Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/06/26

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဓားပြများ သောင်းကျန်း

  
စံခလပူရီ (မဇ္ဈိမ) ။      ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တနင်္သာရီတိုင်း အထက်ပိုင်းရှိ ရေဖြူ မြို့နယ်တို့တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုနှင့် ရွာသူရွာသားများအား ရိုက်နှက် ဓားပြတိုက် မှုတို့ ဤရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည်။

မြဝတီမြို့တွင် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီခွဲခန့်က မြို့လယ်ရှိ “အင်ပါယာ” ရွှေဆိုင်အား အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် လုယက် ဓါးမြ တိုက်ခဲ့သည်။ ရွှေချိန် ၂ ပိဿာ ကျော်နှင့် မြန်မာငွေ သိန်း ၃ဝဝ ခန့် အလုအယက် ခံခဲ့ရကြောင်း ရွှေဆိုင်ပိုင်နှင့် ရင်းနှီးသည့် လုပ်ငန်းရှင် တဦးက ပြောသည်။

“ဟွန်ဒါကား ခဲရောင်နဲ့ မှန်တွေမှာ စတေကာ အမဲ တပ်ထားတဲ့ ကားနဲ့လာတယ်။ ဓါးမြ သုံးဦးက ကားပေါ်က ခုန်ဆင်း လာပြီး သေနတ် သုံးချက် ဖောက်ပြီး ဆိုင်ထဲကို ဝင်လာတယ်။ မျက်နှာဖုံးတွေ လက်အိတ်တွေ တပ်ထားတွေ တပ်ထားတော့ ရုပ်ကို မမြင်ရဘူး။ ပိုက်ဆံအိတ်ထဲမှာ ကျပ်သိန်းသုံးရာ ထည့်ထားတာ လုယူသွားတယ်။
ရွှေတွေကိုတော့ ယူလို့ ရသလောက် ကြုံးယူ သွားတယ်။ ဖြစ်စဉ်က ငါးမိနစ် လောက်တောင် မကြာဘူး။ နောက်ပြီး ကားနဲ့ ပြန်မောင်း ထွက်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။


အခင်း ဖြစ်ပွားချိန်၌ ရွှေဆိုင်တွင်းတွင် ဆိုင်ပိုင်ရှင်၏ သမီး တဦးနှင့် အကူ ဝန်ထမ်း နှစ်ဦးတို့ တာဝန်ယူ ရောင်းချနေလျက် ရှိသည်။ ဆိုင်ရှင် ဦးမင်းအုန်းဖေ၊ ဇနီး ဒေါ်မိ အေးကြည်၊ သမီးနှင့် အကူဝန်ထမ်း နှစ်ဦး တို့အား တနင်္လာနေ့ နံနက်၌ သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ယူကာ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ဒီလမ်းက ကားတွေ၊ ဆိုင်ကယ်၊ ဆိုက်ကား အရမ်းရှုပ်တဲ့ လမ်းဖြစ်တယ်။ သေနတ်သံ ကြားတော့ လူတွေက ရုတ်ရုတ် သဲသဲ ဖြစ်ပြီး ထွက်ပြေး ကြတာပေါ့။ ပြီးတော့မှ ရွှေဆိုင်ကို ဓားမြ တိုက်တယ်လို့ သိရတယ်။ အခင်း
ဖြစ်ပြီးနောက် သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးနဲ့ ရဲတွေ တာဝန်ရှိသူတွေ လာရောက်ပြီး ဓါတ်ပုံမှတ်တမ်းတင်ပြီး စစ်ဆေး မေးမြန်း သွားတယ်” ဟု မြဝတီမြို့ခံ တဦးဖြစ်သူ ကိုလေး က ပြောသည်။

ဓါးမြများမှာ AK 47 နှင့် M 16 လက်နက်များ ကိုင်ဆောင်ခဲ့သည်ဟု သိရှိရသည်။ “အင်ပါယာ” ရွှေဆိုင်သည် နယ်မြေခံ ရဲစခန်းနှင့် ကိုက် ၂ဝဝ ကျော်ကျော် ကွာဝေးကြောင်း မြဝတီ မြို့ခံမှ ပြောသည်။

ဓါးမြတိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို သက်ဆိုင်ရာ ရဲစခန်းမှ ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

ထို့ပြင် ဇွန်လ ၂၂ ရက်နေ့ ညကလည်း မွန်လက်နက်ကိုင်အဖွဲ့တဖွဲ့က ရွာသားများကို ရိုက်နှက်ကာ ဓားပြတိုက် သည့် ဖြစ်ရပ်တခု တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ ရေငန်ကြီး ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

