Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/14

နှစ်ပေါင်း ၅ ကျိပ်ကျော် ဗမာနှင့်တိုင်းရင်းသား မိတ်ဆွေကောင်းမဖြစ်မှု ကန်ကိုယ်စားလှယ်စိတ်ဝင်စား

13 January 2011


ရန်ကုန်ရောက် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေ သတ်မှတ်ရေး ဆိုင်ရာကော်မတီ အရာရှိ Mr. Paul Grove နှင့်တိုင်းရင်းသား အဖွဲ့အစည်းများ တမြန်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ရာ ဗမာနှင့် တိုင်းရင်းသား မိတ်ဆွေကောင်း မဖြစ်ရတဲ့ ဆွေးနွေးချက်အပေါ် Mr. Paul Grove က အထူး စိတ်ဝင်စား ကြောင်း သိရှိရပါသည်။

“ကျနော်တို့ တိုင်းရင်းသား ၆ ဖွဲ့က Mr. Paul Grove ကို ရန်ကုန် US ဌာနေ ကိုယ်စားလှယ် နေအိမ်မှာ အတူသွား တွေ့တယ်။ ကျနော်တို့ SNLD အတွင်းရေးများဖွဲ့ထဲက တယောက် သွားတယ်။ ဗမာ နဲ့ တခြား တိုင်းရင်းတွေ နှစ် ပေါင်း ၅၀ ကျော်အထိ မိတ်ဆွေကောင်းတွေမဖြစ်။ ယုံကြည်မှု မတည်ဆောက်နိုင်တာ ဘာကြောင့်လဲ- ဆိုတဲ့ကိစ္စ သူအရမ်း စိတ်ဝင် စားတယ်” - ဟု ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေကရေစီ အဖွဲ့ချုပ်က ဗမာနှင့် တိုင်းရင်းသားကြား နှစ်ပေါင်း ၅၀ ကျော်သည့်တိုင် မိတ် ဆွေကောင်း မဖြစ်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်း၊ ချင်းအဖွဲ့က ကြွက်နှင့် စားနပ်ရိက္ခာ မလုံလောက်မှု ပြဿနာ၊ ကချင်အဖွဲ့ မှာမူ အပစ်ရပ်နှင့် လက်နက်ကိုင်တိုင်ဆိုက်နေဆဲ ကချင်အဖွဲ့ ၀င်ထွက် ဆက်ဆံမှု ရှိအောင်ကြိုးပမ်းမှု အခြေ အနေ၊ ရခိုင်ကလည်း ဂီရိမုန်တိုင်း နောက်ဆက်တွဲ လူမှု စားဝတ်နေရေး ပြဿနာ တို့ကို ဆွေးနွေး တင်ပြသွားကြသည် ဟု ဆိုပါသည်။

“ဘာဖြစ်လို့ မိတ်ဆွေကောင်းတွေ မဖြစ်ခဲ့တာလဲ ဆိုတဲ့ကိစ္စက ဗမာ တမျိုးသားလုံးနဲ့ တိုင်းရင်းသားတွေ မတည့်တာ မဟုတ်ဘူး။ အာဏာ ဆုပ်ကိုင်ထားလိုတဲ့ ဗမာစစ်အုပ်စုနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ဖြစ်နေတဲ့ ပြသနာဘဲ။ အဲသလို ဖြစ်အောင်လဲ စစ်အာဏာရှင် ကိုယ်တိုင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အများအပြား ထွက်ပေါ်လာအောင် ဖန်တီးထား တာဖြစ်တယ်” - ဟု ဆက်၍ ပြောပြပါသည်။

ပြည်ထောင်စု တခုလုံးတွင် လူဦးရေအားဖြင့် ဗမာလူမျိုးက က ၆၀% တခြား ဗမာမဟုတ်သည့် လူမျိုးက ၄၀ % ၊ နယ် မြေပိုင်ဆိုင်မှုမှာ့ ဗမာပြည်က ၄၀% တခြား တိုင်းရင်းသားနယ်မြေက ၆၀% ဖြစ်ကြောင်း၊ စည်းလုံး ညီညွတ်မှု မတည် ဆောက်ခြင်း အကြောင်းရင်း ကလည်း နအဖ စစ်အုပ်စု ကိုယ်တိုင် လက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုး ပေါ်ထွက် လာစေရန် တမင် မွေးထုတ်ထားကြောင်း၊ ဥပမာ - ၁၉၉၆ မုန်တိုင်း တပ်မတော် ( Mong Tai Army) လက်ချ အလင်း ၀င်ပြီးနောက် သျှမ်းပြည်အတွင်း၌ပင် လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ဖွဲ့မက  ပေါ်ပေါက်လာအောင် ပြန်လည်မွေး ထုတ်ထားခြင်းကို ကြည့်ခြင်းဖြင့် သိနိုင်သည် ဟု ဆိုသည်။

