Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/18

NGO များ ငွေသုံးစွဲမှု စစ်ဆေး အရေးယူရန် ပြင်ဆင်


ပြည်တွင်းရှိ မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် အစိုးရမဟုတ်သော NGO အဖွဲ့များ၏ ငွေကြေး သုံးစွဲမှုများနှင့် ပတ်သက်၍ အာဏာပိုင်များက စစ်ဆေး အရေးယူသွားရန် ပြင်ဆင်နေ သည်ဟု သိရသည်။

ယင်းကဲ့သို့ စစ်ဆေး အရေးယူမှုများကို နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံဖြတ်ကျော် မှုခင်းဌာန ရဲမှူးကြီး စစ်အေး ဦး ဆောင်သည့်အဖွဲ့က ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိ တဦးက ဧရာဝတီကို ပြော သည်။

၎င်းက“အာဏာပိုင်တွေ က တရားမ၀င် ငွေကြေးကိုင်တွယ် သုံးစွဲတဲ့ ဥပဒေနဲ့ ငြိမငြိ စစ်မှာဆိုတော့ လူမှုရေးအဖွဲ့အစည်းတွေ က စာရင်းရှင်းတမ်းမပြနိုင်ရင် ထောင်ထားတဲ့ ကိုယ့်အဖွဲ့အစည်း အဖျက်ခံရမှာပေါ့။ အဓိက ပြည်တွင်းမှာ ကိုယ့်ဟာကိုယ် ထောင်ပြီး ဖွဲ့ထားတဲ့ NGO အသေးစားလေးတွေကို ရည်ရွယ်ချင်တာ”ဟု ဆက်ပြောသည်။

NGO တခုမှ ၀န်ထမ်းတဦးကလည်း“NGO နဲ့ INGO လို့ ခေါင်းစဉ်တပ်ပေမယ့် World vision တို့လို နိုင်ငံတကာ အဖွဲ့တွေကို တော့ ဒီလို သွားလုပ်လို့မရဘူး။ ပြည်တွင်းက ကိုယ့် မြန်မာနိုင်ငံသားတွေ ဦးဆောင်ပြီးထောင်ထားတဲ့ဟာမျိုးတွေကိုပဲ ကျပ်ချင် ကျပ်လို့ရမယ်”ဟု ပြောဆိုသည်။

“ဘယ်လောက် ငွေကြေးပမာဏ ထောက်ပံ့လဲ။ ဘယ်လိုနည်းနဲ့ ငွေကြေးကို လက်ခံထားတာလဲ။  ဥပမာ- နိုင်ငံခြားငွေကြေး ကို လက်ခံတဲ့ ဘဏ်စာရင်း ဖွင့်ထားပြီး တရားဝင်ငွေလွှဲပြောင်းတာ မဟုတ်ဘဲ တခြားတနေရာကနေ ရောက်လာတဲ့ ငွေကြေး ဆို အာဏာပိုင်တွေဘက် က အရေးယူလို့ရတဲ့ အပိုင်းတွေရှိတယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

လူမှုရေး အဖွဲ့အစည်းများဘက်မှ စာရင်းရှင်းတမ်းများ မပြနိုင်ပါက အဖွဲ့အစည်းကို ဖျက်သိမ်းခိုင်းရန် နှင့် အဖွဲ့ အစည်းခေါင်း ဆောင်အား တရားမ၀င် ငွေကြေး အက်ဥပဒေနှင့် အရေးယူသွားရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ လုပ်ရပ်သည်  ရွေးကောက်ပွဲကာလက နိုင်ငံရေးပါတီများအား ငွေကြေးထောက်ပံ့ခဲ့သည့် NGO အဖွဲ့များကို ပစ်မှတ် ထား ပြုလုပ်ရန် ပေါ်ပေါက်လာသည့် အစီအစဉ်တခု ဖြစ်သည်ဟု  ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နီးစပ်သူ တဦးက ပြောသည်။

“နိုင်ငံရေးအမြင်တွေ ဘာမှ မပြောချင်ပေမယ့် လူမှုရေးအဖွဲ့အစည်းကို ဘယ်သူက ဦးဆောင်ဦးဆောင်၊ ဘယ်လိုနည်းနဲ့ ရ လာ တဲ့ ပိုက်ဆံနဲ့ လုပ်လုပ် ကောင်းတဲ့လုပ်ရပ်လေ။ ဒီအတွက် အာဏာပိုင်တွေဘက်က ကိုယ်မလုပ်ပေးနိုင်ရင်တောင် အားပေးဖို့ တော့လိုတယ်။ အခုဟာက လူမှုရေးအဖွဲ့တွေ နည်းပါးပြီး ကူညီတဲ့သူတွေ လျော့အောင် လုပ်နေသလိုဖြစ် နေတယ်”ဟု လူမှုရေး အဖွဲ့ တည်ထောင်ထားသည့် လူငယ်တဦးက ပြောသည်။

ပြည်တွင်း NGO တခုဖြစ်သည့် Myanmar Egress အဖွဲ့သည် ရွေးကောက်ပွဲကာလက NDF ပါတီကို ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီး လူမှုကူညီရေး အသင်းအဖွဲ့များစွာ ပေါ်ပေါက်ခဲ့ရာ ယခုအခါ တရားဝင် NGO အဆင့် မရောက်ရှိသေးသည့် လူထုအခြေပြု လူမှုရေး အဖွဲ့ များစွာရှိနေပြီး ထိုအဖွဲ့များသည် INGO များ၊ အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ်သံရုံးများတွင် ငွေကြေးထောက်ပံ့ရေး သဘောတူညီချက်များ ရယူခြင်း၊ ဈေးပွဲတော်များ ကျင်းပ၍ ရန်ပုံငွေရှာခြင်း၊ ပြည်ပရောက် မြန်မာများ၏ လှူဒါန်းငွေများ လက်ခံခြင်းတို့ဖြင့် ရပ်တည်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် မသက်ဆိုင်သည့်၊ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသည့် နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ က ဦးစီး တည်ထောင်ခဲ့သည်။

နာရေးကူညီမှု အသင်းကို ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ရန်ကုန်မြို့ ဈာပနလုပ်ငန်းများကို အခမဲ့ ကူညီ လျက်ရှိပြီး ၎င်းတို့ကဲ့သို့ ရပ်တည်လှုတ်ရှားကူညီနေသည့် NGO အဖွဲ့ များစွာရှိနေသည်။

copy_rights Irrawaddy News

0 件のコメント:

コメントを投稿