2011/07/31
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု
UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ Photo : kaowaw.org
ဇူလိုင်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ။
(UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် အင်တာဗျူး)
အရပ်သားအစိုးရသစ်တွင် သမ္မတနှင့် စစ်တပ်အကြား အားပြိုင်နေသည့် အတွက် အစိုးရ အဖွဲ့တွင်း ဦးစွာ ညှိနှိုင်းမှသာလျှင် အများလိုချင်သည့် ငြိမ်းချမ်းရေးအတွက် ပြုလုပ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ -UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
UNFC တွင် ကရင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMS၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် SSPP/SSA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့မှာ အခြေခံအဖွဲ့ဝင်များအဖြစ် ပါဝင်သည်။
UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။
UNFC အဖွဲ့ဝင်တွေရဲ့ အဓိက တောင်းဆိုချက်ကကော ဘာများလဲဗျ။
“ကျနော်တို့ရဲ့ အဓိကတောင်းဆိုချက်ကတော့ ကျနော်တို့ နိုင်ငံက
လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့ အပေါ်မှာစစ်မှန်တဲ့
ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့။ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာ
အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးတွေ ရှိဖို့။
အဲဒီလို စစ်မှန်တဲ့ ပြည်ထောင်စုမျိုးကို ပြန်လည် ဖွဲ့စည်းနိုင်ဖို့
ပေါ့ဗျာ။ နောက် လွယ်လွယ်နဲ့ ပြောရမယ်ဆိုရင် တချိန်က ၁၉၄၇ ခုမှာ
စတင်ပြီးတော့ အခြေ တည်လာခဲ့တဲ့ ပင်လုံစာချုပ်အပေါ်မှာ ပြန်လည်ပြီးတော့မှ
အကောင်အထည် ဖော်နိုင်ဖို့ပေါ့လေ။ အဲဒီ အပေါ်မှာ”
အခုအစိုးရက ပြည်ထောင်စုစနစ်ကို လုပ်ဆောင်နေတယ် ဆိုတော့
အန်ကယ်တို့ကလည်း ပင်လုံစာချုပ် ပါ ပြည်ထောင်စုစနစ်ကို လိုလားတယ်ဆိုတော့
ဘယ်လိုများကွာဟနေသလဲ။
2011/07/30
အန်အယ်ဒီက တရားစွံမှာမို့ အာဏာ မလွှဲတာလို့ဆို
အစိုးရက အန်အယ်ဒီ ကို အာဏာလွှဲပေးရမယ့်အစား ဖိနှိပ်မှုတွေသာ ဆက်တိုက် လုပ်ခဲ့တာပါ
၂၉ ရက် ဇူလိုင်လ ၂၀၁၁။
၁၉၉၀ ရွေးကောက်ပွဲတုန်းက အပြတ်အသတ် အနိုင်ရခဲ့တဲ့ အန်အယ်ဒီ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာ လွှဲမပေးတာဟာ စစ်ခေါင်းဆောင် တွေကို
တရားစွဲမယ်လို့ အန်အယ်ဒီ က ပြောခဲ့လို့ ဖြစ်တယ်ဆိုပြီး လက်ရှိ
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက်ပါတယ်။
၂၀၁၀ ရွေးကာက်ပွဲ ၀င်ခဲ့တဲ့ ပါတီ ၃၇ ခုကို နေပြည်တော်မှာ မနေ့က ခေါ်ယူ
တွေ့ဆုံတဲ့ပွဲမှာ သူက အခုလို ဆိုပါတယ်။ အစည်းအဝေး နောက်ပိတ်
မိန့်ခွန်းတွေမှာ အဲဒီလို သူထည့်သွင်း ပြောသွားကြောင်း အစည်းအဝေး တက်ခဲ့တဲ့
ဒီမိုကရက်တစ် ပါတီ (မြန်မာ)ရဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ခုလို ပြောလာတာဟာ စစ်အစိုးရက
အာဏာကိုမလွှဲဘဲ ဆက်လက် ကိုင်စွဲ ထားခဲ့တာနဲ့ ပတ်သက်လို့ နအဖ
စစ်ခေါင်းဆောင်ဟောင်း တဦးက ပထမဆုံးအကြိမ် ထုတ်ဖေါ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး အန်အယ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက
အလွန်မှားတဲ့ သဘောထား ဖြစ်တယ် အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်တယ်လို့
ဆိုပြီး ပယ်ချ လိုက်ပါတယ်။ နအဖ ခေါင်းဆောင်တွေ အနေနဲ့ ဒီအပေါ်မှာ တကယ်
စိုးရိမ်တယ်ဆိုရင် အန်အယ်ဒီ နဲ့ တွေ့ဆုံ ဆွေးနွေးရင် ပြေလည် သွားမှာပါလို့
ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဦးသုဝေကလည်း ဒီပြောဆိုချက်ဟာ အာဏာ လွှဲမပေးချင်တဲ့ အတွက် စစ်တပ်ဖက်က အကြောင်းပြချက် သက်သက်သာ ဖြစ်တယ်လို့ ယူဆကြောင်း ပြောခဲ့ပါတယ်။
သတင်းရင်းမြစ် - ဘီဘီစီ
2011/07/29
SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ
ကြာသပတေး, 28 ဇူလိုင် 2011 By နိုင်ကွန်းအိန်
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ၀မ့်ဟိုင်း ဌာနချုပ်ကို
မြန်မာအစိုးရ တပ်တွေက ၀ိုင်းထားဆဲဖြစ်ပြီး တဘက်မှာလည်း ငြိမ်းချမ်းရေး
ဆွေးနွေးဖို့အတွက် သံဃာတော်တွေကို စေလွှတ်ခဲ့ပါတယ်။ အဲဒီလို စေလွှတ်ပြီးတဲ့
နောက်ပိုင်းမှာပဲ ဒေသခံ ရွာသားတွေ ပိုင်တဲ့ မော်တော်ယာဉ်တွေကို
