Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/19

လမ်းကင်းစစ်သား တားစီးလာသည့် လားဟူရွာသားကား ခြုံခိုပစ်ခတ်ခံရ

ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ

18 January 2011

မီးမဖွားနိုင်သော ကိုယ်ဝန်သည်အား မြို့ဆေးရုံသို့ပို့ဆောင်၍အပြန်လမ်း၌ တားစီးလာသော နအဖ လမ်းကင်း စစ်သားတင် လားဟူ ရွာသား၏ ပစ်ကပ်ကားကို အမည်မသိ လက်နက်ကိုင်တစုက ခြုံခိုပစ်ခတ်သဖြင့် ကားပေါ်ပါလူ ၅ ဦးထက်မနဲဒဏ်ရာ ရရှိကြောင်း နယ်စပ် သတင်းရပ်ကွက်က ကြားသိရသည်။

ယမန်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က ပစ်ခတ်ခံရသည့် ပစ်ကပ်ဟိုင်းလက်ကားမှာ သျှမ်းပြည်အရှေ့ပိုင်း ပုံပါကျင် မြို့နယ်ခွဲ နမ့်ဟူးခွန် ရွာသားတဦီးပိုင်ကားဖြစ်ပြီး ရွာမှမီးမဖွားနိုင်သည့် ကိုယ်ဝန်သည်အား မိုင်းတုံဆေးရုံ့သို့ပို့ဆောင်၍ အပြန် မဲကင်အုပ်စု အ၀င် ၂ မိုင်ခန့် အကွာ၌အခင်းအပစ်ခံရကြောင်း မဲကင်ေ ဒသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

“ဆေးရုံကအပြန် လမ်းမှာ မိုင်းတုံ ခလရ ၆၅ က လမ်းကင်း ၇ ယောက်က ကားတားပြီး တက်စီးလိုက်ပါလာတာ။ ကားပေါ်မှာ ပါလာတဲ့ သူနာပြုတယောက်အပါအ၀င် ဗမာစစ်သား ၃ ယောက်နဲ့ နမ့်ဟူးခွန်ရွာသား တယောက် ဒဏ်ရာရတယ်။ ဗမာဗိုလ် ကြီးတယောက် ဒဏ်ရာပြင်းတယ်လို့ကြားတယ်။ သေတာတော့ မကြားမိဘူး” - ဟု ၎င်းက ပြောပြသည်။

မိုင်းတုံမှနားကောင်းမူးကားလမ်းပေါ်ရှိ ဟိုပန်၊ ဟိုယွက်အသွား လမ်းခွဲအနီး မဲကင်အုပ်စုမတိုင်မီ ၂ မိုင်အကွာ၌ပစ်ခတ် ခံရခြင်း ဖြစ်ပြီး ခြုံခိုပစ်ခတ်သူမှာ သျှမ်းပြည်တပ်မတော်တောင်ပိုင်းဟုခန့်မှန်းရကြောင်း အဆိုပါလမ်းကင်းအဖွဲ့က ပြောသည်ဟုအမည် မဖော်လိုသည့် မဲကင်ဒေသခံက ပြော၏။

ပြီးခဲ့သည့် စနေနေ့ကလည်း သံလွင်အနောက်ခြမ်းမှလာသည့် နအဖစစ်သားအပြည့်တင် ၆ ဘီးကား ၂၆ စီး သံလွင် တာ့ဆန်း တံတားကိုဖြတ်သန်းကာ မိုင်းတုံဘက်သို့ရောက်လာကြောင်း၊ ဘယ်သို့ဆက်သွားမည်ကိုမသိသေးသော်လည်း မြို့နယ်ခွဲ အဆင့် တိုးချဲ့ လိုက်ပြီဖြစ်သော မိုင်းတုံမြို့အနောက်တောင် ဘက်ရှိ မိုင်းထားသို့သွားရောက် ဖြည့်တင်းတပ် စိုက်မည့် တပ်ဖွဲ့ ဖြစ်နိုင်ကြောင်း မိုင်းတုံရပ်မိ ရပ်ဖတဦးက သုံးသပ်သည်။

အမည်မဖော်လိုသည့် ထိုင်းနယ်စပ် SSA ကေဒါဟောင်း တဦးကမူ - ယခု ၁ လ ၂ လ အတွင်း နအဖစစ်ကြောင်းကို သျှမ်းပြည် တပ်မတော်မှ ၆ ကြိမ်ထက်မနည်း ခြုံခိုတိုက်ခိုက်ခဲ့သဖြင့် SSA-S သို့မဟုတ် ဝတပ်ဖွဲ့အားရှင်းလင်းတိုက်ခိုက် ရန် နအဖက အင်အားဖြည့်တင်းခြင်းလည်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆို၏။

နအဖက မြို့နယ်ခွဲအဆင့် တိုးချဲ့သတ်မှတ်လိုက်သော မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းထားကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၄ ရွာရှိ ၏။ ထိုအနက် ထိုင်းနှင့် နယ်မြေချင်းစပ်နေသော သျှမ်းပြည်တပ်မတော် လှုပ်ရှားနယ်မြေများဖြစ်သည့် မိုင်းတော့၊ ပန်မိုင်ဆုံ၊ ပန်ကမ့်ကော်၊ ဆန်ကန်၊ ခိုင်းလုံ၊ ခန့်ပါ၊ နမ့်ကတ်း၊ တတ်လျက် တို့ပါဝင်၏။ ဝ တပ်ဖွဲ့လှုပ်ရှားသည့် နယ်မြေလည်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်းကပြောသည်။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