Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/12

သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပြီး မြန်မာ တပ်သား တပ်မှ ထွက်ပြေး


ဒု ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် သျှမ်းပြည်တပ်တော်သားများ
11 December 2010

ယခုလအစောပိုင်းက သျှမ်းပြည်တပ်မတော်နှင့် မိုင်းယောင်း အခြေစိုက်မြန်မာစစ်ကြောင်းတကြောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“တိုက်ပွဲမှာ ဗမာတပ်ဘက် နှစ်ယောက် သေတယ် နှစ်ယောက် ဒဏ်ရာရတယ်။ သျှမ်းတပ်ဘက်တော့ မသိဘူး” -ဟု အမည်မဖေါ်လို သည့် မိုင်းယောင်းဒေသခံတဦးက ပြောပါသည်။

ဒီဇင်ဘာ ၃ ရက်၌ သျှမ်းပြည် တပ်မတော် အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသ စစ်ကြောင်းတကြောင်းနှင့် ဒေသအတွင်း လှုပ်ရှား သည့် မြန်မာ့တပ်မတော် စစ်ကြောင်းတခုနှင့် မိုင်းယောင်းမြို့ အရှေ့မြောက်ဘက် ၀မ့်လေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ထို့နောက်ပိုင်း အဆိုပါတပ်မှ တပ်သားနှစ်ဦးကလည်း အဲမ်အေ သေနတ်/မိမိနှင့်ဆိုင်သည့် စစ်လက်နက် ပစ္စည်း များကိုယ်စီယူပြီးတပ်မှ ထွက်ပြေးသွားကြောင်း မိုင်းယန်းမြို့ တပ်အသိုင်းအ၀ိုင်းတဦးက ပြောပါသည်။

အမည်မဖေါ်လိုသည့် ကျိုင်းတုံစစ်ဒေသ စစ်ကြောင်းမှူးတဦးက - တိုက်ပွဲဖြစ်ပွားခဲ့မှု မှန်ကန်ကြောင်း၊ သျှမ်းပြည် တပ်မတော်ဘက် တဦးတယောက်မျှ သေကြေ ဒဏ်ရာရခြင်းမရှိကြောင်း၊ တပ်မှမြန်မာတပ်သား နှစ်ဦးထွက်ပြေး သည်ဆိုသည့်သတင်းလည်း ကြားသိရကြောင်း အတည်ပြုပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း ဒီဇင်ဘာ ၇ ရက်နေ့ သျှမ်းနှစ်သစ်ကူးနေ့၌ အမျိုးသား တန်းတူရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည် တပ်မတော်ကြီး အင်းအား ပိုမိုခိုင်မြဲလာစေရန် တပ်သားသစ်လည်း ဆက်တိုက် သင်တန်း ပေးနေကြောင်း၊ အနာဂတ် စစ်ရေး လှုပ်ရှားမှုတွင် တောတွင်း၌ တိုက်ပွဲဖြစ်မည် မဟုတ်တော့ဘဲ မြို့ပေါ်သာ ဆင်နွဲဖွယ်ရှိကြောင်း ထိုင်းတီဗွီ၌ ပြောကြားသွားပါသည်။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