ချောဆွဲခဲ့တဲ့ မြန်မာစစ်တပ်တွေနဲ့ SSPP တပ်ဖွဲ့တွေအကြား ၂ ကြိမ်တိုင်တိုင်
တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့
ထူးခြားချက်ကတော့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းအဖွဲ့က SSA
မြောက်ပိုင်း တပ်တွေဆီ လာနေတဲ့ အစိုးရတပ်ဖွဲ့ ယာဉ်တန်းကို လမ်းခုလတ်က
ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး စစ်ရေး အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရတပ်တွေ အနေနဲ့ ၀မ့်ဟိုင်း ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့
ရပ်တန့်နေတာဟာ နည်းဗျူဟာ အပြောင်းအလဲ လုပ်ဆောင်နေတာလို့ SSPP
ခေါင်းဆောင်တွေက ယူဆနေတဲ့အကြောင်း စုံစမ်းထားတဲ့ နိုင်ကွန်းအိန်က
တင်ပြပေးထားပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်မလုပ်ရန် KNU တားမြစ်

ဇူလိုင်လ ၂၈ရက်။ ကေအိုင်စီ
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဆက်သွယ်မည့် ထားဝယ်-ကန်ချနပူရီ
အဝေးပြေးလမ်း ဖောက်လုပ်နေ သည့် ဆောက်လုပ် ရေးလုပ်ငန်းကို ထိုဒေသတွင်
လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU မှ တားမြစ်ထားသည်ဟု သိရသည်။
၎င်းစီမံကိန်း၏ ဆောက်လုပ်ရေးအလုပ်သမားများကို KNU မှ ဇူလိုင်လ အစောပိုင်းက
တားဆီးထားခြင်းဖြစ်ပြီး Italian-Thai Development Company မှ
၎င်းတို့၏လုပ်ငန်း ပြန်လည် စတင်ရန်အတွက် ဇူလိုင်လ ၁၆ ရက်နေ့တွင် KNU နှင့်
တွေ့ဆုံဆွေးနွေး ခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က
“ဒီစီမံကိန်းလုပ်ငန်း စလုပ်လာပြီးတော့လေ ကျမတို့အနေနဲ့ အဲဒီဒေသမှာရှိတဲ့
ဒေသခံတွေရဲ့ အိုးအိမ်ပြောင်းရွှေ့မှု၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊
နောက်တခုက လုံခြုံရေးအတွက် အဲဒီအချက် ၃ချက် မဖြစ်ပေါ်လာဖို့
တားဆီးသွားရမယ်။”ဟု ပြောသည်။
တိုင်းရင်းသားများနှင့်အစိုးရ ပဋိပက္ခ ညှိနှိုင်းပေးရန် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အခမ်းအနားတခု၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်
(ဓာတ်ပုံ - ဧရာဝတီ)
28 July 2011,
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလတ်တလော
တိုင်းရင်းသား ဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲရေးအတွက်
ကြားဝင်ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် အိတ်ဖွင့်
ပေးစာဖြင့် ကမ်းလှမ်းလိုက်သည်။
“အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက်
ကျမအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုး ပမ်းပေးရန် အသင့်ရှိပါသည်” ဟု
ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့် ပေးစာတွင် ဖော်ပြ ထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ်
ဦးအုန်းကြိုင်က “ဒီကနေ့ ထုတ်ပြန် လိုက်တဲ့ အိတ်ဖွင့် ပေးစာကို နိုင်ငံတော်
သမ္မတ ဦးသိန်းစိန် ဆီကိုတော့ တရားဝင် လမ်းကြောင်းက ပေးပို့ပြီး ဖြစ်ပါတယ်”
ဟု ဧရာဝတီ ကိုပြောသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကချင်
လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ
(NMSP)၊ ရှမ်းပြည် တပ်မတော် (SSA) ဟူ၍ လိပ်မူကာ ပေးပို့ထားသည်။
2011/07/28
တပ်တွင်း နှင့် အစိုးရသစ် များအတွင်း အက်ကြောင်းများရှိ
သမ္မတ ဦးသိန်းစိန်နှင့် ဒု သမ္မတ ဦးသီဟသူရတင်အောင်မြင့်ဦး
ဂျူလိုင်လ 27 ရက် 2011 ခုနှစ်။
တပ်တွင်းမိသားစု စားနပ် ရိက္ခာ ဖြတ်တောက်ခံရမှု၊ တိုင်းရင်းသားဒေသ ရှေ့တန်း
စစ်မျက်နှာဖွင့်နေမှု အခြေအနေများကြောင့် စစ်အုပ်စုထိပ် ပိုင်းခေါင်း
ဆောင်များအတွင်း သဘောထား မတိုက်ဆိုင်မှုများ ပိုမိုကြီးထွား လာကြောင်း
တရုတ်မြန်မာနယ်စပ်နေ နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
“သမ္မတ သိန်းစိန် က တဘက်၊ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦး နဲ့ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ က တဘက်ပေါ့။ ဘယ်လောက်အထိ
ပြဿနာတက်လဲတော့မသိဘူး။ စစ်ထိပ်သီး သန်းရွှေ လူလွှတ်ပြီး အခြေအနေ ထိန်းသိမ်း
ရတဲ့အဆင့်တဲ့” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါသည်။
