Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/06

ကျိုင်းတုံလွယ်မွေ ရေဒါစခန်းပေါ် ပျံဝဲသော လေယာဉ်ထပ်တွေ့က ပစ်ချရန် အမိန့်ချ

Igla Missile အစ်ကလာ မစ်ဆိုင်း ပုခုံးထမ်းဒုံးလက်နက် (ဓါတ်ပုံ- Google )
05 January 2011

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် လွယ်မွေ အခြေစိုက် နအဖ ရေဒါတပ်စခန်းမှ အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ်တစီး တွေ့ရှိ သဖြင့် နောက်တကြိမ် တွေ့ရှိပါက ပစ်ချရန် လေကြောင်းရန် ကာကွယ်ရေး စစ်ဌာနချုပ်က အမိန့်ထုတ်ထား ကြောင်း ကျိုင်းတုံ သတင်းရပ်ကွက်က ဆိုသည်။

“ဒီဇင်ဘာ ၂၁ ရက် နေ့လည် ၁၁ နာရီ ၁၅ မိနစ်မှာတွေ့တာ။ ရေဒါ စခန်းအထက် ပေ ၅၀၀၀ မှာဝဲနေတာ ၃ မိနစ်လောက် ကြာ တယ်။ လေယာဉ်က အဖြူရောင်လေးဘဲ။ တချို့က အဲ့ဒီလေယာဉ်က အမေရိကန်လုပ် မောင်းသူမဲ့ UAV လေယာဉ် အမျိုးအစား တဲ့” ဟု ကျိုင်းတုံ စစ်အာဏာပိုင်များနှင့် နီးစပ်သူတဦးကပြောသည်။
UAV Unmanned Aerial Vehicle လေယဉ် (ဓါတ်ပုံ- Google)

အဆိုပါ UAV လေယာဉ်ကို လေကြောင်းရန် ကာကွယ်ရေးတပ်-လကတ ၂၀၁၁ က စစ်သည်/အရာရှိတချို့တို့တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး အထက်ကို တင်ပြရာ အလားတူ အမျိုး အမည်မသိ လေယာဉ် ပျံသန်းမှုမျိုး မျက်မြင် ဖြင့်ဖြစ်စေ ရေဒါဖြင့် ဖမ်းယူရရှိခြင်း ဖြင့်ဖြစ်စေ -ထပ်မံတွေ့ရှိခဲ့ပါက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နှင့် လေကြောင်းရန် ကာကွယ်ရေး စစ်ဌာနချုပ် (လရခ)သို့ အချိန်မီ သတင်းပို့ရန် နှင့် လေယာဉ် ပစ်အမြောက် / ပုခုံးထမ်း ဒုံးကျည်များဖြင့် ပစ်ချရန် လရခ က အမိန့်ထုတ်ထားကြောင်း သိရသည်။



“တွေ့တွေ့ချင်း အကြောင်းကြားဖို့နဲ့ ပစ်ချဖို့ အမိန့်ထုတ်ထားတယ်။ ဒီလို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့လဲ  စစ်သင်တန်းတွေ လေ့ကျင့် ပေးသွားမယ့် အစီအစဉ်ရှိတယ်လို့ ကြားရတယ်” - ဟု ၄င်းက ဆက်လက် ပြောပြခဲ့သည်။

တဖက်၌လည်း လေကြောင်းရန်ကာကွယ်ရေးစစ်ဌာနချုပ်က မှာယူထားသော (ရုရှားလုပ် ပခုံးထမ်း ဒုံးလက်နက်နှင့် ပုံစံတူ) တရုတ် လုပ် Igla Missile အစ်ကလာ မစ်ဆိုင်း ပုခုံးထမ်း ဒုံးလက်နက်များ ဒီဇင်ဘာလအတွင်းက ရန်ကုန်သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက် ရောက်ခဲ့ပြီး သျှမ်းပြည်တွင်း နအဖ လက်နက်ကြီးတပ်၊ သံချပ်ကာ တပ်များထံ ထပ်မံပို့ဆောင်ဖြန့်ဝေ ခဲ့ပြီး ဖြစ်ကြောင်း ရပခ တိုင်းရုံးနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