Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/10/26

ကရင်ပြည်နယ်ဒေသတွင်းကူညီထောက်ပံ့ရေးဂျပန်NGOအဖွဲ့ ကြီးဖြစ်သော JAPAN PLATFORMနှင့်ဂျပန်နိုင်ငံအခြေစိုက် ကရင်အမျိုးသားအဖွဲ့ များဆွေးနွေး


ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ဂျပန်အစိုးရမှဂျပန် NPO (NON PROFIT ORGANIZATION )JAPAN PLATFORM အဖွဲ့ ကြီးအားတိုင်းရင်း သားဒေသများသို့သွားရောက်ကုညီထောက်ပံ့အထောက်အကုပြုရန်
တိုက်တွန်းထောက်ပံ့ထားပါသည်။၎င်းအဖွဲ့ ကြီးတွင်ပါဝင်သောအဖွဲ့ များသည်တိုကျိုမြို့ အခြေစိုက်ကရင်အမျိုးသားအဖွဲ့များဖြစ်သော ကရင်အမျိုးသားအဖွဲ့ ချူပ် KAREN NATIONAL LEAGUE JAPAN-KNL ,KAREN NATIONAL FOUNDATION JAPAN -KNF မှတာဝန်ခံများဖြစ်သောစောကျော်ထင်ထူး၊စောဘလှသိန်း၊ နော်လှဥမ္မာဝင်း၊ KAREN NATIONAL UNION KNU-JAPAN ကရင်အမျိုးသားအစည်းအရုံးဂျပန်ဋ္ဌာနခွဲတာဝန်ခံ များဖြစ်သော စောမျိုးခိုင်ရှင်း၊ ကိုမိုးမင်းသူ နှင့်ပြည်ပရောက်ကရင်အမျိုးသားများ အဖွဲ့ အစည်းဖြစ်သော OVERSEA KAREN ORGANIZATION-JAPAN OKOJ မှတာဝန်ခံစောဒယ်နီယယ်လင်းစိန်တို့ မှလက်ရှိ ကရင်ပြည်နယ်အခြေအနေ ၊ကရင်အမျိုးသားများအခြေအနေ၊ ဒေသတွင်းအခြေအနေ၊ ဒုက္ခသည်များနေရာပြန်လည်ချထားရေး ၊ကျေးရွာများပြန်လည်ထူထောင်ရေးနှင့်  ကရင်ပြည်သူများ အားထောက်ပံ့ရေး အစီအစဉ်များနှင့်ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးရှင်းလင်းပွဲ တရပ်ကို 13-10-2012 တွင် 2 နာရီကျော်ကြာပြုလုပ်ခဲ့ပါသည်။ အဆိုပါအဖွဲ့ အစည်းများသည်ယခု အောက်တိုဘာလ 25 ရက်စတင်၍သက်ဆိုင်ရာ တာဝန်ကျသောနေရာဒေသ များသို့စတင်သွားရောက်မည်ဖြစ်သည်။
NPO JAPAN PLATFORM ၏ ခြေလှမ်းအစသည်ကရင်ပြည်နယ်သို့ စတင်ဝင်ရောက်ထောက်ပံ့ကူညီဆောင်ရွက်မှုများကိုပြည်တွင်းသက်ဆိုင်သောအဖွဲ့ အစည်းများနှင့် ညှိနှိုင်းပြီး လက်တွဲပြီး အဆင့်ဆင့်ပြုလုပ်သွားမည်ဖြစ်သည် NPO JAPAN သည် JAPAN NGOအဖွဲ့ ပေါင်း(25) ခုနှင့်ဖွဲ့ထားသောအဖွဲ့ ကြီးဖြစ်သည်။



သတင်းပေးပို့သူ. စောကစ်စင်ဂျာ

0 件のコメント:

コメントを投稿