တပ်တွင်း စားနပ်ရိက္ခာ ဖြတ်တောက် ခံရမှုကြောင့် အမှတ် ၁ အထူး
စစ်ဆင်ရေးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် အနိမ့်ဆုံး
ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ် အဆင့်အထိ အရာရှိပေါင်း ၂၀၀ ကျော်
နှုတ်ထွက်စာ တင်ရာ၊ ထို ပြဿနာ များဖြေရှင်းနိုင်ဖို့ သမ္မတသစ် ဦးသိန်းစိန်က
ရှေ့တန်း စစ်မျက်နှာဖွင့်မှု အားလုံးရပ်ဆိုင်း ရမည်ဟု ဆို၏။
မြန်မာအစိုးရနှင့် KIO အပစ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမည်
မြန်မာသမ္မတ သိန်းစိန် (ဘယ်) နဲ့ ကေအိုင်အို ဥက္ကဌ ဇောင်းဟရား။
ဂျူလိုင်လ 27 ရက် 2011 ခုနှစ် ။
စစ်တပ် ကျောထောက်နောက်ခံ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)
တို့ အပစ်ရပ် ဆိုင်း ရေး စာချုပ် ချုပ်ဆိုရန် ရှိသည်ဟု နှစ်ဖက်
သတင်းရပ်ကွက်က ဆိုသည်။
အပစ်ရပ်ဆိုင်းရေး စာချုပ်ကို ကချင်ပြည်နယ် အစိုးရနှင့် KIO တို့
ချုပ်ဆိုရန်ဖြစ်သည်။ မြန်မာ အစိုးရဖက်မှ အဆင်သင့်ဖြစ်ပါက အပစ်ရပ်ဆိုင်းရေး
စာချုပ်ကို
ပြီးခဲ့သည့် လကတွေ့ဆုံခဲ့သည့် မြစ်ကြီးနား- ဗန်းမော်လမ်းဘေး လဂျားယန်
ကျေးရွာတွင် လက်မှတ်ရေးထိုး သွားရန်ရှိသည်ဟု လိုင်ဇာ ဌာနချုပ်မှ KIOအရာရှိ
များပြောသည်။ အပစ်အခတ် ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးရန်
ကြန့်ကြာနေရခြင်းမှာ KIO က
မြန်မာ အစိုးရဘက်မှ ပါဝင်လက်မှတ်ရေးထိုးမည့် အစိုးရ ကိုယ်စားလှယ်များကို
လက်မခံ နိုင်သောကြောင့် ဖြစ်သည်ဟု လိုင်ဇာ KIO အရာရှိများပြောသည်။ KIO
ဖက်မှ လက်ခံနိုင်သည့် ကိုယ်စားလှယ်များ မြန်မာအစိုးရစေလွှတ်မှသာ အပစ်အခတ်
လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်လာမည်ဟု ဆက်ဆိုသည်။
ပြီးခဲ့သည့်အပတ်က KIO က ၎င်းတို့ပေးပို့ထားသော အပစ်ခတ် ရပ်ဆိုင်းရေးနှင့်
ပတ်သက်၍ မြန်မာသမ္မတ သိန်းစိန် ထံမှ အကြောင်းပြန်ကြားစာ ရရှိခဲ့သော်လည်း
လူသိရှင်ကြား ထုတ်ဖော်ခြင်းပြသခြင်း မရှိသေးဟု ဆိုသည်။ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့မှ ကြားဝင် ပေးမှုဖြင့် ဇွန် ၉ ရက် မှ
စစ်ပွဲဖြစ်ပွားပြီး နောက်ပိုင်း နှစ်ဖက် ကြား ၃ ကြိမ် တွေ့ဆုံခဲ့သည်။
ယင်းသို့ ၃ ကြိမ်တွေ့ဆုံပြီးနောက် နှစ်ဖက် ကြား အပြန်အလှန် စာဖြင့် ရေးသား
ဆက်သွယ် နေကြသည်ဟုဆို သည်။ ကချင်ပြည်နယ်အစိုးရက ဖက်စ် ဖြင့် ဇူလိုင် ၂၅၊
ယမန်နေ့က KIO
ထံစာရေးသားပေးပို့လာပြီး ဇူလိုင် ၂၆၊ယနေ့ ပင် KIO ဖက်မှ
အပစ်ခတ်ရပ်ဆိုင်းရေး နောက်ဆုံး ညှိနှိုင်း ဆွေးနွေးမှုကို ပြန်လည်
ပေးပို့ခဲ့သည်ဟု လိုင်ဇာမှ KIO အရာရှိများပြောသည်။
ဇွန် ၁၂-၁၃ ရက်တွင် ပြုလုပ်သည့် လိုင်ဇာ လူထု အစည်းအဝေးတွင် အပစ်အခတ်
ရပ်ဆိုင်းရေးကို လက်မခံကြ သည့် ကချင်လူထု ကိုယ်စားလှယ်များအား KIA
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်က နိုင်ငံရေးဆွေးနွေး အဖြေ
ရှာရေးအတွက် ၆ လတာကာလအတွက်သာ အပစ်အခတ် ရပ်ဆိုင်းမည်ဖြစ်ပြီး နိုင်ငံရေး
ဆွေးနွေးမှု မရှိပါက အပစ်အခတ် ရပ်ဆိုင်းမှု ချက်ချင်း ပြတ်ပျယ်သွားမည်ဟု
ပြောဆိုသွားသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန
စစ်ရဲ့သားကောင်မှာ လူတွေချည်းမဟုတ်၊ တိရစ္ဆာန်တွေလည်းပါ
ဂျင်အင်ဒရူး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် နယ်စပ်ဒေသများတွင်ဖြစ်ပွားနေသည့် စစ်ပွဲများသည် ကရင်ပြည်သူများကို
ဘေးဒုက္ခအန္တရာယ် ကျရောက်စေသည်သာမက ဒေသတွင်းရှိ တောရိုင်း တိရစ္ဆာန်များကိုလည်း တိုးမြှင့်ခြိမ်းခြောက် လာနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာအသစ် တစောင်ကဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က သဘာဝ ဘေးမဲ့တောအဖြစ် ၁၉၈၉ ခုနှစ်က သတ်မှတ်ခဲ့သော မဲကသာ တောကြီးအတွင်း ဆင်ရိုင်းကောင်ရေသည် ခန့်မှန်းခြေ ၁၅ ကောင်အထိ ကျဆင်းသွားခဲ့သည်ဟု ကရင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုလှုပ်ရှားမှုကွန်ရက် Karen Environmental and Social Action Network (KESAN) က ဂျူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါဘေးမဲ့တောအတွင်း နေထိုင်ကြသည့် နောက်ထပ် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၆ဝ ခန့်အနက် သုံးပုံတပုံခန့်မှာ မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟုလည်း အဆိုပါ အစီရင် ခံစာတွင် ရေးသားထားသည်။
