Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/15

ဝေါ်လေဒေသ တိုက်ပွဲ ပြင်းထန်လာ

ဇန်န၀ါရီလ ၁၄ရက်။


ကရင်ပြည်နယ၊် မြ၀တီခရိုင် ဝေါ်လေဒေသ၌ နအဖနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်တို့အကြား ယနေ့တနေ့လုံးနီးပါး အ ပြန်အလှန်ပစ်ခတ်မှုအခြေအနေသည် ယခင်ရက်များထက် မိုပိုပြင်းထန်လျှက်ရှိသည်ဟု ကရင်တပ်ဖွဲ့များ ဘက်က ပြောသည်။

စစ်သည် အင်အား ၁၈၀ကျော်ရှိသည့် နအဖ စစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ (၂၉၉)နှင့် စကခ (၈)လက်အောက်ခံ ခမရ (၄၀၉)၊ (၄၀၃)ပူးပေါင်း တပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ DKBA တပ်ဖွဲ့ဝင်များး၏ ယာယီစခန်းအား ယနေ့ နေ့လည် ၁၂ကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီး ပါးခန့် ပစ်ခတ်ခဲ့သည်ဟု DKBA ဘက်က ပြောသည်။

DKBA တပ်မဟာ(၅) လက်နက်ကြီး တပ်ဖွဲ့မှ ဗိုလ်ကြီး စောစမင်းက “ ဒီနေ့ ၁၂နာရီခွဲကနေ ညနေ ၆နာရီ ကျော်အထိ နအဖဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ မရေတွက်နိုင်လောက်အောင် ကျနော်တို့စခန်းကို ပစ်ခတ်ကြတယ်။ ကျနော်ဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ စခန်းကို တက်သိမ်းဖို့ သူတို့ (နအဖ) သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် သူ့လူတွေ အထိနာလို့ ပြန်ဆုတ်လိုက်ရတယ်။”ဟု ပြောသည်။

ယနေ့ တိုက်ပွဲတွင် နအဖဘက်က ထိခိုက် ဒဏ်ရာရှိရသူ အရေအတွက် အတိအကျ မသိရှိရသော်လည်း ကရင်တပ် ဖွဲ့ဝင်များဘက်မှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကရင်တပ်ဖွဲ့ဝင်များက ပြောသည်။

အလားတူ ဖလူးကျေးနယ်ဘက်တွင်လည်း နအဖစစ်တပ်က ဗိုလ်မှူးကြီး စောကျော်သက်ဦးဆောင်သည့် DKBA တပ်ဖွဲ့အား မွန်းလွဲ ၁နာရီကျော် အချိန်မှစ၍ ညနေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက် ရပ်လိုက် တ ဖက်သတ် ပစ်ခတ်ခဲ့သည်ဟု DKBA တပ်မဟာ(၅)မှ ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

ပြီးခဲ့သည့် ၁၂ရက်နေ့က ဖလူးကျေးနယ်တွင် နအဖတပ်ဖွဲ့မှ လက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ် မှုကြောင့် ဗိုလ်မှူးကြီးစောကျော်သက် ထိုင်သည့် ကဆောဝါးလေး ယာယီခံစစ်စခန်းအား နေရာ ဖယ်ပေးခဲ့ရသည်ဟု သိရှိရ သည်။

လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ တရက်အလွန် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဗိုလ်မှူးချုပ် စောလားပွယ်ဦးဆောင်သည့် DKBA တပ်မဟာ (၅) တပ်ဖွဲ့တို့ကြား ပြစ်ခတ်မှုသည် လက်ရှိအ ချိန်ထိ တိုက်ပွဲ အခြေအနေ ပြင်းထန်လျှက်ရှိပြီး DKBA ဘက်မှ KNLA၊ ABSDF တပ်ဖွဲ့တို့က စစ်ရေး ပူးပေါင်းလာသလို နအဖဘက်ကလည်း နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းထိုးစစ်ဆင် လာသည်ဟု သိရသည်။

သတင်းရင်းမြစ် _ စောသိန်းမြင့်(ကေအိုင်စီ)

