Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/22

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနှင့် တွေ့ဆုံ

  
ချင်းမိုင်(မဇ္စျိမ) ။       ။ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမြ Kasit Piromya သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့တွင် ယနေ့မနက် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရက်တာခရီးစဉ်ကို မကြေညာဘဲ ရောက်လာသော မစ္စတာ ကဆစ်နှင့် ဒေါ်အောင်ဆန်းစုကြည် မီကာဆာ ဟိုတယ်၌ တနာရီကျော် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာကို နှစ်ဖက်လုံးက
kasit
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမြ
ထုတ်ဖော်ပြောဆိုသေးခြင်း မရှိသော်လည်း လေ့လာသူများကမူ အမျိုးသား ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းချက်တခုဟု ဆိုသည်။

“အာဆီယံ အစည်းအဝေးမှာ စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့ ပြောတယ်။ ဒါပေမဲ့ စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးဖို့မှာ တချို့အချက်တွေ ထူးခြားနေတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားရင်ကြားစေ့ရေးက အဓိက ကျမယ်လို့ ကျနော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ အကြား အဖြစ်နိုင်ဆုံးတခုကို ကြိုးစားမယ်လို့ ထင်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ထိုင်းဝန်ကြီးက မြန်မာနိုင်ငံ၏ ချွတ်ချုံကျသော စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအပေါ် သိရှိနားလည်နိုင်ရန်လည်း ပါဝင်မည်ဟု သူက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြီးနောက် ဝန်ကြီးသည် နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရ အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်သည်။


သတင်းရင်းမြစ် မဇ္ဈိမ

0 件のコメント:

コメントを投稿