မဲကသာ ဘေးမဲ့တောသည် ထိုင်းနိုင်ငံသဘာဝ တောရိုင်း တိရစ္ဆာန် ဥယျာဉ်နှင့် ထိစပ်တည်ရှိပြီး အကျယ်အဝန်း အားဖြင့် ၁၅၆ စတုရန်းကီလိုမီတာရှိသည်။ ကရင်နှင့် မြန်မာ စစ်တပ်များ တိုက်ပွဲဖြစ်လျှင် ထွက်ပြေးနိုင်ရန် အတွက်
မြန်မာဘက်ခြမ်းမှ ရွာသားများသည် အမြဲအသင့်ပြင်ထားကြရပြီး သူတို့သည် မကြာ ခဏ ပင်ပြည်တွင်း ရွှေ့ပြောင်း နေထိုင်သူ ရွာပုန်းရွာရှောင် ဒုက္ခသည်များအဖြစ် ကျရောက်ကြရ သည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။
အတောမသတ် ဖြစ်ပွားနေသော တိုက်ပွဲများသည် ဆင်ရိုင်းကောင်ရေနှင့် အခြား တိရစ္ဆာန် မျိုးစိတ်များ လျော့နည်း ကျဆင်းနေရခြင်း၏ တခုတည်းသော အကြောင်း မဟုတ်ပါဟုလည်း ကီဆန် အစီရင်ခံစာကဆိုသည်။ အမဲလိုက်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ တရားမဝင် သစ်ခုတ်လှဲခြင်း ၊တောပြုန်းစေခြင်းတို့သည်လည်း အဓိကခြိမ်းခြောက်နေသည့် အချက်များဖြစ်သည်ဟု ဆိုသည်။
ရှားပါး တိရစ္ဆာတမျိုးဖြစ်သည့် ဆူမားထရားကြံ့ ဆိုလျှင် ယခုအခါ လုံးဝပျောက်ကွယ် သွားခဲ့ပြီဖြစ်သည် ဟုလည်း ဆိုသည်။ အခြား မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်ရှိသည့် မျိုးစိတ်များမှာ နို့တိုက်သတ္တဝါ ၂၂ မျိုး၊ ငှက်မျိုးစိတ် ၂၃ ခု၊ တွားသွားသတ္တဝါ ၈ မျိုးနှင့် ကုန်းနေ၊ရေနေ သတ္တဝါ ၅ မျိုးတို့ ဖြစ်ကြသည်။
အန္တရာယ် အရှိဆုံး အခြားမျိုးစိတ်များမှာ ကျား၊ အစက်အပြောက်များပါ ကျားသစ်တို့ ဖြစ်ကြသည်ဟု ကီဆန် အစီရင်ခံစာက မြေမြှုပ်မိုင်းကြောင့် သေဆုံးနေသော အရွယ်ရောက်ပြီး ကျားသစ်တကောင်၏ ဓါတ်ပုံနှင့် အတူ ဖော်ပြရေးသားထားသည်။
ကီဆန် အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ကရင်ရွာသားများ ၂ဝဝ၈ ခုနှစ်မေလမှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအထိ ကွင်းဆင်းလေ့လာ ပြုစုခဲ့ကြခြင်း ဖြစ်သည်။
ဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သူတို့၏ လေ့လာသုတေသနလုပ်ငန်းများ အနှောင့်အယှက် အဟန့် အတား ဖြစ်ခဲ့ရသည်။ “ ဒေသတွင်းလုံခြုံမှု မရှိခြင်းကြောင့် ပညာရပ်ဆိုင်ရာ လေ့လာခြင်း လုပ်ငန်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အန်ဂျီအိုများ၏ ဆန်းစစ် လေ့လာခြင်း လုပ်ငန်းများ ကဲ့သို့သော ပြင်ပမှ ဝင်ရောက် စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို အထူးတလည် အဟန့်အတား ဖြစ်စေခဲ့သည်" ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
သစ်တောနှင့် သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တတ်စွမ်းသမျှဆောင် ရွက်ကြပါရန်လည်း ကီဆန် အစီရင်ခံစာက ဒေသခံကရင်ပြည်သူများကို တိုက်တွန်း နှိုးဆော်ထားသည်။
“(ကရင်ယဉ်ကျေးမှုကဲ့သို့သော)ဇီဝမျိုးစုံလင်မှုသည်ပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် ပြင်ပနိုင်ငံတကာမှ

ဆောင်ရွက်ပေးမည့်သူများ ရောက်ရှိလာသည်အထိ စောင့်ဆိုင်း မနေနိုင်ပါ ” ဟု အစီရင်ခံစာက ဆိုသည်။
“ သစ်တောများ ထိန်းသိမ်းရန်နှင့် ဇီဝမျိုးစုံလင်မှုကို ထိန်းသိမ်းရန်အတွက် ဒေသခံ ပြည်သူများ အနေနှင့် သူတို့ တတ်စွမ်းသမျှ ပါဝင် လုပ်ကိုင်ကြရမည် ဖြစ်သည်။ ထိုသို့ လုပ်ကိုင်ခြင်း မရှိပါက သစ်ထုတ်ခြင်း၊ ဆည်များ တည်ဆောက်ခြင်းနှင့် အခြား စက်မှုလုပ်ငန်းများက သယံဇာတ ထုတ်ယူမှုများကြောင့် ပျက်စီးဆုံးရှုံးရတော့မည် ” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။
အစီရင်ခံစာ ပြုစုရခြင်း၏ ရည်ရွယ်ချက်မှာ "ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ မိရိုးဖလာ သိရှိထားသော အသိပညာများဖြင့် သစ်တောများကို ကယ်တင်ရန် ကြိုးပမ်းခြင်းသည် မိမိတို့နိစ္စဓူဝ လုပ်ဆောင်နေရသော ရှင်သန်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများနှင့် အတူတူပဲဆိုသည်ကို သူတို့အား ပြသရန်ပင်ဖြစ်သည် ” ဟု အစီရင်ခံစာတွင် ဆိုထားသည်။
အစီရင်ခံစာကို သုတေသန ရလဒ်များဖြင့် ကျောထောက် နောက်ခံပြု ရေးသားထားခြင်း ဖြစ်ပြီး စစ်ပွဲကို အဆုံးသတ် ကြရန်လည်း အကြံပြုချက်အဖြစ် ရေးသားထားသည်။ သစ်တောများကို ပျက်စီးဆုံးရှုံးစေသည့် သစ်ထုတ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ရာဘာပင် စိုက်ပျိုးခြင်းများကို မပြုလုပ်ကြရန်နှင့် အမဲလိုက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်သည့် ဥပဒေများ ပြဋ္ဌာန်း ကာကွယ်ကြပါရန်လည်း အဆိုပါအစီရင်ခံစာက တိုက်တွန်း အကြံပြုထားသည်။

