Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/15

ပြည်တွင်းမီဒီယာများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ဖော်ပြရန် စီစဉ်


ပြည်သူ့ခေတ် ဂျာနယ်နှင့် ဗီးနပ်စ် ဂျာနယ်တို့က “တွေ့ဆုံမေးမြန်းခန်း” ထည့်သွင်းဖော်ပြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံကြောင်း သတင်းရရှိသည်။

journals-dec-14-2010အဆိုပါဂျာနယ် နှစ်စောင်အား ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၃၀ ခန့် တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့ကြောင်း၊ ဂျာနယ် အတော်များများလည်း တွေ့ဆုံခွင့် တောင်းထားကြောင်း NLD ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

“ဂျာနယ်မှာ ထည့်ဖို့ အင်တာဗျူး တောင်းတာပါ။ သူတို့ တွေ့ခွင့် တောင်းထားတာ ကြာပါပြီ။ ဒီစာစောင် ၂ စောင်ကို အခု စတွေ့တာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်၊၊

ပြည်တွင်းပြည်ပမှ မီဒီယာများသည် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီကတည်းကပင် ၎င်း၏ နေအိမ်ရှေ့နှင့် NLD အဖွဲ့ချုပ်ရုံးရှေ့တွင် ရာဂဏန်းခန့် စုရုံးကာ သတင်းယူရန် စောင့်စားခဲ့ကြသည်။
ပြည်တွင်းထုတ် ဂျာနယ်များဖြစ်သည့်  Weekly Eleven ၊ The Voice ၊ 7 Day News ၊ Flower News ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်သတင်းကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည့်အတွက် ရောင်းအားကောင်းခဲ့သည့် အပြင် မိတ္တူကူးထားသည့် ဒေါ်အောင်ဆန်းစုကြည် ပုံပါ ဂျာနယ်စာရွက်တရွက်လျှင် ၁၀၀ ကျပ်ဖြင့် ရောင်းချရသည်အထိ ရှိခဲ့ကြောင်း သိရသည်။

ယခု သွားရောက်တွေ့ဆုံမေးမြန်းသည့် ပြည်သူ့ခေတ်ဂျာနယ်နှင့် ဗီးနပ်စ်ဂျာနယ် အပါအ၀င် The Voice ၊ 7 Day News ၊  မြန်မာပို့စ်၊ လျှပ်တပြက်၊ Myanmar Newsweek တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် သတင်းကို ဖော်ပြရာတွင် သတ်မှတ်ထားသည့် ဓာတ်ပုံအတိုင်းအတာထက် ပိုမိုကြီးမားစွာ ဖော်ပြခဲ့သောကြောင့် ၁ ပတ် ထုတ်ဝေခွင့် အပိတ်ခံခဲ့ရသည်။

နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်းနှင့် အားကစား ဂျာနယ်များကို အပတ်စဉ်ထုတ်ဝေနေသော Eleven မီဒီယာပိုင် First Eleven  အားကစားစာစောင် မျက်နှာဖုံးတွင် ဆေးရောင် အနုအရင့်ကို အသုံးပြုပြီး “စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့” ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်စာသားကို ဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေးက ၂ ပတ်ထုတ်ဝေခွင့် ပိတ်ခဲ့သည်။

ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်က “အခု အင်တာဗျူးကို စာပေစိစစ်ရေး တင်ကြည့်ရမှာပဲ။ ခွင့်ပြုမပြုတော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများနှင့် ပတ်သက်၍ မိမိတို့ ဂျာနယ်တွင် ဖော်ပြသင့်သည်ဟု ထင်သည့်အတွက် ယခုကဲ့သို့ တွေဆုံမေးမြန်းခြင်း ဖြစ်ကြောင်း၊ စီးပွားရေးအကျိုးအမြတ် သက်သက် မဟုတ်ပါကြောင်း၊ စာပေစိစစ်ရေးနှင့် ပတ်သက်၍လည်း ယခင်က ဒေါ်အောင်ဆန်းစုကြည် သတင်းတချို့ကို ဖော်ပြခွင့် ပေးခဲ့သည့်အတွက် ယခုလည်း ဖော်ပြခွင့် ပေးမည်ဟု ယုံကြည်ပြီး တွေ့ဆုံမေးမြန်းခန်းကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆရာဖေမြင့်က ရှင်းပြသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တခြားသော ပါတီများ အကြောင်းကို ဂျာနယ်များတွင် အချိန်ကာလကြာမြင့်စွာ ဖော်ပြခွင့် ပြုခဲသော်လည်း ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ပတ်သက်၍ လွတ်မြောက်လာစဉ်က တကြိမ်၊ သားအငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ်ကတကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ဖော်ပြခွင့်ပေးခဲ့ကြောင်း တွေ့ရသည်။

ရွေးကောက်ပွဲပြီးလျှင် စာပေနှင့် သတင်းလွတ်လပ်ခွင့် အတိုင်းအတာတခုအထိ ရှိမည်ဟု ထင်မြင်နေကြသော်လည်း ယခုအချိန်အထိ တင်းကျပ်နေဆဲဖြစ်ပြီး စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း စာပေနှင့် စာနယ်ဇင်းအသိုင်းအဝိုင်းက ပြောသည်။

သတင်းရင်းမြစ် ဧရာဝတီ

0 件のコメント:

コメントを投稿