ကြိုးတုပ် ရိုက်နှက်ခံရသူ ဆယ်ဦးကျော်တွင် ခြောက်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ရွာသားများထံမှ ရွှေ ၁၂ ကျပ်သားနှင့် ကျပ်ငွေ အချို့လည်း ရယူသွားခဲ့ကြောင်း ရေငန်ကြီး ကျေးရွာမှ ရွာသားတဦးက ပြောသည်။

“အဲဒီ ခြောက်ယောက်က ထမင်းစားလို့တောင် မရဘူး” ဟု ရွာသားတဦးက ပြောသည်။ ဒဏ်ရာ ပြင်းထန်သူများမှာ အသက် ၄ဝ နှင့် ၆ဝ ဝန်းကျင်အတွင်းရှိ နိုင်ပီး + မိရှီး၊ နိုင်ဆန်း + မိပုနှင့် နိုင်လန်ဘား + မိကွန်းစိုးတို့ လင်မယား စုံတွဲများ ဖြစ်ကြသည်။

အိမ်ခြေ ၅ဝ ခန့် ရှိသည့် ရေငန်ကြီးရွာသည် ရေး-ထားဝယ် မီးရထားလမ်းပေါ်တွင် ရှိပြီး ရေး-ထားဝယ် မော်တော် ကားလမ်းပေါ်ရှိ ရားဖူးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်တွင် ရှိသည်။ ဓားပြတိုက် လက်နက်ကိုင်များက တအိမ်ရွှေတကျပ်သား တောင်းခံထားရာမှ ကျေးရွာဥက္ကဋ္ဌက အသနားခံ ဝင်ရောက် ညှိနှိုင်းမှုကြောင့် ရွှေ ၁၂ ကျပ်သားနှင့် ပြေလည်ခဲ့သည်ဟု သိရသည်။

တနင်္သာရီတိုင်း မြောက်ပိုင်းနှင့် မွန်ပြည်နယ် တောင်ပိုင်းတွင် နိုင်ချမ်းဒိန်း ဦးဆောင်သည့် အဖွဲ့နှင့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ လက်နက်ချခဲ့သည့် နိုင်ဗင် ဦးဆောင်သည့် မွန်လက်နက်ကိုင် အဖွဲ့တို့ လှုပ်ရှားနေပြီး မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို မသိရှိကြကြောင်း ရွာသားများက ပြောသည်။

“သူတို့အဖွဲ့မှာ ခြောက်ယောက် လောက်ပဲ ပါတယ်။ ကျနော်တို့လည်း သူတို့ကို မကြည့်ရဲလို့ ဘယ်အဖွဲ့ကလဲဆိုတာ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး” ဟု ရိုက်နှက်ခံရသည့် ရွာသားတဦးက ပြောသည်။

ထိုသို့ ဓားပြတိုက် ငွေကြေးတောင်းခံမှုကြောင့် မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့သည်ဆိုပြီး ဇွန်လ ၂၃ ရက်နေ့ တွင် ရေငန်ကြီးရွာ၏ တောင်ဘက် ၅ မိုင်ခန့် ကွာဝေးသည့် မင်းသားရွာရှိ အစိုးရတပ် ခမရ ၂၈၂ မှ နယ်လှည့် ကင်းတပ်ဖွဲ့က ရေငန်ကြီး ရွာသားများကို ခေါ်ယူကာ မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ခဲ့သည့် အတိုင်း ၎င်းတို့ကို လည်း ပေးဆောင်ရန် ငွေကြေးတောင်းခံထားကြောင်း ရွာသားများက ပြောသည်။

“ကျမတို့မှာ ပေးစရာကို မရှိတော့ဘူး။ အခုက ပေးနိုင်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သားသမီးတွေဆီကနေ ပိုက်ဆံတွေ လိုက်တောင်းနေရတယ်။ ရွာကနေ ရှောင်ပြေးတဲ့ လူတွေလည်း ရှောင်ပြေးနေကြပြီ” ဟု ရေငန်ကြီး ကျေးရွာသူ တဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဓားပြတိုက် လက်နက်ကိုင်အဖွဲ့မှာ လက်နက်ချ နိုင်ဗင်အဖွဲ့မှ လက်ကျန်များ
ဖြစ်သည့် ချမ်းသာနှင့် အလွန် အုပ်စုတို့ ဖြစ်ပြီး၊ မကြာမီ နိုင်ဗင်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ဓားပြတိုက်ကာ ငွေကြေး စုဆောင်းနေခြင်း ဖြစ်သည်ဟု သိရသည်။

ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိ ဒေသခံများမှာ အစိုးရတပ်များနှင့် ၎င်းတို့ တပ်ဖွဲ့ကြောင့် ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရကြောင်း ဒေသခံများကပြောသည်။
copy rights_http://www.mizzimaburmese.com/news

0 件のコメント:

コメントを投稿