မြန်မာစစ်သည်တဦး ကေအဲန်ယူ တပ်မဟာ(၇)ထံ ထွက်ပြေးရောက်ရှိ
ဇူလိုင်လ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)ကိုယ်ပိုင်နံပါတ် တ/၄၄၃၂၃၃ဖြစ်သူ အသက် ၂၅နှစ်ရှိ တပ်သား စိုင်းအိုက်စံသည် အစိုးရစစ်တပ်တွင် တာဝန် ဆက်လက် မထမ်းဆောင်နိုင်တော့သည့်အတွက် ထွက်ပြေးရခြင်းဖြစ်သည်ဟု ကေအိုင်စီကို ပြောသည်။
“ကျနော်ရှေ့တန်းထွက်တာ ၅လကျော်ပဲ ရှိသေးတယ်။ ရောက်လာကတည်းက ထမင်းပဲချက်တယ်။ ကင်းစောင့်တော့လည်း သူများ သေနတ်ပေးမကိုင်ဘူး။ တပ်ထဲမှာ ဆက်မနေချင်တော့လို့ ထွက်ပြေးတာပါ။”ဟု တပ်သား စိုင်းအိုက်စံက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်က မန္တလေး စစ်သားစုဆောင်းရေးတပ်တွင် စုဆောင်းခံရသူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဇာတိ စိုင်းအိုက်စံက ခမရ(၃၅၇)တပ်ရင်းတွင် အသက် ၁၄-၁၅နှစ်အရွယ် ကလေးစစ်သား ၁၀ဦးကျော်ရှိသည်ဟု ပြောဆိုပြီး ၎င်းအနေဖြင့် ရှေ့ဆက်တွင် သာမန်အလုပ်ဖြင့်သာ လုပ်ကိုင်နေထိုင်သွားတော့မည်ဟု ဆိုသည်။
ကေအဲန်ယူ တပ်မဟာ(၇)တွင် ယခုလ ဇူလိုင်လအတွင်း အစိုးရစစ်သည်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၀ဦးကျော် ထွက်ပြေး ရောက်ရှိလာပြီး ထိုအထဲတွင် မြန်မာအစိုးရစစ်သည် ၄ဦး ပါဝင်သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)၏ စာရင်းအရ သိရသည်။
2011/07/27
The Lady ( မှတ်တမ်းဓါတ်ပုံများ )
Tuesday, July 26, 2011,
၂၀၁၁
အောက်တိုဘာလတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဘ၀ ဇာတ်ကြောင်းကို The Lady ရုပ်ရှင်အဖြစ်
ကမ္ဘာနဲ့အဝှမ်း ရုံတင် ပြသတော့မှာပါ။
ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် ထားသူကတော့ မလေးရှား နိုင်ငံဖွား နာမည်ကျော် မင်းသမီး မီရှယ်လ်ယိုး (Michelle Yeoh) ပါ။ ဒါရိုက်တာ ပြင်သစ်လူမျိုး Luc Besson က စီစဉ်ရိုက်ကူးပြီး Drama, Romance, ဘဝသရုပ်ဖော် မြောက်များစွာ သုံးထားတာကို တွေ့ ရမှာဖြစ်ပါတယ်။ EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
The Lady ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက် ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင်ခန်း တွေကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်းအတွင်း ဇာတ်ဝင်ခန်းတစ်ချို့ကို ရိုက်ကူးခဲ့ပါတယ်။ မင်းသမီး မီရှယ်လ်ယိုး ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ် ရောက်ရှိစဉ် ဒေါ်စုရဲ့စကားပြောပုံ မြန်မာဆန်ဆန် ၀တ်စား ပုံများကို တနေကုန် သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်တဲ့ အချိန်မှာတော့ ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်များက ပြည်ဝင်ခွင့် တားမြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Michelle Yeoh ဟာ လူမှုရေး လုပ်ငန်းများနဲ့ ပရဟိတ လုပ်ငန်းများကိုပါ လုပ်ဆောင်နေသူ တဦးအဖြစ် ထင်ရှားလျက်ရှိပါတယ်။
ထဝ
(http://michelleyeoh.info/Movie/thelady.html ) ကို မှီငြမ်းရေးသားထားတာပါ။

မဲဆောက်-မြဝတီတံတားပြန်ဖွင့်နိုင်ရေး အတိုက်ခံအဖွဲ့ကိုနှိမ်နင်းရန် ထိုင်းကို မြန်မာ ဖိအားပေး
Published on July 26, 2011 by နော်နိုရင်း
http://burmese.dvb.no/archives/13250
မဲ
ဆောက်-မြဝတီတံတား ပြန်လည်ဖွင့်ဖို့အတွက် ထိုင်းနိုင်ငံ
တာ့ခရိုင်မှာရှိတဲ့ အတိုက်အခံအဖွဲ့ အထူးသဖြင့် ကေအန်ယူကို
နှိမ်နင်းပေးဖို့နဲ့ ဒုက္ခသည်စခန်းတွေကို ရှင်းလင်းဖို့
မြန်မာအစိုးရက ထိုင်းကိုတောင်းဆိုကြောင်း တာ့ခရိုင်ဝန်
စံမလွိုင်ဖားက ပြောပါတယ်။
ထိုင်း -မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ပိတ်ထားတာ တနှစ်ကျော်ကြာခဲ့ပါပြီ။
တံတား ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ထိုင်းအစိုးရဘက်က ကြိုးစားနေချိန်မှာ မြန်မာအစိုးရက ထိုင်းနိုင်ငံ တာ့ခရိုင်ထဲက မြန်မာအတိုက်အခံ နိုင်ငံရေးအဖွဲ့တွေနဲ့ ဒုက္ခသည်စခန်းတွေကို ရှင်းလင်းပေးဖို့ တောင်းဆို လာ တာဖြစ်ပါတယ်။
