Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/04

တပ်မတော်ကို စစ်အုပ်စု လက်ကိုင်တုတ် မလုပ်ရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
03 December 2010

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်ပါဝင်ခဲ့ပြီး ယနေ့တိုင်သက်ရှိထင်ရှားရှိသူ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးချုပ် ကျော် ဇောက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းတို့ တည်ထောင်ခဲ့သည့် တပ်မတော်ကို ပြည်သူ့တပ်မတော်အဖြစ် မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၃ ရက်နေ့၌ ကျရောက်သည့် သူ၏ ၉၁ နှစ်မြောက်မွေးနေ့အတွက် ပေးပို့သောသ၀ဏ်လွာတွင် ထိုသို့ တိုက် တွန်းထားခြင်းဖြစ်ပြီး လက်ရှိ တပ်မတော်အပေါ် အချက်နှစ်ချက် ပန်ကြားထားသည်။

“ရဲဘော်တို့တပ်မတော်သားတွေဟာ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ အခြေခံစိတ်ဓါတ်အောက်မှာ ရှေ့တိုက်ပွဲ များအတွင်း ပြည်သူ့ဘက်က ရပ်တည်ကြပါ ပြည်သူကို ရန်သူလိုသဘောမထားဖို့ တောင်းပန်ပါရစေ ”

“စစ်အုပ်စုရဲ့လက်ကိုင်တုတ် ၊ လက်မရွံ့ကြေးစား ၊ တပ်သားများအဖြစ်မှ ရဲဘော်တို့ ရုန်းထွက်ကြပါ ကျွန်တော်အခု အ သက် ၉၀ ကျော်ပါပြီ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ကျွန်တော်တို့ မျိုးဆက် တည်ထောင်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးကို ပြည်သူ့တပ်မတော်ကြီးအဖြစ် ကျွန်တော်မသေခင် ပြန်လည်မြင်တွေ့ပါရစေ” ဟု ပန်ကြားလိုက်ခြင်း ဖြစ်သည်။

သူ၏ မွေးနေ့မင်္ဂလာ အခါသမယအတွက် ကဗျာဆရာ မောင်စွမ်းရည်နှင့် ငြိမ်းချမ်းသူက ဂုဏ်ပြုကဗျာများ ပေးပို့ထားပြီး မိသားစုဝင်များက တရုတ်နယ်စပ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းကျွေး ကောင်းမှုကုသိုလ် ပြုလုပ်ကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ် ကျော်ဇောအား အဖဦးပန်း အမိဒေါ်တင့်တို့မှ ဒီဇင်ဘာ ၃ ရက်နေ့ ၁၉၁၉ ခုနှစ်တွင် သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယ မြောက်သားဖြစ်သည်။

၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကွန်မင်တန် တရုတ်ဖြူတပ်များ ကျူးကျော်ဝင်ရောက်မှု့ကို တွန်းလှန် တိုက်ခိုက် သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ သူကိုယ်တိုင် ဦးဆောင်ခဲ့သည်။

၁၉၅ရခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက် ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ ယခု အခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။
သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