Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/06/08

ဆန္ဒပြပွဲများကြောင့် သမ္မတကြီး ထိုင်းခရီးစဉ်ဖျက်ရ ဟုဆို

 
နယူးဒေလီ (မဇ္ဈိမ) ။       ။ သမ္မတ ဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ရခြင်းမှာ ထိုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် အလုပ်သမား အခွင့်အရေး၊ လျှပ်စစ်မီး အလုံအလောက် ရရှိရေး ဆန္ဒပြပွဲများအား အေးချမ်းစွာဖြေရှင်းပေးနိုင်ရန်အတွက် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ဆန္ဒဖော်ထုတ်မှုများကို အေးချမ်းစွာ ဖြေရှင်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အာဏာပိုင်များ၏ ဆောင်ရွက်နေမှု များကို အနီးကပ် ကြီးကြပ် လမ်းညွှန်မှု ပေးနိုင်ရန်အတွက် ပြည်တွင်း၌ ရှိနေရန် လိုအပ်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်း ရခြင်း ဖြစ်ပါကြောင်း” နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဇွန်လ ၅ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား တယ်လီဖုန်းဖြင့် ဖြေကြားအကြောင်းပြန်ခဲ့သည်ဟု ဇွန်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သမ္မတသည် ထိုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ခရီးစဉ် နှစ်ကြိမ် ပယ်ဖျက်ခဲ့ရသည်။ ပထမ အကြိမ်မှာ မေလ ၃ဝ ရက်နေ့ တွင် သွားရောက်ရန်ဖြစ်ပြီး ရွှေ့ဆိုင်းလိုက်ကာ ဇွန်လ ၄ ရက်တွင် အလည်အပတ် သွားရောက်ရန် စီစဉ်ထားသော် လည်း ထပ်မံရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။

သို့သော် ထိုင်းခရီးစဉ်ကို နှစ်ဖက် အဆင်ပြေချိန် ညှိနှိုင်းပြီး သွားရောက်နိုင်ရေးအတွက် စီစဉ်သွားမည်ဟု ဦးဝဏ္ဏမောင်လွင် က ပြောသည်။

0 件のコメント:

コメントを投稿