“အာဏာရ ဗမာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြဿနာ အကြီးအကျယ် ဖြစ်နေတာကို အမေရိကန် အစိုးရအနေနဲ့ သိရှိ နားလည်ပြီး သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာဖို့တိုက်တွန်း ရမယ်။ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗမာလူထုကို ဖက်ဒရယ် ပြည်ထောင်စု မူအကြောင်း သိရှိနားလည်အောင် ရှင်းပြရမယ်။ ကျနော်တို့သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား တိုင်းရင်းသား နိုင်ငံရေးအဖွဲ့ အစည်း တွေလဲ တိုင်းရင်းသား ပြည်သူတွေကို ဒီမိုကရေစီ အကြောင်း ဖက်ဒရယ်မူ အကြောင်း နားလည်လာဖို့ စည်းရုံး ဟောပြောမယ်၊ တိုင်းရင်းသား နဲ့ဗမာ လူထုတွေ ဖက်ဒရယ်မူ အကြောင်း ဂဃနဏ သိမှ စည်းလုံး ညီညွတ်မှု ယုံကြည်မှု တည်ဆောက်နိုင် မယ်။ အဲဒါမှ စစ်အုပ်စုကို စည်းရုံးနိုင်မယ်။ ဗမာစစ်အုပ်စု သုံးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်လာဖို့ US အစိုးရအနေနဲ့ ဘယ်လို ဖိအားပေး တိုက်တွန်း ဖြောင်းဖြပေးနိုင်မလဲ”- စသဖြင့် အသေး စိတ်ရှင်းပြခဲ့ကြောင်း စိုင်းလိတ် က ပြောပြပါသည်။

၎င်းနှင့် ပတ်သက်၍ သျှမ်းပြည် အမျိုးသားရေး လှုပ်ရှားနေသူ မျိုးချစ်ပုဂ္ဂိုလ်တဦးက -“ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမပြောတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံတောင်မှ အကောင်အထည် ဖော်ဖို့ လွယ်မှာ မဟုတ်ဘူး။ အကောင်အထည် ဖော်ဖိုမပြောနဲ့ စကားအဖြစ် ပြောတာတောင် စစ်အစိုးရက တော်တော်လေး ခံပြင်းနေပြီ။ ဖက်ဒရယ် ဆိုတဲ့စကားလုံးတောင် မှ သူမ မပြောဖူးတာ သတိထားမိတယ်။ ၂၀၀၃ တုန်းကလိုလဲ ဟိုဟိုဒီဒီ မသွားရဲသေးဘူး။ ဒါပေမယ့် အခုလောလေ ဆယ် နအဖဟာ အစိုးရသစ် ဖွဲ့စည်းရေးကိုသာ အဓိက ဦးစားပေး လုပ်နေသေးလို့ တခြားဟာကို သူခဏ လစ်လျူရှု ထား တာဘဲဖြစ်တယ်။ အစိုးရသစ် ပေါ်လာလို့ ဥပဒေသစ် ရှိလာမှ ဆက်လက် ကိုင်တွယ် သွားမှာလဲ ဖြစ်နိုင်တယ်။” ဟု သုံးသပ်ပြောဆိုသည်။

ဂျန္န၀ါရီ ၁၁ ရက် က ရန်ကုန်ရောက် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာငွေ ခွဲဝေသတ်မှတ်ရေး ဆိုင်ရာ ကော်မတီ အရာရှိ Mr. Paul Grove ကို တိုင်းရင်းသား အဖွဲ့အစည်းများ ဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်သဟာယ(ဦးထွန်းလှိုင်)၊ ၂၀၁၀ ချင်းအမျိုးသားပါတီ (ဥက္ကဌ ကာတွန်းဆရာ ကျော်ဇံ)၊ ကရင်ပါတီ (ဒေါက်တာ စောဆိုင်မွန်သာ)၊ ရိုဟင်ဂျာ (မစ္စတာယူနွတ်စ်) နှင့် ကချင် (ငြိမ်းဖောင်ဒေးရှင်း ဒါရိုက်တာ သိက္ခာတော်ရဆရာတော် ဆဘွဲဂျွမ် ) တို့က သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

0 件のコメント:

コメントを投稿