Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/21

ထိုင်းနယ်စပ် နအဖလှုပ်ရှားစစ်ကြောင်းအား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက်

သျှမ်းပြည်တပ်မတော်သားများ
20 December 2010

အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်စခန်းအား နအဖစစ်တပ်က အလစ်တိုက်ခိုက်နေချိန်တွင် သျှမ်းပြည် တပ်မတော်က နအဖ နယ်လှည့် စစ်ကြောင်း အား သျှမ်းပြည်အရှေ့ပိုင်း၌ ခြုံခို တိုက်ခိုက်ခဲ့ကြောင်း နယ်စပ် သတင်း ရပ်ကွက်ကဆိုပါ သည်။

ယခုလ ၁၇ ရက်က မိုင်းတုံမြို့နယ် မဲ့ကဲင်အုပ်စုနှင့် နားပါကောဝ်အုပ်စုကြားတွင် အင်အား ၆၀ ကျော် နအဖ စစ်ကြောင်းအား အင်အား ၁၅ ယောက်ရှိ သျှမ်းတပ်ဖွဲ့က အသင့်နေရာယူ ခြုံခို တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

“ မဲ့ကဲင်က လာတဲ့ ခလရ ၂၇၇ က နအဖ စစ်ကြောင်းနဲ့ နားပါကောဝ်က ဆင်းလာတဲ့ သျှမ်းတပ်ဖွဲ့လမ်းမှာတွေ့ပြီး ပစ်ခတ်တိုက် ခိုက်တယ်။ သျှမ်းတပ်က လွယ်ဆန်ဆစ်ပ် တပ်မဟာ ၇၂၇ က တပ်ရင်း ၄၀၄ ပေါ့။ ၁ နာရီကျော် ပစ်ခတ်ကြပြီး သျှမ်းကဆုတ်သွား တယ်။ သျှမ်းဘက်ကတော့ သေကြေ ဒဏ်ရာ ရတာမရှိဘူးတဲ့။” ဟုသျှမ်းတပ်ဖွဲ့ နှင့်နီးစပ်သည့် စစ်ရေးလေ့လာ သူတဦးကပြောသည်။

အဆိုပါ လွယ်ဆန်ဆစ်ပ်မှ တပ်ရင်း ၄၀၄ ကပင် ၁၈ ရက်နေ့ မနက် ၁၀ နာရီခွဲ မိုင်းဆတ်မှ လာသော စကခ ၁၄ ဒု စကခမှူး၏ နယ်စပ် တပ်စခန်းများအား သွားစစ်ဆေးမည့် ယဉ်တန်းအား ထပ်မံခြုံခို ပစ်ခတ် တိုက်ခိုက်ရာ ဒု စကခမှူး အပါအ၀င် နအဖတပ်သား အများအပြား ဒဏ်ရာရကြောင်း မိုင်းဆတ်မှ ကုန်သည်တဦးက ပြောသော်လည်း သျှမ်းပြည် တပ်မတော်ဘက်မှ သီးခြားအတည်ပြုခြင်း မရှိသေး ပေး။

“တပ်ရင်း ၄၀၄ ကို တပ်ကြပ်ကြီး စိုင်းလွယ်က ဦးဆောင်တယ်လို့ ရွာသားတွေကပြောတယ်။ မိုင်းဆတ် ကလာတဲ့ စကခ ၁၄ ကား ၄ စီးနဲ့ မိုင်းတုံက လာကြိုတဲ့ ခလရ ၂၂၇ က ကား ၂ စီး။ စုစုပေါင်း ကား ၆ စီး အင်အား ၁၀၀ ကျော်လောက်ရှိ မယ်။ သျှမ်းတပ်ဖွဲ့က ၁၅ ယောက်ထဲ ” - ဟု အဆိုပါ ကုန်သည်က ပြောပြသည်။

မိုင်းတုံမြို့မြောက်ဘက် မိုင်းဆတ် အထွက်လမ်းရှိ ၉ မိုင် လားဟူရွာအနီး နေ့လည် ၁၁ နာရီအထိ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၉ ရက်နေ့ကလည်း မိုင်းတုံမြို့ မဲ့ကင်နှင့် မိုင်းဟန်အကြား ဗျူဟာမှူး၏ကား ခြုံခို တိုက်ခိုက်မှု တခုဖြစ်ပွါးခဲ့ သေးရာ ဗျူ ဟာမှူး၏ကား ပျက်စီးခဲ့ပြီး နအဖတပ်သား ၃ ယောက် ဒဏ်ရာ ရခဲ့သည်ဟု သိရ၏။ သို့သော် ခြုံခိုတိုက်ခိုက် သည့် တပ်ဖွဲ့ကိုမူမသိရ ဟုဆို၏။

ယခုလအတွင်း မိုင်းတုံမြို့နယ် မဲ့ကဲင်အုပ်စု၊ နားပါကောင်နှင့် ဟိုရွက်အုပ်ဘက်တွင် နအဖစစ်ကြောင်း မကြာခန ၀င်ထွက်သည့် အတွက် သျှမ်းပြည်တပ်မတော်မှ သတင်းရပြီး ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည် အမည် မဖေါ်လိုသည့် ဒေသခံတဦးကပြောပါသည်။

သတင်းရကင်းမြစ် _  သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