Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/21

လူထုအခြေပြု အဖွဲ့များ၏ လိုအပ်ချက် ဒေါ်အောင်ဆန်းစုကြည် ကူညီနိုင်မည် မျှော်လင့်


ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူထုအခြေပြု လူမှုရေး အဖွဲ့အစည်း (Community Based Organization - CBO) များ၏ လိုအပ်ချက်များကို ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းအဖွဲ့အစည်းများမှ လူငယ်များက ပြောသည်။

ကမ္ဘာ့ AIDS နေ့က NLD ရုံးချုပ်တွင် ဝေဒနာရှင်ကလေးများကြားတွင် ဒေါ်အောင်ဆန်းစုကြည် ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - Getty Images)
ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များ ဦးဆောင် ပါဝင်သည့် လူမှုရေး အဖွဲ့ အစည်းများနှင့် မကြာမီ တွေ့ဆုံ သွား လိမ့်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင် တဦးဖြစ်သည့် ဦးအုံးကြိုင်က ဆိုသည်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း မြို့နယ်တွင် ဖွဲ့စည်းထားသည့် The Green One သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ကိုပြည့်စုံထက်က “ဒေါ်အောင်ဆန်းစုကြည် လွတ်လာ ပြီးနောက် လူမှုရေးနဲ့ နိုင်ငံရေး ခွဲခြားလို့မရဘူး၊ အဖွဲ့ချုပ် သည်လည်း လူမှုရေး လုပ်ငန်းတွေကို ဆက်ပြီး အရှိန်မြှင့် လုပ်ကိုင်သွားမယ် ဆိုပြီး ပြောလာတော့ ကျနော်တို့ အဖွဲ့အနေနဲ့ အားတက်မိ တာပေါ့။ နောက်ပိုင်း မှာ ကျနော်တို့ အဖွဲ့အနေနဲ့ သူတို့နဲ့ ချိတ်ဆက်ပြီး လုပ်ရမှာ တွေလည်း ရှိကောင်း ရှိလာ နိုင်တယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။

The Green One အဖွဲ့ကို နာဂစ်ဆိုင်ကလုန်း မုန်တိုင်းပြီးနောက် ဖွဲ့စည်းခဲ့ပြီး ဧရာဝတီတိုင်း အတွင်း သူငယ် တန်း မှ ကိုးတန်းအထိ ကျောင်းသားများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာ ပေးမှု များ ပြုလုပ်နေကြောင်း သိရသည်။

“Sunday Talk ဆိုပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူငယ်စကားဝိုင်းလေးတွေ ကျောင်းတွေမှာ ကျနော် တို့လုပ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေလည်း ခံရတော့ ဒါတွေကိုလည်း ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးတိုင်ပင်သွားချင်ပါတယ်” ဟု ကိုပြည့်စုံထက်က ပြောသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် လှည့်လည်ပညာသင်ကြားရေးနှင့် သင်ထောက်ကူပစ္စည်း လှူဒါန်းရေး ဆောင်ရွက်ပေးနေသည့် New Myanmar အဖွဲ့မှ မမြနန္ဒာက “စဖွဲ့စက ပြည်ပရောက် သူငယ် ချင်း တွေရဲ့ လှူဒါန်းငွေနဲ့ စဖြစ်ခဲ့တာပါ။ အခုနောက်ပိုင်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွေက လည်း များလာတယ်။ ဒီအတွက် အလှူငွေတွေလည်း ပိုလိုလာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရင် ဒီ အခက်အခဲတွေကို ပြောပြမယ်” ဟု ဆိုသည်။

မိဘမဲ့ကလေးများ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးနေသည့် Voluntry Intermship Program အဖွဲ့မှ ကိုတင့်ဇော်သန်းက “ကျနော်တို့မှာ နေရာ၊ ရန်ပုံငွေ၊ သင်ထောက်ကူပစ္စည်းတွေ လိုတယ်ဗျာ။ နောက်ပြီး ဒီမှာက အဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ကလည်း မရှိသေးတော့ အခက်အခဲတွေ အများကြီး ကြုံ ရတယ်။  ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ပြောပြပြီး ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားကြ နိုင်မလဲဆိုတဲ့ အကြံဉာဏ်တွေ ရနိုင်မယ်ထင်တယ်” ဟု ပြောသည်။

မြန်မာပြည်တွင် NGO ပေါင်း ၆၄ ခုနှင့် တရားဝင် အသိအမှတ်ပြုထားသော လူထုအခြေပြု လူမှုအထောက် အကူပြုအဖွဲ့ ၄၅၅ ဖွဲ့ရှိကြောင်း သိရသည်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီး လူမှုကူညီရေး အသင်းအဖွဲ့များစွာ ပေါ်ပေါက်ခဲ့ရာ ယခုအခါ တရားဝင် NGO အဆင့် မရောက်ရှိသေးသည့် လူထုအခြေပြု လူမှုရေးအသင်းအဖွဲ့ များစွာရှိနေပြီး ထိုအဖွဲ့ များသည် INGO များ၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်သံရုံးများတွင် ငွေကြေးထောက်ပံ့ရေး သဘော တူညီ ချက် များ ရယူခြင်း၊ ဈေးပွဲတော်များ ကျင်းပ၍ ရန်ပုံငွေရှာခြင်း၊ ပြည်ပရောက် မြန်မာများ၏ လှူဒါန်းငွေများ လက်ခံခြင်းတို့ဖြင့် ရပ်တည်နေကြခြင်းဖြစ်ကြောင်း သိရသည်။
 ဧရာဝတီ မှ တဆင့် ကူးယူဖော်ပြသည်။

0 件のコメント:

コメントを投稿