Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/16

ဒု-ပင်လုံညီလာခံ၊ ဒေါ်စုနှင့်အပြန် အလှန်မေးဖြေ


ဒေါ်အောင်ဆန်းစုကြည် ( ဓါတ်ပုံ- www.rfa.org/burmese )
15 December 2010

သျှမ်းတေးသံရှင် ဆခဟဟာ တော်လှန်ရေးသမား တယောက်ဖြစ်သလို လက်ရှိမှာ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ လက်ထောက် အယ်ဒီတာလဲဖြစ်ပါတယ်။ သူ့ရဲ့ ဒေါ်စုလွတ်လပ်မှုသင်္ကေတ ဆိုတဲ့သီချင်းကို ဒီရက်ပိုင်းမှာ RFA ကနေ မကြာခဏ ထုတ်လွှင့် ပေးတာ သောတရှင်များ မှတ်မိကြမှာပါ။


ဒေါ်စုအတွက် သျှမ်းတော်လှန်ရေးသမားတယောက်ရဲ့မေးခွန်းက ဒီလိုပါ။

မေး။ ။ လေးစားအပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော်တို့ မေးချင်တာက ဒေါ်စုပြောတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျနော်တို့ တိုင်းရင်းသား တွေကလဲ အားလုံးဝိုင်းပြီး ကြိုဆို ထောက်ခံကြတယ်။ မျှော်လင့်ကြတယ်။ ဒါကြောင့် (၁) ၂၁ ရာစုပင်လုံ ညီလာခံ စီစဉ်နေတာ ဒေါ်စုအဖို့ ဘာအဓိက အခက်အခဲတွေ ရှိမယ်ထင်သလဲ၊ (၂) ကျနော်တို့ သျှမ်းသံတော်ဆင့် သတင်းစဉ် Shan Herald and Agency for News အပါအ၀င် ပြည်ပတိုင်းရင်းသား မီဒီယာတွေက ဘာတွေ ဘယ်လို ကူညီနိုင်မလဲ။ ဘယ်လို ပံ့ပိုး သင့်တယ် လို့ထင်လဲ။ (၃) လက်နက်ကိုင် အပစ်ရပ် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ဘယ်လို ထည့်သွင်း စဉ်းစားမလဲ။ ဘယ်လို ဆက်စပ်မှု ရှိနိုင်မလဲ။ အဲဒါတွေကို သိချင်မေးချင်ပါတယ်။

ဖြေ။ ။၂၁ ရာစုပင်လုံညီလာခံကို တိုင်းရင်သားတွေက ကြိုဆိုကြတယ်။ ထောက်ခံကြတယ်။ ၀ိုင်းဝန်းပံ့ပိုး ချင်ကြတယ် ဆိုတာ ကြားရတော့ အင်မတန်မှ အားတက်ရပါတယ်။ ၂၁ ရာစု ဒုတိယပင်လုံ ညီလာခံ/ ဒုတိယပင်လုံ ကိုစီစဉ်ရာမှာ အကြီးမားဆုံး အခက် အခဲကတော့ နားလည်မှု လွဲမှားနေကြခြင်း ဖြစ်ပါတယ်။ဒုတိယ ပင်လုံညီလာခံ ကိုဦးတည်တာဟာ ထိပ်တိုက် ရင်ဆိုင်မှု လမ်းစဉ် ဖြစ်လို့ အင်မတန် အန္တရာယ်များတယ်လို့ ထင်နေတဲ့လူတွေ လည်းရှိပါတယ်။ ကျမတို့ရဲ့ရည်ရွယ်ချက်က အမျိုးသား ရင်ကြားစေ့ရေး ၊ ပြည်တွင်း ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့  ပြည်ထောင်စု သဘောတရားတွေကို အသေအချာ နားလည်ပြီး ပြည်ထောင်စု စိတ်ဓါတ်တွေ ခိုင်မာသန်စွမ်းစေဖို့ ဘဲဖြစ်ပါတယ်။


ဒီနားလည်မှု လွဲမှားခြင်းဆိုတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့ သျှမ်းသံတော်ဆင့် အပါအ၀င်မီဒီယာ အဖွဲ့တွေက အများ ပြည်သူ နားလည်အောင် ၀ိုင်းဝန်း ရှင်းလင်း ပေးမယ်ဆိုရင်တော့ ကျမတို့အတွက် အများကြီး အထောက်အကူပေးမှာပါ။ ကျမတို့ဟာ တိုင်းရင်းသား အားလုံးကိုပြည်ထောင်စုသားတွေ အဖြစ် ခိုင်ခိုင်မာမာ ရပ်တည် စေချင်တာမို့ လက်နက်ကိုင် အပစ်ရပ် တွေကိုလည်း ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်အောင် ယုံယုံကြည်ကြည်နဲ့ ပါဝင် ကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဒါကတော့ သျှမ်းတော်လှန်ရေးသမားတယောက်ရဲ့မေးခွန်းတွေကို ဒေါ်စုဖြေကြားသွားတာပါ။

------------------------------
ထိုင်းနယ်စပ် တနေရာမှာ နေထိုင်တဲ့ ပလောင်တော်လှန်ရေးသမား တယောက်ဖြစ်တဲ့ မိုင်အိုက်ဖုန်းကလဲ ဒေါ်စုကိုခုလို မေးမြန်းထားပါတယ်။


