Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/23

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆှိုဆန္ဒပြပွဲ (တိုကျို)


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်။

နအဖ စစ်အုပ်စု၏ တရားဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲနှင့် မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဒီဇင်ဘာလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသား ခေါင်းဆောင်များ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် မတရား အဖမ်းဆီးခံကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ် လာခဲ့တာဖြစ်ပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

0 件のコメント:

コメントを投稿