Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/06/04

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ဂျပန်အစိုးရပေးအပ်

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဂျပန်နိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း ပေးအပ် လိုက်သည်ဟု ပြည်ပ သတင်းဌာနများမှ သိရသည်။
WFP ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ ပေးအပ်သော လှူဒါန်းငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ရရှိသော အလှူငွေကို WFP ၏ ရန်ကုန်ရုံး၌ ပြုလုပ်သော လတ်မှတ် ရေးထိုးပွဲတစ်ခု၌ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။
''ဂျပန်ရဲ့အကူအညီက ရက်ရောသလို အချိန်လည်း ကွက်တိပါပဲ။ မြန်မာ့သမိုင်းရဲ့ အရေးပါတဲ့ အချိန်မှာ WFP ဟာ ငတ်မွတ် ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်
နေပါတယ်။ ဂျပန်လို အလှူရှင်နိုင်ငံနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ တကယ်ကွဲပြားမှု ရှိအောင် လုပ်နိုင်ပါပြီ'' ဟု WFP ၏ Country Director ကားလို့စ်ဗီလိုဆိုက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံမှ လှူဒါန်းငွေများကို လူပေါင်း ၃၅၀၀၀ အတွက် အစားအစာနှင့် အာဟာရ ထောက်ပံ့ပေးမည့် အစီအစဉ်အတွက် အသုံးပြုသွားမည်ဟု ဆိုသည်။
''ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်လူမျိုးတွေက WFP ကနေတစ်ဆင့် မြန်မာနိုင်ငံကို ကူညီဖို့ ကတိက၀တ် ရှိပြီးသားပါ။ မြန်မာနိုင်ငံဟာလည်း ဂျပန်လိုပဲ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေ မြင့်ပြီး ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို ခံရလွယ်ကူတာကြောင့် ဘာတွေ လိုအပ်လဲ၊ ဘယ်လို ထိထိ ရောက်ရောက် တုံ့ပြန်နိုင်မလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအကူအညီဟာ မြန်မာအစိုးရရဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအပေါ် စိတ်အားထက်သန်မှုကို အထောက်အပံ့ ဖြစ်စေမယ်လို့လည်း မျှော်လင့်ပါတယ်'' ဟု ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ကိုယ်စားလှယ် အကြီးအကဲက ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း WFP သို့ ဂျပန်နိုင်ငံမှ လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာ ၁၄၀ သန်းရှိသွားပြီဖြစ်သည်ဟု သိရသည်။
Copy from - thespiritfruit

0 件のコメント:

コメントを投稿