Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/19

ငြိမ်းချမ်းရေးတွက် စစ်တိုက်ရတာ ဟု DKBA ပြော


January 17, 2011

DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးဆန်းအောင်မှ ယနေ့တိုက်ပွဲဝင်နေရတာဟာ ငြိမ်းချမ်းရေကို မြတ်နိုး လို့ တိုက်ပွဲ ၀င်နေရခြင်း ဖြစ် ကြောင်း FNGသို့ ပြောသည် ။ ငြိမ်းချမ်းရေး ကို နအဖ စစ်အစိုးရ ဆီက တောင်းဆိုလို့ မရနိုင်ကြောင်း၊ တောင်းဆို ခဲ့သည်မှာ နှစ်ပေါင်း ၁၀စုနှစ် ၃စုမက ရှိပြီဖြစ်ကြောင်း တိုက်ပြီးမှ ငြိမ်းချမ်းရေး စကားပြော   ကျန်တိုင်းရင်သား လက်နက်ကိုင်များလည်း တိုက်ပွဲဝင် ရမည့်အချိန် ကြရောက်ပြီ  ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

နအဖ စစ်တပ် သည်  ကရင်ပြည်နယ် DKBA ဝေါ်လေဒေသကို အကြီးအကျယ် ထိုးစစ်ဆင်နေပြီး  နေ့စဉ် လက်နက်ကြီးများ ရာန့ချီ်ပြီး ပစ်ခတ် နေကြောင်း၊စစ်တပ် ရှေ့တွင် ထောင်ကျ အကျဉ်းသားများကို လူသားမိုင်းရှင်း  ကိရိယာအဖြစ် စစိသားများ၏ ရှေ့မှ လူသား ဒိုင်းသဖွယ် အသုံးပြု နေကြောင်းနှင့် လက်ရှိအခြေအနေများကို ရှင်းပြခဲ့သည်။

နအဖ၏ လူသား ဒိုင်းအဖြစ် အသုံးပြုခံရသည့်  ထောင်ကျ အကျဉ်းသား ပေါ်တာများလည်း နေ့စဉ် ထွက်ပြေး နေကြသည်။ ထိုသို့ ထွက်ပြေးလာသူများကို ယနေ့ အတူတိုက်ပွဲဝင် နေကြသောDKBA၊ KNLA နှင့် ABSDF ကျောင်းသား တပ်မတော်တို့မှ လူသားပီသစွာ လက္ခံ ကူညီပေးနေသည်။ ယမန်နေ့  က အကျဉ်းသား အများအပြား ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးကြရာ နအဖ စစ်တပ်မှ လိုက်လံ ပစ်သတ် သောကြောင့် အကျဉ်းသားပေါ်တဦး လက်ကို ထိမှန်သဖြင့် မဲဆောက်ဆေးရုံတွင် ကုသ နေရကြောင်း သတင်းရရှိသည်။

နအဖ စစ်တပ်မှာ ကလေးစစ်သား အများအပြားကို အသုံးပြု နေကြောင်းလည်း  သိရသည်။ နအဖ စစ်တပ်၏ အဓမ္မ စစ်သား ဆုဆောင်းမှုခံခဲ့ရသော ကလေးစစ်သား မောင်အောင်ကိုလင်း သည် နအဖ စစ်တပ် မှထွက်ပြေးလာပြီး KLNA မှ လက္ခံ စောင့်ရှောက်ထားသည်။ မောင်အောင်ကိုလင်းသည် ဒိုက်ဦးမြို့နယ်၊ သုံးခွ ကျေးရွာ ဇာတိဖြစ်ပြီး ပဲခူးအခြေစိုက် တပ်မ ၆၆မှ အတင်း အဓမ္မစစ်သား အဖြစ် စုဆောင်း ခံရပြီး ရက်၂၀ စစ်လက်နက် ဖြုတ်တတ်ကိုသာ သင်တန်းပေးပြီး ဝေါ်လေ စစ်ဒေသရှေ့တန်းကို ပို့ဆောင်ခဲ့ပြီး တိုက်ပွဲ ၀င်စေခဲ့ကြောင်း ပြောသည်။ 

