Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/05/16

မြောက်ကိုရီးယားနှင့် နျူကလီးယားကိစ္စ ဦးသိန်းစိန် ငြင်းဆို

တောင်ကိုရီယား သမ္မတ လီမြောင်ဘတ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု photo by - Eleven Media Group
နိုင်ငံတကာက သံသယရှိနေသော မြန်မာနိုင်ငံသည် မြောက်ကိုရီးယား ထံမှ နျူကလီးယား စီမံကိန်းအပါအ၀င် စစ်ရေး အကူအညီ ရယူခြင်း မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ထပ်မံ ငြင်းဆိုလိုက်သည်။

ယမန်နေ့က တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောင် ဘက် နှင့် တွေ့ဆုံရာတွင် ဦးသိန်းစိန်က ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်က အမေရိကန် အပါအ၀င် နိုင်ငံတကာက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ထုတ်ဖော်ပြသခဲ့ရာ မြန်မာကလည်း ငြင်းဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်းသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာ၍ ဖမ်းဆီးထားသည့် တောင်ကိုရီးယားသို့ သွားရောက် မည့် မြောက်ကိုရီးယားမှ ဒုက္ခသည်ကိုလည်း ပြန်လွှတ်ပေးရန် ဦးသိန်းစိန် က ကတိပြုကြောင်း ကိုရီးယား သတင်းတွင် ဖော်ပြ ထား သည်။

ဧရာဝတီ သတင်းတို

0 件のコメント:

コメントを投稿