Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/14

ပေးစာ - လေးစားပါတယ် ရတနာပုံ


(ဓာတ်ပုံ - Eleven Media Group, Planet)
 Thursday, January 13, 2011

ကျနော်တို့ မန်းလေးသားတွေ McWill ဖုန်းလျှောက်ဖို့ တပျော်တပါး ပြင်ဦးလွင်ကို ချီတက် လာကြပါတယ်။ ဂျာနယ် သတင်းတွေမှာ အပြိုင်အဆိုင် ကြော်ငြာနေတာက ပြပွဲအတွင်းမှာ အလုံးရေး ၆၀၀၀ ချက်ချင်း ချပေးမယ်ဆိုပဲ။

ရန်ကုန်ရော မန်းလေးရော တပြိုင်တည်းပေါ့။ ဒါကြောင့် လူတိုင်း ရမှာပဲဆိုပြီး သွားကြတာပါ။ ဟိုရောက်တော့ ဖုန်းတွေ လျှောက်ကြပါတယ်။

အဲ …မှတ်ပုံတင်မိတ္တူ လိုတယ်ဆိုလို့ မိတ္တူကူး ဘာကူးနဲ့ပေါ့။ ပြီးတော့မှ ပြပွဲမှာ တရက်ကို အလုံး ၅၀ ပဲ လက်ခံတာတဲ့။

စိတ်ထဲမှာတော့ တမျိုး ဖြစ်သွားပါတယ်။ ဒီဖုန်းက အင်တာနက် အတွက် အဓိကဆိုတော့ သုံးသူ နည်းလည်း အဆင်ပြေမှာပဲပေါ့ ဆိုပြီး လျှောက်တာပါ။

ကြေညာချက်တွေ သတင်းတွေထဲမှာ ပါတာက အခုထုတ်ပြီး အခုချက်ချင်း သုံးလို့ ရမယ့်ပုံပဲ။ ကြေညာ တာကလည်း ခဏခဏ။ သတင်း တွေမှာရော၊ ဂျာနယ်တွေမှာရော မိုက်မှမိုက်။

အဲ …လျှောက်လွှာတင်ပြီးတော့မှ သေပြီဆရာ။ လိုင်းတွေကို နှစ်ပါတ်ကြာမှ ဖွင့်ပေးမယ်ဆိုပြီ ကြေညာ ထားပြန်ပါတယ်။
အဲဒါက Customer တွေကို အရူးလုပ်တားလား။ မြန်မာပြည် အစိုးရ ဌာနတွေစတိုင် ကျင့်သုံး နေတာလား။ ရန်ကုန်က လူတွေက လျှောက်ချင်လို့ ရတနာပုံ ရုံးခွဲကို စုံစမ်းကြတော့ McWill ကို အခုလျှောက်လို့ မရပါဘူးတဲ့။ ကျမတို့ မသိသေးပါဘူးတဲ့။ အခု လူစာရင်းပဲ ပေးထားလို့ ရပါတယ်တဲ့။

ကဲ ... ဘယ်လိုလုပ်ကြမလဲ။
တော်တော်ကောင်းတဲ့ စီမံခန့်ခွဲမှုပါပဲ။

Eleven News သတင်းမှာ ပါလာပါတယ်။ ရတနာပုံ တယ်လီပို့က ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေ၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းတွေ၊ ဖုန်းဝန်ဆောင်မှု လုပ်ငန်းတွေကို ဦးဆောင်မယ် ဆိုတော့ ...

ဒီပုံစံနဲ့ နိုင်ငံနဲ့ချီတဲ့ ဆက်သွယ်ရေး ယန္တရားကို ဘယ်လိုကိုင်တွယ်မလဲ။

တိုင်းပြည်အတွက် ရင်လေးတယ်။ ကိုယ့်ဌာန၊ ကိုယ့်ရုံးခွဲ တခုနဲ့တစ်ခု ကိုပဲ information communication ကောင်းအောင် အရင်လုပ်ပါဦး။ တိုင်းပြည်နဲ့ ချီပြီး ကိုင်တွယ်မနေပါနဲ့။
တဦးတည်းဆန္ဒ၊ တဦးတည် ဆုံးဖြတ်ချက်နဲ့ အာဏာတွေပြပြီး ဆက်သွယ်ရေး ၀န်ဆောင်မှု ကော်ပိုရိတ် မလုပ်ဘဲ၊ ဉာဏ်မမီဘဲ စီမံခန့်ခွဲချင်တဲ့သူတွေ ဘောင်းဘီပြန်ဝတ်ပြီး တပ်ထဲသာ ပြန်ကြပါတော့။ စစ်မှု မထမ်း မနေရ ဥပဒေ အစား ဘောင်းဘီ ချွတ်ထားသူတွေကို ဘောင်းဘီ ပြန်ဝတ်ပေးလိုက်ရင် စရိတ် ပိုသက်သာမယ်။

သူတို့နဲ့ပတ်သက်ပြီး လုပ်စားခွင့်ရနေတဲ့ နည်းပညာကုမ္ပဏီဆိုပြီး ပြည်သူ့ဝင်ငွေကို တစ်ကျပ်ကနေ နှစ်ကျပ်ခွာနေတဲ့ ကုမ္ပဏီပိုင်ရှင် ကြောင်သူတော် ကြွက်သူခိုးတွေလည်း တခုတည်းကို အဆင့်မမြှင့်ဘဲ ဖုန်းလိုင်းခေါင်းစဉ် မျိုးစုံတပ်ပြီး ပိုက်ဆံညာယူဖို့ ကြိုးစားနေကြတာတွေကိုလည်း တော်တော် အော့နှလုံးနာပါတယ်။

ငါးလည်းဖမ်းတာပဲ။ လမ်းလည်း ဖောက်တာပဲ။ စိုက်ပျိုးရေးဆိုလည်း လုပ်တာပဲ။ တိုက်လည်း ဆောက်တာပဲ။ ဖုန်းဆိုလည်း လုပ်လိုက်တာပဲ။ အဲလို ကြံ့ဖွံ့အရေခြုံ ခေတ်ပျက်သူဌေးတွေမှ မချမ်းသာရင် ဘယ်သူချမ်းသာမှာလဲ။

ပြည်သူ့ဘဏ္ဍာတွေကို ရင်လေးပါတယ်။ ရတနာပုံကိုတော့ လေစားပါတယ်။ အချီကြီး အပွကြံလို့။

ဒါပါပဲ။

မန်းလေးသား

Copy from _ irrawaddyblog.com

0 件のコメント:

コメントを投稿