Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/08

ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ ဦးကျဆုံး ကာ ၄ ဦး ထိခိုက်

ဒီဇင်ဘာလ 07 ရက် 2010 ခုနှစ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလော နယ်မြေတဝိုက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား နိုဝင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျား တိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂ဝ၂)မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စုတစုနှင့် ကေအဲန်ယူ တပ်မဟာ(၅)အခြေစိုက် ကေအဲန်အယ်လ်အေ အထူး ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊ ခမရ(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ လော(ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင် ပြောက်ကျား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး စောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။


၎င်းက “၅ရက်နေ့ နေ့လယ် ၁၂းဝဝ နာရီအချိန်မှာ ဆင်ဖြူတောင်(ကဆောဝါးလေး)မှာ ခမရ(၃၃၈)ကို ကျနော်တို့တပ်တွေ သွားတိုက်တယ်။ အဲဒီမှာ နအဖဘက်က ၅ယောက် ကျတယ်။ MA-11 သေနတ်တလက် ကျနော်တို့ ရခဲ့တယ်။ အဲဒီနေ့မွန်းလွဲ ၃းဝဝလောက်မှာပဲ ခြောက်ဘီးကားနှစ်စီးနဲ့ တက်လာတဲ့ စစ်အင်ဂျင်နီယာတပ်ရင်း ခမရ(၉၁၅)ကို ကြယ်ပြောင်ကုန်းမှာ တိုက် ခိုက်တော့ ကားက မိုင်းထိသွားတဲ့အတွက် ကားတစီး လုံးဝ ပျက်စီးသွားပြီးတော့ ၃ယောက် ဒဏ်ရာရသွားတယ်။”ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးစောအဲဆဲဆဲက “၆ရက်နေ့ မနက် ၁၁နာရီကျတော့ ထီးသေ့ခီးမှာ နအဖ ခမရ(၂၈)တပ်ရင်းကို ကျနော် တို့လူတွေ သွားတိုက်တာ နအဖဘက်က တပ်ကြပ်ကြီး ၁ယောက် ဒဏ်ရာပြင်းထန်ပြီး ကျဆုံးပေမဲ့ ထိခိုက်မှုကိုတော့ ကျနော် တို့မသိရဘူး။ ဒီနေ့ နေ့လည် ၁၁း၂ဝနာရီမှာက နအဖ ခလရ(၃၃၈)ကို ကြယ်ပြောင်ကုန်းမှာ တခါထပ်ပစ်တာ နအဖ ၁ယောက် ဒဏ်ရာရတယ်။”ဟု ကေအိုင်စီကို ယနေ့ ပြောဆိုသည်။

ယင်းသို့ မာနယ်ပလောနယ်မြေရှိ နအဖ စစ်တပ်ကို သွားရောက်ပစ်ခတ်ရာတွင် နအဖဘက်မှ တပ်ကြပ်တဦးနှင့် ဒုတပ်ကြပ် တစ်ဦး ထိခိုက်ကျဆုံးမှုတွင် ပါဝင်ခဲ့ပြီး ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအဲဆဲ ဆဲက ပြောသည်။

ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားရာ ၎င်းဒေသတွင် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁ဝ၁၁)တပ်ရင်းနှင့် ဗိုလ် မှူးသန်းရွှေ ဦးစီးသည့် (၁ဝ၁၂)တပ်ရင်း၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ ဒေသဖြစ်သော်လည်း ၎င်းက ပစ်ခတ်မှုတွင် ပါဝင်ပတ် သက်မှုမရှိကြောင်း ကေအဲန်အယ်လ်အေက ပြောသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် ကေအဲန်ယူအနေဖြင့် မာနယ်ပလောဒေသကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များထံ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေ ကြားခဲ့သည်။
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်း နအဖနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွား နေသလို ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေဘက်တွင်လည်း နိုဝင်ဘာလ ၈ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲ အခြေအနေများမှာလည်း ယခုအချိန်ထိ ပြင်းထန်လျှက်ရှိသည်ဟု သိရသည်။

သတင်းရင်းမြစ် _ (စောသိန်းမြင့်)သတင်း - ကေအိုင်စီ

0 件のコメント:

コメントを投稿