ကျောက်ဖြူတွင် ရခိုင်အိမ်များကို ဘင်္ဂလီများမီးရှို့ | ||||
|

" ကုလားပိုက်ဆိပ်နှင့်
ရခိုင်ပိုက်ဆိပ်ကြားတွင် ရှိနေတဲ့ ရခိုင်အိမ်တွေကို ဘင်္ဂလီတွေက ည(၇)နာရီ၊
(၄၅)မိနစ်ကတည်းက မီးစတင်ရှို့ကြပါတယ်။ မီးငြိမ်းသတ်ဖို့လာကြသော
ရခိုင်များကို ဘင်္ဂလီတွေက ဗလီကို အကာအကွယ်ယူပြီးတော့ ဂျင်ကလိများနှင့်
ပစ်ခတ်နေကြပါတယ်။ ဆေးရုံမှာ ဂျင်ကလိထိလို့ ဒဏ်ရာရသူ
အနည်းဆုံးလေးယောက်ရောက်ရှိနေပါတယ် " လို့ ကျောက်ဖြူဒေသခံ ဦးလှမျိုးနောင်က Arakan Times သို့ပြောကြားသွားသည်။
နောက်ဆုံးသိရသော သတင်းများအရ
အခင်းဖြစ်ပွားသောနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး
အကြမ်းဖက်နေသော ဘင်္ဂလီလူအုပ်ကို ရာဘာကျည်များဖြင့် ပစ်ခတ်မှုအနည်းငယ်
ရှိခဲ့သည်။ ကျောက်ဖြူမြို့သို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများ
အားလုံးကိုလည်း ဒေသအာဏာပိုင်များက ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။
မီးလောင်မှုကြောင့် အနည်းဆုံး
ရခိုင်အိမ်ခြေ(၂၅)လုံးခန့် လောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။ ယနေ့
နေ့လည်ကလည်း ပိုက်ဆိပ်ရပ်ကွက်မှ ဘင်္ဂလီတစ်ဦးကို ဓါတ်ဆီပုံးများဖြင့်
ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဖြူမြို့ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်းမှ
ဆရာတော်က ပြောကြားသည်။ ယခု ဒဏ်ရာဖြင့် ဆေးရုံရောက်ရှိနေ သူများထဲတွင်
လုံခြုံရေးတာဝန်ယူထားသူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်ကြောင်းနှင့်
အတည်မပြုနိုင်သေးသော သတင်းများအရ ဗလီကို အကာအကွယ်ယူထားသော
ဘင်္ဂလီများလက်ထဲတွင် သေနတ်တစ်ချို့ ရှိနေကြောင်း သိရှိရသည်။
copy rights_http://arakantimes.net
0 件のコメント:
コメントを投稿