မြန်မာအစိုးရက အချက်သုံးချက်တောင်းဆိုတယ်လို့ တာ့ခရိုင်ဝန် စံမလွိုင်ဖားက မနေ့ကပြုလုပ်တဲ့ တပ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“မြန်မာဘက်က တာ့ခရိုင်ကနေတဆင့် တောင်းဆိုလာတာက ထိုင်းအစိုးရဖြစ် ဖြစ်စေ၊ တာ့ခရိုင်ဖြစ်စေ အချက်သုံးချက်ကို ရှင်းလင်းအောင်လုပ်ပေးဖို့တောင်းဆိုပါတယ်။ ပထမအချက်က ဒုက္ခသည်စခန်းကိစ္စပါ။ မြန်မာအစိုးရမြင်တာက ဒုက္ခသည်စခန်းတွေဟာ လူမျိုးစု လက်နက်ကိုင်တွေရဲ့ ခိုလှုံရာနေရာဖြစ်တယ်။ စခန်းတွေကနေ မြန်မာပြည်ဘက်ပြန်ပြီး မြန်မာအစိုးရကို ဒုက္ခပေးနေတာဖြစ် တယ်။ အဲဒါကို ရှင်းပေးဖို့။ ဒုတိယအချက်က လွန်ခဲ့တဲ့ နှစ်သုံးနှစ်က ရန်ကုန်မြို့မှာ ဗုံးဖောက်ခွဲခဲ့တဲ့ သူတွေဟာ မဲဆောက်မှာရှိနေတယ်လို့ ဗမာအစိုးရက အကြောင်းပြတယ်၊ အဲဒီလူတွေကိုဖမ်းပေးရမယ်။ အချက် ၃ ကတော့ ကေအန်ယူက ခေါင်းဆောင်တွေဟာ တပ်ခရိုင်ထဲမှာနေတယ်၊ အထူးသဖြင့် မဲဆောက်မှာ ၁၀ ယောက်ထက်မနည်းရှိနေတယ်။ အဲဒီလူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုထားပါတယ်။”
တာ့ခရိုင်ဝန်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ကရင်အမျိုး သားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က “ဆက်နွှယ်မှုကတော့ ကေအန်ယူအနေနဲ့ ဘာမှ ထိုင်းနယ်မြေကို အသုံးချတာမှ မရှိတာ။ ကိုယ့်နယ်မြေထဲကိုယ်နေ ကိုယ့်နယ်မြေထဲကိုယ်လှုပ်ရှားနေတာ။ ကရင်တွေတော့ ရှိတယ်။ အဲဒါတွေက ထိုင်းကကရင်တွေ၊ အဲဒါကို ကေအန်ယူလို့ ထင်နေလားမသိဘူး။ နအဖဘက်က၊ ဦးသိန်းစိန် အစိုးရဘက်က။ ဒီမှာရှိတာက ထိုင်းကရင်တွေလည်း ရှိတယ်။ ကေအန်ယူက တခါတလေ ဆေးဝါးကုသဖို့လောက်ပဲ သွားတာလာတာ ရှိတာပေါ့။ ဒုက္ခသည်မှာလည်း ကေအန်ယူဆိုတာ မရှိပါဘူး။ နအဖရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြေးလာတဲ့လူတွေပဲ ရှိတာပဲ။ ဟိုဘက်မှာ ငြိမ်းချမ်းမယ်ဆိုရင်တော့ ဒုက္ခသည်တွေလည်း ပြန်မှာပဲ” လို့ ပြောပါတယ်။
ထိုင်း နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေမှာ လူမျိုးစုလက်နက်ကိုင်တွေ ခိုလှုံနေတယ်လို့ မြန်မာဘက်ကစွပ်စွဲပြီး ဒုက္ခသည်စခန်းတွေကို ဖယ်ရှားဖို့ တောင်းဆိုချက်နဲ့ပတ်သက်လို့လည်း အခုလိုပြောပါတယ်။

“ကမ္ဘာ့
စံချိန်၊ စံညွှန်းတွေအရ၊ ဒုက္ခသည်တွေ ပြန်ဖို့ဆိုတာက တဖက်မှာ
ပဋိပက္ခမဖြစ်အောင် ငြိမ်းချမ်းမှု အပြည့်အဝ ရှိရမယ်။ ဒုက္ခသည်ကလည်း
ဆန္ဒအရပြန်တာ ဖြစ်ရမယ်။ အခုကိစ္စတွေက ဦးသိန်းစိန်အစိုးရ
မတရားစွပ်စွဲတာတွေပဲ ဖြစ်တယ်။ သူတို့အနေနဲ့ ဒါငဲ့ညှာပြီးတော့
ဆောင်ရွက်မှ ဖြစ်မှာပေါ့။ ဖြစ်သလို လျှောက်လုပ်မယ့် အစိုးရတော့
မဟုတ်ဘူးထင်တယ်။ ဒီ ဒုက္ခသည်တွေကို မတရား မောင်းထုတ်လို့ မရဘူး။
ဒီထိုင်းဆိုတာက နိုင်ငံတကာရဲ့ စံချိန်စံညွှန်းနဲ့ နိုင်ငံတကာ ဥပဒေကို
လေးစားတဲ့ နိုင်ငံတခုဖြစ်တယ်။”
မဲ
ဆောက်-မြဝတီတံတားမပိတ်ခင်က ဒီလမ်းကြောင်းကတဆင့် လစဉ် ထိုင်းကုန်
ဘတ်ငွေ သန်းငါးထောင်ဖိုးလောက် မြန်မာဘက်တင်ပို့သလို မြန်မာဘက်က
သွင်းကုန် ဘတ်သန်း နှစ်ထောင်ဝန်းကျင်လောက် ထိုင်းဘက်ကို
ပြန်တင်သွင်းနေတာဖြစ်ပါတယ်။KIO အပစ်အခတ်ရပ်ဆိုင်းရန် အဓမ္မနည်းဖြင့် မြန်မာအစိုးရ ကြိုးပမ်း
Tuesday, 26 July 2011 00:31 KNG
http://www.blogger.com/post-create.g?blogID=6307763623887505811
မြန်မာအစိုးရ သမ္မတ သိန်းစိန် (ဘယ်) နှင့် KIO ဥက္ကဌ ဇောင်းဟရား
အဓ္ဓမနည်းဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပစ်အခတ်ရပ်ဆိုင်းရန် စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရ ကြိုးပမ်းနေသည်ဟု သိရသည်။
စစ်ဗို်လ်ဟောင်း ကြံ့ဖွံ့အမတ် ဦးသိန်းဇော်က ဇူလိုင် ၂၄ ရက်ညတွင် ကချင်လွှတ်တော်အမတ်များဖြစ်ကြသည့် ဦးခက်ထိန်နန်နှင့် ဦးခမိုင်တန်တို့ကိုခေါ်ယူ၍ KIO အပစ်အခတ်ရပ်ဖို့ ကချင်ရိုးရာ ကောက်ညှင်းပလိုင်း နှင့်အတူ ကချင်ရိုးရာယဉ်ကျေးမှုကော်မတီကို ဦးဆောင်စေပြီး ဇူလိုင် ၂၆ ရက်တွင် KIO ထံ သွားရောက် ပြောဆိုရန် ညွှန်ကြားလိုက်သည်ဟု ၎င်းကချင်အမတ်များနှင့် နီးစပ်သူများကဆိုသည်။
KIO က အပစ်အခတ်ရပ်ဆိုင်းရေးကို လက်ခံရန်ငြင်းဆန်နေလျှင် မြန်မာစစ်တပ်ထိန်းချုပ်သည့် ကချင် ပြည်နယ်ရှိ မြို့နေလူထုအား စစ်မလိုလားကြောင်း ချီတက်ပြသရန် တစ်အိမ် တစ်ယောက် မသွားမနေရ လုပ်သွားမည်ဆိုကာ ဦးသိန်းဇော်ပြောသွားသည်ဟု ဆိုသည်။
