Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/09

လွယ်ပန်နောဝ်တပ် မရုပ်ပေးသည့် မိုင်းလားအား

နအဖ ကလက်နက်ကြီးဖြင့် ပစ်ခတ်သတိပေး


အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလားတပ် လက်အောက်ခံ  ပန်နောဝ်တောင်ရှိ ပန်ဆောဝ်းတပ် စခန်းအား  ရုပ်သိမ်းပေးခြင်းမရှိသည့်အတွက် မိုင်းယောင်းမြို့အခြေစိုက် နအဖအမြောက်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
မိုင်းလားတပ်ဖွဲ့ (ဓါတ်ပုံ- S.H.A.N.)
“ပန်ဆောဝ်းလို့ခေါ်တဲ့ မိုင်းလားတပ်ကို မိုင်းယောင်းနအဖအမြောက်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ။ အလုံးရေ ၁၅ လုံးပစ် တာ မိုင်းလားတပ်တွင်းကို ၂ လုံးဘဲကျတယ်။ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ပြောတယ်” ဟု ကျိုင်းတုံရောက် မိုင်းယောင်းဒေသခံ တစ်ဦးက ပြောပါသည်။


ယမန်နေ့ ဂျန္န၀ါရီ ၇ ရက် နေ့လည်ပိုင်း မိုင်းယောင်းအနောက်မြောက်ဘက် ပန်နောဝ်တောာင်ရှိ မိုင်းလား၏ပန်ဆောဝ်း တပ်အား လက်နက်ကြီး 155mm ဖြင့် နအဖက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“နအဖတပ် လက်နက်ကြီးစမ်းသုံးလေ့ကျင့်မယ်ဆိုတာ ဂျန္န၀ါရီ ၆ ရက်နေ့က အကြောင်းကြားပါတယ်။ ဒါပေမဲ့ မိုင်းလားတပ်ဘက် ကို ပစ်လာမယ်လို့မထင်ဘူး။ နအဖက လွယ်ပန်နောဝ်မှာရှိတဲ့ မိုင်းလားတပ်ကိုနှစ်ဖက်စစ်ရေး တင်းမာလာပြီးကတည်းက အကြိမ်ကြိမ်ရုပ်သိမ်းခိုင်းတယ်။ မိုင်းလားဘက်က မရုပ်ပေးတော့အခုလိုပစ်လာတာဖြစ် မယ်” ဟု မိုင်းလားအဖွဲ့နှင့် ရင်းနှီးဝင်ဆန့် သူတစ်ဦးက ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်းရှိ ပန်နောဝ်တောင်သည် သျှမ်းပြည်၌ ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၈၅၄၂ ရှိသည်။ ပန်နောဝ်တောင်၌ မိုင်းလားတပ်အပြင် နအဖတပ်လည်း စိုက်ထူထားသည်။

ဂျန္န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့၌ မိုင်းလားတပ်ဖွဲ့လည်း လွတ်လပ်ရေးနေ့အခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း၊  အုပ်ချုပ်ရေးမှူး ခွန်စိုင်းတစ် က သဘာပတိအဖြစ်ပြုလုပ်ပြီး မိန့်ခွန်းပြောကြားရာ လွတ်လပ်ရေးနေ့ဆိုသည်မှာ ပြည်ထောင်စုနိုင်ငံတော်ထူထောင် ရန်အတွက် တိုင်းရင်းသားအားလုံး တညီတညွတ်စုပေါင်း၍ကြိုးစားရယူခဲ့ခြင်း ကြောင့်သာ ပေါ်ပေါက်လာခဲ့ကြောင်း၊  ထို့ကြောင့် စစ်မှန်သော ပြည်ထောင်စုနိုင်ငံတော်ဖြစ်လာရန်အတွက် ကြိုးပမ်းသွားမည်ဟု ပြောကြားကြောင်း အခမ်းအနား တက်ရောက်ခဲ့ သည့် မိုင်းလားတပ်ဖွဲ့နှင့် ၀င်ဆန့်သူတစ်ဦးက ပြောပါသည်။

မိုင်းလား၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံဟောင်းကိုသာ ဆက်လက်အသုံးပြုနေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအရ အလံသစ် (၀ါစိမ်းနီ အလယ်ကြယ်ပွင့်)ကို အသုံးမပြုသေးကြောင်း သိရှိရသည်။

“နအဖစစ်အစိုးရကလဲ ကျနော်တို့ကို ဘာမှမပြောဘူး။ အလံသစ်ပို့လာပေးတာလဲမရှိဘူး။ ဒါကြောင့် အလံဟောင်းကိုဘဲ ဆက်သုံး သွားမယ်”
ဟု မိုင်းလားအရာရှိတစ်ဦးက ပြောပါသည်။

ဒီဇင်ဘာ ၃၀ ရက် ၂၀၁၀ တြိဂံတိုင်းမှူး ဂျီဝမ်း ဗိုလ်မှူးကြီး ခင်မောင်ထွေး တရုတ်နိုင်ငံ မိန်းဟိုင်းမြို့၌နယ်ခြားဆိုင်ရာ ကိစ္စများ ဆွေးနွေးပွဲအပြန် မိုင်းလားမြို့၌ ခရီးတစ်ထောက်နားညအိပ်ပြီး မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်ပိုင်းအချို့နှင့် တွေ့ဆုံကာ မိုင်းယောင်း မြို့အရှေ့မြောက်ဘက် မိုင်းယုတောင်ဘက်၌  စိုက်ထူထားသော မိုင်းလား၏ မိုင်းဖန်တပ် စခန်းအား ရုပ်သိမ်းပေးရန် ပြောကြားခဲ့သည်။
မူရင်း သျှမ်းသံတော်ဆင့် မှ တဆင့်ကူးယူဖော်ပြသည်။

0 件のコメント:

コメントを投稿