Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/06/21

တနိုင်းမြို့ရှိ ၆ မိုင်တံတားကျိုးကျပျက်စီး မှုကြောင့် ဒေသခံများ သွားလာရန်ခက်ခဲ    


20 June 2012  By KNG    

တနိုင်းမြို့အနီး ဂွေတောင်ချောင်း ၆မိုင်တံတားသည်  ဘိလပ်မြေတင် ဆောင်လာသော ဆယ်ဘီးကားကြီးဖြတ်သန်းစဉ်တွင် တံတားကျိုးကျပျက်စီးသွားခဲ့ရာ ဒေသခံများ သွားလာရေးအခက်ခဲဖြစ်နေကြသည်။

၎င်းတံတားသည် မေလ ၃၀ ရက်နေ့က ဘိလပ်မြေတင်ဆောင်လာ သော ဆယ်ဘီးကား ဖြတ်စဉ်တွင် ပျက်စီးသွားခဲ့ပြီး ကားနှင့်အတူ ကျိုးကျသွား ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

တံတားအသစ်ပြုပြင်ဆောက်လုပ်နိုင်ရန်အတွက် တနိုင်းမြို့နယ်အာဏာပိုင်များက ကားပိုင်ရှင် ဦးအေးသိန်းဆိုသူအား ဒဏ်ငွေအဖြစ် သိန်း ၂၀၀ ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံများပြောသည်။

ဒေသခံများသည် တံတားမရှိသောကြောင့် သွားလာရန်အခက်ခဲဖြစ်နေသော်လည်း တံတားကိုမူ  ယခုချိန်ထိ ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိသေးပဲ နွေရာသီ၌ သွားလာနိုင်ရန် ယာယီတံတားကိုသာ စီစဉ်ပေးခဲ့ကြောင်း တနိုင်း ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။

“အဲဒီ နွေရာသီတံတားလည်း ချောင်းရေကြီးပြီး ယခုချိန်မှာ ပြန်ပျက်စီး သွားခဲ့ပါပြီ။  စစ်အစိုးရ ခေတ်အဆက်ဆက်ကတည်းက ပြန်လည် ပြုပြင်တည် ဆောက်ခြင်း မလုပ်ခဲ့တဲ့ ဟောင်းပြီးဆွေးနေတဲ့ တံတားတွေကို အခုလိုကျိုး ပျက်သွားရင် တရားခံရှာပြီး ခြိမ်းခြောက်တယ်။ ဒဏ်ငွေတွေ တောင်းယူတာတွေ အကြိမ်ကြိမ် ရှိခဲ့ပေမယ့် ခိုင်ခန့်တဲ့တံတားတွေ ယနေ့ထိတိုင် ပြန်ဆောက် ပေးတာမရှိသေးဘူး” ဟုပြောသည်။

မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးပေါ်တွင် ဆောက်လုပ်ထားသည့် တံတားများသည် ဒုတိယကမ္ဘာစစ် အင်္ဂလိပ်ကိုလိုနီခေတ်က တည်ဆောက်ထားသည့် သက်တမ်း ကုန်ဆုံးပြီဖြစ်သော တံတားများဖြစ်ကြောင်း ဒေသခံများပြောသည်။

ဇွန်လ ၁၆ ရက်နေ့က လီဒိုလမ်းမပေါ်ရှိ နောင်းမှီကျေးရွာအနီး ရဲဘက်စခန်းတွင် လုံခြုံရေးမိုင်းနင်းမိပြီး ပြည်သူများထိခိုက်ဒဏ်ရာရခဲ့ရာ အာဏာပိုင်များသည် ခရီးသည်များကို ခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုများလည်းပြုလုပ်လာပြီး လမ်းများပိတ်ထားသည်။

ဇွန်လ ၁၇ ရက်နေ့မှစ၍   မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးကို နမ္မတီးမြို့အထက် မရန်ကထောင်ကျေးရွာမှ တနိုင်းမြို့ စုပေါင်းဂိတ်အထိ တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒ.က.စ အမိန့်အရ ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများပြောသည်။

ယခုလိုလမ်းကြောင်းပိတ်ထားလိုက်ခြင်းသည်လည်း လျော်ကြေးတောင်းယူထားပြီး ပြန်မဆောက်ပေးနိုင်သေးသည့် ဂွေတောင်ချောင်း ၆မိုင်တံတားကို မိုးရာသီတွင်း ဖြတ်သန်းသွားလာနိုင်ရန် စက်လှေတစ်စီး အလောတကြီး စီစဉ်နေခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများ သုံးသပ်နေကြသည်။

ယခုချိန်တွင် ဒေသတွင်း ရာနှင်ချီသော စီးပွားရေးကုန်သည်များနှင့် ပြည်လူထုများသည်  သွားလာရေးခက်ခဲမှုနှင့် လုံခြုံရေးစိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများပြောသည်။
copy rights_http://kachinnews.com/burmese/news

0 件のコメント:

コメントを投稿