ထို့အပြင် ဦးသိန်းဇော်မှ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ငြင်းဆန်သည့် ထိပ်ပိုင်း KIO ခေါင်းဆောင်များကိုလည်း လုပ်ကြံရန် ပြောဆိုသွားသည် ဟုဆိုသည်။

2011/07/26
နော်ဝေ အကြမ်းဖက်မှု NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
လင်းသန့်
Monday, 25 July 2011 16:45
နော်ဝေနိုင်ငံ အော်စလိုမြို့၌ ဇူလိုင်လ ၂၃ နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု
၂ ခုတွင် လူပေါင်း ၉၂ ဦး အသက် ဆုံးရှုံးခဲ့ရမှုနှင့် ပတ်သက်ပြီး အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ၀မ်းနည်းကြောင်းသ၀ဏ်လွှာ
ပေးပို့လိုက်သည်။

“အထွေထွေအတွင်းရေးမှူး
လက်မှတ်နဲ့ စနေနေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မှာရှိတဲ့
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီးဆီကို အထူးဝမ်းနည်းကြေကွဲကြောင်း၊
နော်ဝေနိုင်ငံသားများနှင့်ထပ်တူ ခံစားရပါကြောင်း သ၀ဏ်လွှာကို ပါတီကိုယ်စား
ပေးပို့ခဲ့တာဖြစ်ပါတယ်” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က
ဧရာဝတီသို့ ပြောသည်။
အော်စလိုမြို့လယ်ရှိ ၀န်ကြီးချုပ်ရုံးနှင့် ၄င်း၏ လေဘာပါတီ ဌာနချုပ်တည်ရှိရာ အစိုးရအဆောက်အဦများတွင် ဗုံးဖောက်ခွဲမှုကြောင့် ၇ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း နော်ဝေရဲတပ်ဖွဲ့က ဆိုသည်။
နာရီပိုင်းအကြာတွင် ယူတိုယာကျွန်း၌ အာဏာရ လေဘာပါတီ၏ နွေရာသီ လူငယ်စခန်းတွင် လက်ယာအစွန်းရောက် ဝါဒီ၊ ရဲအရာရှိ အယောင်ဆောင် သေနတ်သမား အန်ဒါစ် ဘယ်ရင် ဘရီးဗစ် (Anders Behring Breivik) က ပစ်ခတ်မှုကြောင့် လူ ၅၀၀ အနက် လူငယ် အများအပြား အပါအဝင် ၈၆ ဦး သေဆုံးခဲ့သည်။
မြန်မာဒီမိုကရေစီအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် နော်ဝေရောက် မြန်မာများကလည်း ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ခြင်း၊ ၀မ်းနည်းခြင်း ဆုတောင်းပွဲများ ကျင်းပကြသည်။

SSPP/ SSA ဌာနချုပ် သိမ်းပိုက်ရန် အသေခံတပ်ဖြင့် နည်းဗျူဟာ ပြောင်းတိုက်ဖွယ်ရှိ
တိုက်ပွဲများဖြစ်ပွါးလေ့ရှိသော သျှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေ (အကြမ်းဖျင်း) ပြမြေပုံ
ဂျူလိုင်လ 25 ရက် 2011 ခုနှစ် ။
သျှမ်းပြည်တပ်မတော်
ဝမ့်ဟိုင်းဌာနချုပ် ပါတ်ဝန်း ကျင်သို့ မြန်မာစစ်တပ်ဝိုင်းရံ
နေရာယူထားသော် လည်း ဖြစ်ပွားခဲ့သော တိုက်ပွဲများက မြန်မာအစိုးရ တပ်ဘက်
သေကြေဒဏ်ရာရမှုများပြား သော ကြောင့် နည်းဗျူဟာပြောင်း တိုက်ခိုက်ဖွယ်ရှိ
ကြောင်း သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက် ကဆိုပါသည်။
တိုက်ပွဲအတွင်း
မြန်မာစစ်တပ်ဖက်မှ သေကြေဒဏ်ရာရသူ စာရင်း အတိအကျတော့မသိရသေးသော်လည်း
ဒဏ်ရာရသူ အယောက် ၁၆၀ ကျော်အား ကျေးသီး ဆေးရုံ မှ တောင်ကြီးသို့
ဟတ်စကီးဖြင့် သယ် ထုတ်နေ သည်မှာ ၁၃ ရက်နေ့၌ပင် ၈ ခေါက်ထက်မနည်းကြောင်း၊
မိုင်းရယ်မှ လားရှိုးဆေးရုံသို့ အယောက် ၆၀ ကျော် သယ်သွား
သည်ကိုတွေ့ရကြောင်း၊ လူနာ များ ကျေးသီးဆေးရုံ၌ အယောက် ၂၀ ကျော်၊
မိုင်းရယ်ဆေးရုံ၌ အယောက် ၂၀ ကျော်ကျန် ရှိနေသေးကြောင်း ဒေသခံ များထံမှ
ကြားသိရသည်ဟု SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလက ပြောသည်။
“
သူတို့တွေ အခုလို သေကြဒဏ်ရာရတာ များတော့ တိုက်ပွဲဝင်နေတဲ့ တပ်တွေက လက်ရည်
မထက်ဘူးလို့ နေပြည်တော်က ပြောတယ်တဲ့။ ဒီတော့ တိုက်ရည် ခိုက်ရည်ရှိတဲ့
တခြားတပ်တွေဆီက ၄၀၀ - ၅၀၀ ရွေးထုတ် - အထူး ကွန်မန်ဒိုဖွဲ့ပြီး
ပြန်တိုက်ခိုင်းမယ်လို့ ကြားတယ်။ အခု လားရှိုးမှာလဲ ကိုးကန့် ဒေသကို
သွားထိမ်းနေတဲ့ တပ်မ ၃၃ ရောက်နေတယ်ဆိုဘဲ- လားရှိုးပြည်သူ့စစ်
အသိုင်းအဝိုင်းက ပြောတယ်” ဟုလည်း ၎င်းကဆက်လက် ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ပူးတွဲ ကြေညာချက်ထုတ်
၁ နာရီနှင့် ၁၀မိနစ်ကြာမြင့်သည့် ထိုဆွေးနွေးပွဲအပြီးတွင် နှစ်ဘက်တွေ့ဆုံမှုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
Monday, 25 July 2011 ,
ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်နှင့် ယနေ့နေ့လည် ၁ နာရီခန့်က စိမ်းလဲ့ကန်သာ အစိုးရ ဧည်ဂေဟာတွင် ၁ နာရီကျော်ကြာ တွေ့ဆုံသည်။
