Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/03/14

အပစ်ရပ်ထားတဲ့ကြားက SSA တောင်ပိုင်းနယ်ထဲ အစိုးရတပ် ဝင်တိုက်

2012-03-13
အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ကြားက ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-South နယ်မြေတွေ အတွင်းမှာ အစိုးရတပ်တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တာ ၁၃ ကြိမ်ရှိသွားပြီလို့ SSA-တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
RFA
SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာလက SSA နှင့် မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့ ၆ ဖွဲ့တို့၏ ပထမဆုံး ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားသို့ ချီတက်လာကြသော တပ်ပေါင်းစုကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က SSA တောင်ပိုင်း ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းဘက်မှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အခုလို အစိုးရတပ်ဖွဲ့တွေရဲ့ စစ်ရေး ဖိအားပေးမှု များလာတဲ့အတွက် ကိုယ့်ကို တိုက်ခိုက်လာရင် ပြန်ပြီး ခုခံစစ်ဆင်နွှဲသွားဖို့ အောက်ခြေတပ်တွေကို ညွှန်ကြားထားကြောင်း ပြောပါတယ်။ SSA တောင်ပိုင်းးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပါတယ်။ သဘောတူခဲ့စဉ်က နယ်မြေဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ပါရှိပါတယ်။ 
copy rights_http://www.rfa.org/burmese/news/ssa-south-attacked-03132012101843.html

0 件のコメント:

コメントを投稿