ချ အမျှဝေမှု ပြုလုပ်ခဲ့ပါသည်။
ယနေ့ကျင်းပသည့် အခမ်းသို့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသည့် ဂျပန် အထက်လွတ်တော် အမတ်များဖြစ်ကြသည့် Mr.AZUMA KONNO ၊ Ms.FUKUSHIMA MIZUHO ၊ Mr.SAKAGUCHI NOOTO တို့မှ ပေးပို့သည့် ဗီဒီယို ရုပ်သံသ၀ဏ်လွှာများကို ပြသခဲ့သည့်ပြင် ဂျပန်ရောက် မြန်မာများ ငလျင်ဒေသသို့ သွားရောက် လုပ်အား လှူဒန်းခဲ့ကြသည့် သတင်းဓါတ်ပုံနှင့် ရုပ်သံ မှတ်တမ်းများတို့ ပြသသွားပါသည်။
ငလျင်ကြီး လှုတ်ခဲ့သည့် ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ ၄၆မိနစ် မှစတင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူ အားလုံးမှ မတ်တပ်ရပ်ကာ မိမိကိုးကွယ်ရာ ဘာသာအလိုက် (၂)နှစ် ငြိမ်သက်စွာ ဆုတောင်းပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်ပြီး တိုကျို ဧရိယာတ၀ိုက်တွင် ငလျင် လှုပ်ဖွယ်ရှိသည် ဆိုသော ခန့်မှန်းချက်နှင့် ငလျင် ဘေးအန္တရယ်နှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်ထားရန်များကို ဦးကျော်ကျော်စိုးမှ ရှင်းလင်းခဲ့ပြီး သဘာဝဘေး၏ အကျိုးသက်ရောက်မှုနှင့် ဘေးသင့်ခဲ့ရသူများအား ထိတ်လန့်မှု လွန်မြောက်ကာလ စိတ်ပိုင်းဆိုင်ရာ ကူညီ ပံ့ပိုးမှု ဆိုင်ရာ အသိပညာများကို "တိုးဟိုးခု တက္ကသိုလ်" ကျောင်းမှ ဒေါတ်တာ စိုးရွှေမှ ဟောပြောခဲ့ကြပါသည်
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Moe Min Thu

0 件のコメント:

コメントを投稿