ရှေ့တန်း ရောက်ပြီး ၂လအကြာတွင် ထွက်ပြေး လွတ်မြောက်လာပြီး KNLA တပ်မတော်သို့ ရောက်ရှိ လာခဲ့သည်။ ထိုသို့ ရှေ့တန်း၂လတာ ကာလအတွင်း သူမျက်မြင် ကိုယ်တွေ့ မြင်တွေ့ ခဲ့ရသော စစ်အရာရှိတို့၏ ရက်စက်မှုများကို ပြောပြပါသည်။ စစ်တပ်အတွင်း ရဲဘော်များ ဒါဏ်ရာရှိမှု အများအပြား ရှိပြီး ရဲဘော်များကို ရှိသည့် ဆေးဝါးနှင့် ကုသပေးကြောင်း အရာရှိ ဒါဏ်ရာရသူ များမှသာ အရေးပေါ် နောက်တန်းသို့ ပို့ဆောင်ကြောင်းနှင့် ဒါဏ်ရ အခြေအနေ ဆိုးဝါးသော ရဲဘော်များကို အရာရှိ က ပစ်မိန့်ပေးပြီး သတ်ပစ်မှု ရှိကြောင်း ပြောပြပါသည်။

ကရင်များဟာ သူပုန်ဖြစ်ကြောင်း ရှေ့တန်းမှာ မညှာဘဲ သတ်ပစ်ရမည် ဖြစ်ကြောင်းနှင့် ရိက္ခာမပေးသော ရွာများကို မီးရှို့၊ ကရင် အမျိုးသမီးများကို မုဒိန်းကျင့်မှုများ အမြဲရှိကြောင်း ပြောပြပါသည်။ သူအနေနှင့် တိုက်ပွဲများ အဆုံးသတ်ပြီး မိဘဆီသို့ ပြန်လိုသောကြောင့် ကူညီပေးပါရန် ပြောဆိုပြီး သူအသက်ရှင်လျှက် ရှိကြောင်းကို သူ့မိဘများ သိရှိအောင် ဆောင်ရွက်ဖို့ပြောပြပါသည်။ DKBA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှုး ဆန်းအောင်မှ လည်း ငြိမ်းချမ်းရေး အတွက် DKBA၊ KNLA၊ တို့ပူးပေါင်း တိုက်ပွဲနေကြသလို ကျန် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အားလုံးတိုက်ပွဲဝင်ကြဖို့ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နအဖ စစ်အစိုးရ တပ်များ ကို တိုက်ပွဲများနှင့် ငြိမ်းချမ်းရေး စကားပြောရမယ့် အချိန် ကျရောက် ပြီဟု ပြောသည်။  
နအဖမှ အင်အား များစွာသုံးပြီး တိုက်နေသော်လည်း မိမိတို့ တော်လှန်ရေး  ပူးပေါင်း အင်အားစု တွေအတွက် စိုးရိမ်စရာ မရှိကြောင်းနှင့် နအဖကိုနေ့စဉ် အထိခိုက် များသထက် များအောင် ပျောက်ကျား စစ်ကို အရှိန်မြင့် ဆောင်ရွက်နေသည် ဟု ဆိုသည်။ မနေ့ညနေပိုင်းက မြ၀တီ-ကော့ကရိတ် လမ်းရှိ အလယ်ဗိုလ်တဲ အနီးတွင် ကရင်ပြည်နယ် ဝေါ်လေ ထိုးစစ်အတွက် စစ်ကူလာသော စစ်ကားတန်းအား ခြုံခိုတိုက်ခိုက်ရာ နအဖစစ်ကားတစီး ရဲဘော်အယောက်၂၀နှင့်အတူ ချောက်ထဲထိုးကျသွားပြီး ရဲဘော် အများအပြား ဒါဏ်ရာရကြောင်း သတင်းရရှိသည်။ မြန်မာ နိုင်ငံ ထောင်အသီးသီးမှ အကျဉ်းသားများကို သယ်ဆောင် လာသော ကားတန်း နှင့်စစ်သားအများအပြား သယ်ဆောင် လာသော စစ်ကားတန်းများ ရာနဲ့ချီပြီး ဘားအံ၊ကော့ကရိတ် တ၀ိုက်တွင် နေ့စဉ်မြင်နေရကြောင်း ဒေသခံများကပြောသည်။

သတင်း တည်းဖြတ် —Freedom News Group
Copy from - freedomnewsgroup.com/

0 件のコメント:

コメントを投稿