ဖလူးစစ်ဒေသမှာ ၈၁ မမ တလက်နဲ့ နအဖ စစ်သား ၄ ယောက် ဒီကေဘီအေထံ လာရောက်ပူးပေါင်းကြောင်း ကြားသိရ

Friday, 14 January 2011


ဖလူးစစ်ဒေသ နအဖ စကခ ၁၂ လက်အောက်ခံတပ်တွေထဲမှ ၈၁ မမ လက်နက်ကြီးတလက် အပါအဝင် ရဲဘော် လေးယောက်က ဒီကေဘီအေ ဗိုလ်ကျော်သက်ထံ လာရောက်လက်နက်ချ ပူပေါင်းကြောင်း သိရှိရပါတယ်။

ဒီရက်ပိုင်းအတွင်း ဖလူးနဲ့ ဝေါ်လေ စစ်ဒေသတွေမှာ နအဖ တပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ သူတို့တပ် အချင်းချင်း ပြန်လည် ကျရောက် ပေါက်ကွဲမှုတွေ ရှိနေပြီး လက်နက်ကြီး တပ်ရင်းနဲ့ စကားများ တာတွေ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

နအဖ တပ်တွေရဲ့ အဓမ္မအင်အားစုစည်းမှုတွေကြောင့် တပ်သားဖြစ်ခဲ့ရပြီး ရှေ့တန်းကိုအပို့ခံတဲ့ ကလေး စစ်သားတွေအပါအဝင် တပ်သားတွေဟာ မကြာခဏ ထွက်ပြေးပြီး ဒီကေဘီအေနဲ့ လာရောက် ပူးပေါင်း နေတယ်လို့လည်း ကြားသိရပါတယ်။

နအဖ နဲ့ ဘီဂျီအက်ဖ် တပ်ဖွဲ့က စီးနင်းလိုက်ပါလာတဲ့ကား အတိုက်ခိုက်ခံရ

ကုန်သည်ကားကို အသုံးပြုပြီး နအဖ နဲ့ နယ်ခြားစောင့် တပ်တွေ စီးနင်း လိုက်ပါလာတဲ့ ကားတန်းကို ဒီကနေ့မနက် ၈ နာရီလောက်က မြဝတီမြို့နယ် သင်္ဃန်း ညီနောင်နားမှာ ဒီကေဘီအေ အဖွဲ့ရဲ့ မိုင်းဆွဲ တိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။

နယ်ခြားစောင့်တပ်သား ၆ ယောက် နဲ့ နအဖ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒီကေဘီအေမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်မှ ခုလိုပြောပါတယ်။

“ဟုတ်တယ် ကျနော်တို့ တပ်ဖွဲ့တွေ တိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်။ ဒီကားက အရပ်သား ကားဖြစ်ပေမယ့် နအဖ တပ်တွေ နဲ့ နယ်ခြား စောင့်တပ်တွေက အသုံးပြု နေတာဖြစ်တယ်။ ကျနော်တို့ နယ်မြေ တွေကိုလည်း ဒီကားတွေ အသုံးပြုပြီး တော့ ဖလူး စစ်မြေပြင်ကို ထိုးစစ်ဆင် နေတာဖြစ်တယ်။ နအဖ ဟာ အရပ်သားတွေကို အသုံးချပြီ ကာဘာ လုပ်လာတာဖြစ်တယ်။ ကျနော်တို့ဘက်က အရပ်သား ပြည်သူတွေကို ပစ်မှတ်မထားပါဘူး နအဖ က အရပ်သားတွေကို ကာဘာ ယူတက်လာတဲ့ အတွက် မဖြစ်မနေ လုပ်ရတာ ဖြစ်တယ်”

အခု ရက်ပိုင်းတွေမှာ နအဖ တပ်တွေဟာ ဝေါ်လေ ဖလူး ဒေသတွေကို လက်နက်ကြီးတွေနဲ့ မကြာမကြာ လှမ်းပစ်နေပြီး နအဖ ဘက်က ထိခိုက် ကျဆုံးမှုတွေ များနေတယ်လို့ သိရှိရပါတယ်။

Copy from _ komoethee.blogspot.com

0 件のコメント:

コメントを投稿