Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/18

ကရင်ပြည်နယ် တိုက်ပွဲ နအဖ လက်နက်ကြီးများ ဆက်သုံး


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်း ပြင်းထန်စွာ ဖြစ်ပွားနေသော တပတ်ကျော်ရှိ တိုက်ပွဲများတွင် နအဖ တပ်များက လက်နက်ကြီးများကို အသုံးပြု၍ ဆက်လက် ပစ်ခတ်နေကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့် ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်ဖွဲ့ဝင်များက ပြောသည်။

dkba-spdc-weapon
ထိုင်း-မြန်မာ နယ်စပ်တွင် မကြာသေးခင်က ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီး အပိုင်းအစကို ကရင်ရွာသား တဦးက ပြသနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့် နှစ်ရက်အတွင်း KNU ဌာနချုပ် အဟောင်းဖြစ်သည့် ကရင်ပြည်နယ် မာနယ်ပလော ဒေသ အပါအ၀င် ကစောဝါးလေး၊ နုဒေး၊ ဝေါ်လေနှင့် ဖလူး ဒေသများ၌ နအဖ တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု DKBA အရာရှိ တဦးက ပြောပြသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လဦး ဒုက္ခသည် စခန်းအနီးသို့ လက်နက်ကြီး ကျည်များ ကျရောက်သည့် အတွက် စခန်းတွင်းရှိ ဒုက္ခသည်များ အထိတ်တလန့် ဖြစ်ကြရကြောင်း သိရသည်။


“မနေ့ ညက ၉ နာရီ ခွဲလောက်ကနေ ၁၀ နာရီ ခွဲလောက်အထိ လက်နက်ကြီး ကျည်တွေ ဒုက္ခသည် စခန်းအနီးကို ကျပြီး ပေါက်ကွဲတယ်၊ ဒါပေမယ့် ဒဏ်ရာရတဲ့လူတော့ မကြားဘူး၊ ဒုက္ခသည်တွေကတော့ အဲဒီ ကျည်တွေ ပေါက်ကွဲရင် ရှောင်ဖို့ အဆင်သင့် ထုပ်ပိုး ထားကြတယ်”ဟု DKBA အရာရှိက ဆိုသည်။

DKBA က ၎င်းတို့ကို စစ်ကူပေးရန် တောင်းသည့်အတွက် KNLA တပ်မဟာ ၅ ကို စစ်ကူပို့ပေးမည် ဟုလည်း KNUက ပြောသည်။

လက်နက်ကြီးကျည် ပေါက်ပွဲမှုကြောင့် ဒဏ်ရာရ သေဆုံးစာရင်းကို အတည်ပြု၍ မရသေးကြောင်း၊ နအဖ ဘက်က ဒဏ်ရာရသူများကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဖြတ်ပြီး မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သယ်ယူသည်ဟု သိရကြောင်း KNUက ဆိုသည်။

တချိန်တည်းတွင်ပင် ယမန်နေ့က ကော့ကရိတ်မြို့နယ် ဖလူး ဒေသကို ဖြတ်သွားသည့် ရှေ့တန်းသို့ ပို့ရန် စစ်လက်နက် ပစ္စည်းများနှင့် အထောက်အပံ့များ သယ်ဆောင်လာသော နအဖ တပ်မှ ကား၂ စီးကို DKBA က မိုင်းခွဲ တိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်း စစ်မျက်နှာသို့ ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်၍ နအဖ တပ်များ ထပ်မံ ပို့ဆောင်နေကြောင်း လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူ တဦးက ဆိုသည်။

“ကား အစီး ၅၀ လောက်ရှိမယ်၊ ကြာသပတေးနေ့ကတည်းက ကော့ကရိတ်ကို ပို့တာ၊ ရခိုင်ဘက်က တပ်တွေလို့ သိရတယ်၊ တပ်မ ၄၄ လက်အောက်ခံ တပ်တွေတဲ့”ဟု ၎င်းက ဆိုသည်။

နအဖ က တပ်များကို ယခုကဲ့သို့ ရွှေ့ပြောင်းမှု ပြုလုပ်နေခြင်းအား နားမလည်နိုင်ကြောင်း KNU အရာရှိ တဦးက ပြောဆိုသည်။

“အခုလို နအဖ ဘက်က စစ်ကူတပ်တွေပို့နေတာဟာ DKBA တပ်တွေကို အပြီးသတ်ရှင်းလင်းဖို့လား၊ ဒါမှ မဟုတ် လုပ်ရိုး လုပ်စဉ် အတိုင်း တပ်တွေအပြောင်းအလဲ လုပ်တာလား ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီးကျည် ရာနှင့်ချီ၍ ပစ် ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသည့်အတွက် ဇန်န၀ါရီလ ၁၁ ရက်နေ့က မြန်မာ စစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာ အင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။

သတင်းရင်းမြစ်  ဧရာဝတီ

0 件のコメント:

コメントを投稿