Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/10/21

ဂျပန် ဖောင်ဒေးရှင်းက တိုင်းရင်းသား ဒေသများသို့ အစားအသောက် များနှင့် ဆေးဝါးများ ကူညီမည်

UNFC နှင့် The Nippon Foundation ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ် ဓာတ်ပုံ- Nippon foundation
တိုကျို၊ အောက်တိုဘာ ၂ဝ

မြန်မာနိုင်ငံတွင်း ပဋိပက္ခ ဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများ အတွက် ကန်ဒေါ်လာ သုံးသန်းနှင့် တန်းဖိုး ညီမျှသော အစားအသောက် နှင့် ဆေးဝါးများ ကို ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း က ကူညီမည် ဖြစ်ကြောင်း Japan Today သတင်းစာက ဖော်ပြ ထားသည်။ အဆိုပါ ကိစ္စကို ဂျပန်နိုင်ငံ တိုကျို မြို့၌ အောက်တိုဘာ ၁၉ ရက် နေ့တွင် ပြုလုပ်သော နိပွန် ဖောင်းဒေးရှင်း နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ ဝင် ၁ဝဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲ တွင် ပြောကြား လိုက်ခြင်း ဖြစ်သည်။

အစားအသောက် များ နှင့် ဆေးဝါးများ အကူညီ ပေးရေး ကိစ္စကို ဂျပန် အစိုးရ ၊ မြန်မာနိုင်ငံ အစိုးရ နှင့် နိပွန် ဖောင်းဒေရှင်း တို့က ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း Japan Today သတင်း တွင် ဖော်ပြ သည်။ နိပွန် ဖောင်ဒေးရှင်း သည် ၁၉၆၂ တွင် စတင် တည်ထောင် ခဲ့ပြီး ဂျပန်နိုင်ငံ တွင် အကြီးဆုံး သော အစိုးရ အဖွဲ့ မဟုတ်သော အဖွဲ့အစည်း (NGO) ဖြစ်သည်။

မြန်မာနိုင်ငံ တွင် လက်ရှိ ရခိုင် ပြည်နယ် အတွင်း ပဋိပက္ခ များ ဖြစ်ပွားခဲ့ ပြီးနောက် ဒေသခံ ပြည်သူ များ အထောက် အပံ့ များ လိုအပ် နေဆဲ ဖြစ်သည့် အပြင် ကချင်ပြည်နယ် တွင်လည်း အစိုးရ တပ်မတော် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့၏ တိုက်ပွဲ များကြောင့် နေရပ် စွန့်ခွာ ဒုက္ခသည် တစ်သိန်း နီးပါး မှာ အကူညီ များ လိုအပ် နေဆဲ ဖြစ်သည်။
 
Copy from - The Voice Weekly

0 件のコメント:

コメントを投稿