မေး။ ။ ကျနော့်နာမည် မိုင်အိုက်ဖုန်းလို့ခေါ်ပါတယ်။ ကျနော့် မိခင်အဖွဲ့အစည်းက PSLF ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး ဖြစ်ပါတယ် ။ ကျနော် ဥက္ကဌအဖြစ်နဲ့ တာဝန်ယူနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်လွတ် လာတာ အများကြီးဝမ်းသာ တယ်။ အားလည်း အားရတယ်။ ကျနော် မေးချင်တာကတော့ ဗမာပြည် နိုင်ငံရေးပြသနာ ကိုဖြေရှင်းနိုင်ရေးအတွက် သုံးပွင့်ဆိုင်ဆွေး နွေးရေးအပေါ်မှာ ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ အစီအစဉ်ရှိသလား။ အားလုံး ပါဝင်နိုင်တဲ့ အနေအထား အခင်းအကျင်းတွေ စီစဉ်ဖို့ ရှိပါသလား လို့ မေးချင်ပါတယ်။

ဖြေ။ ။ ကျမတို့ကို တိုင်းရင်းသားက ကြိုဆိုတယ် အားပေးတယ်ဆိုလို့ရှိရင် အစဉ်အမြဲဘဲ ၀မ်းသာလျက်ပါ။ ကျမတို့လဲ တိုင်းရင်းသားများ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ဖြစ်ဖို့ဆိုတာ နိုင်ငံအတွက် အဓိကကျတဲ့ကိစ္စ တခုဖြစ်တယ်လို့ အမြဲဘဲစွဲကိုင်ထား တာမို့ ဒီအတိုင်းဘဲ ဖြစ်မြောက်အောင် ဆက်ပြီးတော့ ကြိုးစားလုပ်သွားမှာပါ။ ဘယ်တော့မှ တိုင်းရင်းသားတွေကို ချန်ခဲ့ပြီးတော့မှ ကျမတို့သွားမှာ မဟုတ်ပါဘူး။ ပြည်ထောင်စု တခုမှာဆိုရင် တိုင်းရင်းသားတွေကို ချန်ပြီးတော့ နိုင်ငံရေး အဖြေရှာဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အဲတော့ ကျမတို့ဟာ တတ်နိုင်သမျှ အများပါဝင်နိုင်တဲ့ အခင်းအကျင်း တခုအမြန်ဆုံး ဖြစ်နိုင်စေဖို့ ကြိုး စားနေပါတယ်ဆိုတာကိုတော့ ယုံကြည် စေချင်ပါတယ်။ အဲလိုအခင်းအကျင်း တခုဖြစ်ပေါ်ဖို့လဲ အားလုံးကနေ ၀ိုင်းပြီးတော့ ကူညီ ပေးကြပါလို့လဲ မေတ္တာရပ်ခံပေးချင်ပါတယ်။

-----------------------------------
ဒုတိယပင်လုံညီလာခံနဲ့ပါတ်သက်ပြီးနယ်သာလဲန်အခြေစိုက်ကိုဌေးဌေးကလဲ မေးထားပါတယ်။ သူက NLD အဖွဲ့ဝင် ဟောင်းတ ယောက်ပါ။

မေး။ ။ ဒေါ်စုခင်ဗျား။ ကျနော်ဟာ တချိန်က လှိုင်မြို့နယ် NLD အဖွဲ့ဝင်ဟောင်း ဖြစ်ပါတယ်။ အန်တီတို့ ဗမာပြည်တွင်းမှာ ပင်လုံညီလာခံ ပြန်လည် အကောင်အထည်ဖော်ဖို့ ကြိုးစား နေတာဝမ်းသာပါတယ်။ ထို့အတူ ပြည်ပရောက်နေတဲ့ တိုင်းရင်းသား အဖွဲ့၊ မြန်မာပြည်အရေးဆောင်ရွက်နေတဲ့ ပြည်သူ/သားတွေ အတွက်လည်း ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ဒေါ်စုအနေနဲ့လုပ်ငန်းစဉ် လေးတခု ချပေးနိုင်ရင် ပိုမိုပြီး ကောင်းမွန်မလားလို့ အန်တီ့ဆီ အကြံဥာဏ် တောင်းခြင်းဖြစ်ပါတယ်။ အန်တီပြန်လည် စဉ်းစားပြီး တော့ဝိုင်းဝန်း လုပ်နိုင်ကြဖို့လုပ်ငန်းစဉ်လေး တခုလောက် ချမှတ်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဖြေ။ ။ စောစောက သျှမ်းသံတော်ဆင့်အဖွဲ့ကိုပြောတဲ့အတိုင်းဘဲ။ အန်တီတို့ရဲ့ ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် ဆိုတာ နားလည်မှုလွဲမှားတာကိုပပျောက်သွားအောင် ၀ိုင်းပြီးတော့ ကူညီနိုင်ကြမယ်ဆိုရင် အကောင်းဆုံးပါဘဲ။ ဒီလို ၂၁ ပင်လုံ ညီလာခံတခုခေါ်တာဟာ အမျိုးသားရင်ကြားစေ့ရေး အတွက် ဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ရဖို့မဟုတ်ဘူးဆိုတာကို အများက ရှင်းလင်းသိရှိအောင် ၀ိုင်းပြီးတော့ ကူညီပေးစေချင်ပါတယ်။ ဖက်ဒရယ်ဆိုတဲ့ အဓိပါယ်ကိုသိအောင် ၊ မကြောက်ကြ အောင်လို့ ပြည်ထောင်စုဆိုတဲ့ အဓိပါယ်ကိုသိအောင်၊ ပြည်ထောင်စု စိတ်ဓါတ် မွေးနိုင်အောင်လို့ ပြည်ပရောက်နိုင်ငံသူ/ နိုင်ငံသားများကြိုး စားပူးပေါင်းဆောင်ရွက်ပေး နိုင်ကြမယ်ဆိုရင် အန်တီတို့အတွက် အများကြီး အထောက်အကူ ပြုမှာပါလို့ပြောပါရစေ။

RFA (10 ,15/12/2010)
သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