Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/07

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်စု နှင့် တွေ့ ဆုံရန် မြန်မာနိုင်ငံ သို့ ထွက်ခွာ


Joseph Y. Yun ဓာတ်ပုံ www.state.gov

December 6, 2010

အရှေ့ အာရှ နှင့် ပိစိဖိတ် ဒေသဆိုင်ရာ ဒု လက်ထောက် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Joseph Y Yun မြန်မာ ပြည် ခရီးစဉ် ဉ် လွန်ခဲ့သည့် လ နိုဝင်ဘာ ၁၃ ရက်နေ့ က နေ အိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံမည်ဟု သတင်းရရှိသည်။

ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း သည် အမေရိကန် နှင့် အရှေ့ တောင်အာရှ နိုင်ငံများ နှင့် အဆီယံ ဆက်ဆံ ရေး အတွက် လည်းတာဝန် ယူထာသူဖြစ်သည်။ သူ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င် အခြား နိုင်ငံရေး ပါတီ များ အပြင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် ပါ တွေ့ ဆုံမည် ဟု သတင်းရရှိသည်။


ဂျိုးဆက်(ဖ)ယွန်း သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး နောက် ပထမ ဦးဆုံး လာရောက် တွေ့ဆုံသည့် အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ် အကျယ်ချုပ် ကာလ အတွင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်ဘဲလ် နှင့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တွင် တစ်ကြိမ် ယခု နှစ် မေလ တွင် တစ်ကြိမ် တွေ့ ဆုံခဲ့သည်။

ဂျိုးဆက်(ဖ) ယွန်း သည် အင်္ဂါနေ့ တွင် မြန်မာ နိုင်ငံ သို့ ရောက်ရှိ မည် ဖြစ်ကြောင်း Freedom News Group မှ သတင်းရရှိသည်။

Copy From _ freedomnewsgroup.com

0 件のコメント:

コメントを投稿