Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/03/17

The Messenger News Journal နှင့် ELEVEN Media တို့မှ The Voice ဂျာနယ်နှင့် အတူ ရပ်တည် ရင်ဆိုင် သွားမည်ဟု ထုတ်ပြန် ကြေငြာ..

  The Messenger News Journal နှင့် ELEVEN Media တို့မှ The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင်သွားမည်ဟု ထုတ်ပြန် 
March 16, 2012
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါ ရေးသားချက်များနှင့် ပတ်သက်ပြီး မက်ဆေ့ဂျာ ဂျာနယ်နှင့် အလဲဗင်းမီဒီယာတို့က အပြင်းအထန် ကန့်ကွက်ပြီး ဗွိုက်ဂျာနယ်ဖက်မှ ရပ်တည်မည်ဖြစ်ကြောင်း သဘောထားများ ထုတ်ပြန် လိုက်သည်။
 ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။

 ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြ ခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ် ဘက်က ရပ်တည်သွားမယ်”ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။ The Messenger News Journal ၁၄ .၃.၂၀၁၂ နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ(၁၀) ပါ "The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်း ၀န်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ  စာစောင် ထုတ်ဝေသူနှင့် သတင်း ရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် " သတင်းနှင့်ပတ်သက်၍ The Messenger ဂျာနယ်၏ သဘောထား ထုတ်ပြန်ချက် ကြေးမုံသတင်းစာ၏ အဆိုပါ သတင်းဖေါ်ပြချက်သည် 
 (၁) စတုတ္ထမဏ္ဍိုင်အား တစ်ဖက်သက် ခြိမ်းခြောက်သည့် အသွင်ဆောင်နေခြင်း။ (၂) သတင်း အင်္ဂါရပ်နှင့် မညီညွှတ်သည့်အပြင် ပြည်တွင်းထုတ် သတင်း ဂျာနယ်များအား ဂုဏ်သိက္ခာ ညှိုးနွမ်း စေလိုသည့် ရည်ရွယ်ချက် ပါရှိနေခြင်း။ (၃) နိုင်ငံတော် သမ္မတကြီး၏ စတုတ္ထ မဏ္ဍိုင်အပေါ် အလေးအနက် ပြုမှုအပေါ် အသိအမှတ် မပြုရာ ရောက်ခြင်း။ စသည့်အချက်များ ပါဝင်နေခြင်းကြောင့် The Messenger News Journal မှပြင်းထန်စွာ ကန့်ကွက် လိုက်သည်။ ထို့အပြင်The Voice ဂျာနယ်၏ " ၀န်ကြီးဌာနအချို့၏ ကျပ်သိန်း ထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ " သတင်း ဖေါ်ပြချက်နှင့် ပတ်သက်၍ ကြုံတွေ့လာနိုင်သည့် အခြေအနေ အားလုံးကို The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင် သွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်များအား လေးနက်စွာ အသိပေး အပ်ပါသည်။
The-Voice-8-13 Copy from - demowaiyan

0 件のコメント:

コメントを投稿