Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/18

စစ်ခေါင်းဆောင်များအား ပစ်မှတ်ထား ပိတ်ဆို့မှု NLD ဆက်လက်ထောက်ခံ

ဦးဝင်းတင် (ဓာတ်ပုံ - အေပီ)
17 January 2011

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ အပေါင်းအပါများကို ပစ်မှတ်ထား ပိတ်ဆို့မှု ဆက်လက် ဆောင်ရွက်ရန် ထောက်ခံသော်လည်း စီးပွားရေးနှင့် သက်ဆိုင်သည့် တခြားပိတ်ဆို့မှုများ ရုပ်သိမ်း ရေးအတွက် တောင်းဆိုရန် ပြန်လည် စဉ်းစားနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ပြောသည်။

“ကျနော်တို့ NLD အနေနဲ့လည်း စုံစမ်းဖို့ ပြင်ဆင်နေပါတယ်။ ပြည်သူတွေကို တကယ် ထိခိုက်တာတွေရှိရင် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ကိစ္စကို ကျနော်တို့လည်းပဲ တောင်းဆိုရမယ်” ဟု NLD ခေါင်းဆောင်တ ဦးဖြစ်သူ ဦးဝင်းတင်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုကို ရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့၏ တောင်းဆို မှုသည် ရိုးသားမှု မရှိသဖြင့် မထောက်ခံဟု ဦးဝင်းတင်က ပြောသည်။

“အာဆီယံ အဖွဲ့က တောင်းဆိုတာတွေဟာ စစ်အစိုးရရဲ့ အလိုကျ လိုက်ပြီးတော့ တောင်းဆိုတာ သာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်း၌ ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးအပြီးတွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa နှင့်အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးရန် မနေ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အာဆီယံ၏ တောင်းဆိုမှုသည် အခြေအမြစ်မရှိသော လုပ်ရပ်သာဖြစ်ကြောင်း၊ အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုသည် ပြည်သူများအား ထိခိုက်မှု မရှိဘဲ စစ်အစိုးရနှင့် အပေါင်းပါ များကိုသာ ထိခိုက်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် လိုအပ်သော အရာဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

စီးပွားရေး ပိတ်ဆို့ထားမှုသည် လူ့အခွင့်ရေး ချိုးဖောက်ခြင်း၊ ပြည်သူများအား ဖိနှိပ်ခြင်း စသည့် အကြောင်းအရာ များကြောင့် ကမ္ဘာ့ထုံးစံအတိုင်း လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဖိတ်ခေါ်ထားခြင်း မဟုတ်ကြောင်း၊ စစ်အစိုးရ အနေဖြင့် မြန်မာ့နိုင်ငံရေးကို လက်တွေ့ကျကျ အပြောင်းအလဲ လုပ်ဆောင်ပါက စီးပွားရေး ပိတ်ဆို့မှုသည် တောင်းဆိုစရာ မလိုဘဲ ကွယ်ပျောက်သွားမည့် အရာသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပိတ်ဆို့မှုတွေကြောင့် ဒီမိုကရေစီနဲ့ ပတ်သက်လို့ ထိရောက်တာတွေရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်ခံတာပါ” ဟုလည်း ဦးဝင်းတင်က ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လုပ်ဆောင်နေသည့်အပြင် နိုင်ငံရေး အခြေအနေ ပြောင်းလဲ တိုးတက်မှု များရှိလာ၍ စီးပွားရေးပိတ်ဆို့ထားမှု ဖယ်ရှားရေး၊ လျှော့ပေါ့ရေး တို့ကို လုပ်ဆောင်ပေးရန် အမေရိကန် အစိုးရနှင့် အနောက်နိုင်ငံများကို အာဆီယံအဖွဲ့က တောင်းဆိုခဲ့သည်။

အာဆီယံအဖွဲ့က မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်များ၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို အဓိကထား လုပ်ဆောင်ရန်အတွက် နအဖ စစ်အစိုးရအားတောင်းဆို ထားသည်။

အာဆီယံအဖွဲ့ကဲ့သို့ပင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကလည်း ကြေညာချက်တခု ထုတ်၍ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရေးအတွက် ဇန်န၀ါရီလ ၁၅ ရက်နေ့က တောင်းဆိုခဲ့သည်။

“ပိတ်ဆို့ထားတဲ့ အထဲက စီးပွားရေးနဲ့ ပတ်သက်တာတွေကို ရုပ်သိမ်းပေးဖို့ ကြေညာချက်ထုတ်တာပါ။ စီးပွားရေး ရင်းနှီးမြှုပ်နှံတာတွေက ပြည်သူတွေကို ထိခိုက်လို့ တောင်းဆိုတာပါ” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီ က ဧရာဝတီကို ပြောသည်။

တောင်းဆိုခဲ့ကြသည့် တိုင်းရင်းသားပါတီများမှာ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် SNDP၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ ဖလုံ-စဝေါ်ပါတီ နှင့် ချင်းအမျိုးသားပါတီ တို့ဖြစ်သည်။

စီးပွားရေးပိတ်ဆို့ထားမှု ဖယ်ရှားရေးသည် စစ်အစိုးရ အပေါ်၌ အဓိက မူတည်နေကြောင်း၊ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် ဒီမိုကရေစီကျသော လမ်းစဉ်ကို လက်တွေ့ ကျင့်သုံးရန် လိုကြောင်း၊ လာမည့် လွှတ်တော်သည် ယူနီဖောင်းချွတ် စစ်ဗိုလ်များ၏ အမိန့်အတိုင်း မဖြစ်သင့်တော့ကြောင်း၊ ဒီမိုကရေစီ လမ်းစဉ်ကို လိုက်နာသော လွှတ်တော်သာ ဖြစ်သင့်ကြောင်း မွန် ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုသည်။

ရွေးကောက်ပွဲအနိုင်ရ ပါတီများအနေဖြင့် စီးပွားရေး ပိတ်ဆို့မှုကြောင့် မည့်သည့် အရာများက ပြည်သူများအား တိုက်ရိုက်ထိခိုက် နစ်နာစေသည် ဆိုသည့် အချက်ကို ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ ပြည်သူများအတွက် ကြီးမားသော ထိခိုက်နစ်နာမှု များရှိပါက အချက်အလက်များကို စနစ်တကျ ပြုစု၍ တောင်းဆို သင့်ကြောင်း ဦးဝင်းတင်က ပြောသည်။

သတင်းရင်းမြစ် _ ဧရာဝတီ

0 件のコメント:

コメントを投稿