အဆိုပါ ကြေညာချက်ကို ၀န်ကြီး ဦးအောင်ကြည်က ဖတ်ပြခဲ့ရာ ဆွေးနွေးပွဲကို
နှစ်ဘက်စလုံးက အပြုသဘော ရှုမြင်ပြီး အားရ ကျေနပ်ကြောင်း၊ ပြည်သူလူထု
ကိုယ်စိတ်နှစ်ပါး ချမ်းသာ စေရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့်
အခွင့်အလမ်းများကို ဆွေးနွေးကြကြောင်း၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်း
ကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေး ကိစ္စများလည်းပါ
ဝင်သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထောက်များက
မေးမြန်းရာ “ကျမတို့က တိုင်းပြည်နဲ့လူမျိုး အကျိုးရှိမယ်ဆိုရင်
အဆင်သင့်ပါပဲ” ဟု ပြောဆိုကြောင်း ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်းထောက်က
ပြောသည်။
နှစ်ဘက်စလုံး၏ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ကောင်းမွန်သောရလဒ်ဖြစ်ကြောင်း
ပြောဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် အကြား နွေးထွေးသော
ဆက်ဆံရေးကို မတွေ့ရဘဲ နှစ်ဦးစလုံး၏ မျက်နှာမှာ အနည်းငယ်တင်းမာနေပြီး
ပြုံးရွင်သည့် အမူအယာများ မတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့်
သတင်းထောက်များက ဆိုသည်။
ဖက်ဒရယ် ပါလီမာန် ဖွဲ့စည်းရေးအတွက် MPU ဥက္ကဌ နှင့် မွန်ပြည်သစ်ပါတီတွေ့ဆုံ
ဂျူလိုင်လ 25 ရက် 2011 ခုနှစ် ။
သတင်းရင်းမြစ် - ကေအိုင်စီ
ဖက်ဒရယ် ပါလီမန်ဖွဲ့စည်းရေးနှင့် ပက်သက်ပြီး မွန်ပြည်သစ်ပါတီနှင့် MPU (The
Members of Parliament Union) ခေါ် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့
မြန်မာနိုင်ငံ)တို့သည် ဇူလိုင်လ(၂၃)ရက်တွင် ထိုင်းနယ်စပ် တနေရာ၌ တွေ့ဆုံ
ဆွေးနွေးခဲ့သည်။
၎င်းဆွေးနွေးပွဲသည် MPU မှ ဥက္ကဌ ဒေါ်စန်းစန်း၊ အတွင်းရေးမှူး ဦးသိန်းဦးနှင့်
ဦးကျော်သက်တို့ တက် ရောက် ဆွေးနွေးခဲ့ပြီး မွန်ပြည်သစ်ပါတီမှ
အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် ဗဟို အလုပ်အမှုဆောင် နိုင်ရွှေသိန်း
တို့  ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ဖက်ဒရယ် ပါလီမာန်ဖွဲ
့စည်းရေးအတွက် ဦးတည်ဆွေးနွေး ခဲ့သည်ဟု MPU အတွင်းရေးမှူး ဦးသိန်းဦးက
ပြောပါသည်။
“မွန်ပြည်သစ် ပါတီကတော့ ဖက်ဒရယ်ပါလီမာန်ဖွဲ့ စည်းရေးကို လက်ခံပြီးသားပါ။
အခုလာတဲ့ကိစ္စက တော့ MPU က စုစည်းရရှိထားတဲ့ အချက်အလက်တွေကို ဖလှယ်ဖို့နဲ့ 
ရှေ့လုပ်ငန်းစဉ်အတွက် ဘာတွေ ဆက်လုပ် သွားမလဲဆိုတာကို လာရောက်
ညှိနှိုင်းတာဖြစ်ပါတယ်။ ဥပမာပြောရရင် ဖက်ဒရယ်ပါလီမာန်က ထားရှိရမဲ့
နိုင်ငံရေး စစ်ရေးကိစ္စ သဘောထားတွေပေါ့”
မွန်ပြည်သစ်ပါတီသည် ဖက်ဒရယ် ပါလီမာန်အတွက် အဖွဲ့ဝင် (၆) ဖွဲ့ရှိသည့်
ကိုယ်စားလှယ်အဖွဲ့ကို စာရင်း ပေးသွင်း ထားပြီးဖြစ်ပါသည်။ ဖက်ဒရယ်ပါလီမာန်၌
အားလုံးအဖွဲ့ဝင် မည်မျှ ရရှိထားပြီး ဖြစ်သည်ကို ဦးသိန်းဦးက ထုတ်ဖေါ်
မပြောဆိုခဲ့ပေ။
ဒါပေမယ့် ရှိထားတဲ့ အဖွဲ့ အစည်းနဲ့ ပါတ်သက်ပြီး ဦးသိန်းဦးပြောတာက “
တိုင်းရင်းသားတွေထဲမှာဆိုရင် လောလောဆယ် မွန်ပြည်သစ်ပါတီရယ် ကေအန်ယူရယ်
ကရင်နီ တိုးတက်ရေး ပါတီရယ် လက်ခံထားပြီး ဖြစ်ပါတယ်။ အခု ရှမ်းနဲ့ ကချင်ကပါ
ပါဝင်လာမယ့် အခြေအနေ ရှိနေတယ်။ ဒါမှ ဖက်ဒရယ် ပါလီမာန်မှာ ကျနော်တို့ က
ပြည်ထောင်စုနဲ့ ပါတ်သက်တဲ့ စစ်ရေး ဆိုင်ရာများကအစ ကျယ်ကျယ်ပြန့် ပြန်
့ဆွေးနွေး နိုင်တော့မယ်လေ”
ဖက်ဒရယ် ပါလီမာန်ဖွဲ့ ရေးအတွက် အစည်းအဝေးများ ကျင်းပရန်
ဖက်ဒရယ်ပါလီမာန်ရုံးကို ကရင်နီ တိုးတက် ရေး ပါတီ၏ နယ်မြေ၌ အခြေခံ
ထားရှိပါသည်။ ဖက်ဒရယ် ပါလီမာန်ဖွဲ့ရေး အစီစဉ်ကို ပြည်ထောင်စု မြန်မာနိုင်ငံ
အမျိုးသားကောင်စီ (NCUB) က ဦးဆောင်နေပြီး ကုလသမဂ၌ စစ်အစိုးရ
တည်ရှိမှုကိုလည်း ဖယ်ရှားနိုင်ဖို့(Credential Challenge) ဖြင့်လည်း
တိုက်ပွဲဝင်လျက်ရှိသည်။
သတင်းရင်းမြစ် - ကေအိုင်စီ
2011/07/25
ဒေါ်စုနဲ့ အစိုးရ၀န်ကြီး တွေ့ဆုံမှု ထူးခြားတဲ့ရလဒ် ရှိနိုင်ဟု NLD မျှော်လင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ
ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၀၈ ခုနှစ်က တွေ့ဆုံဆွေးနွေးနေစဉ်။
ဇန်န၀ါရီ ၁၁၊ ၂၀၀၈။ ဓာတ်ပုံ ASSOCIATED PRESS
တနင်္ဂနွေ, 24 ဇူလိုင် 2011,
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမား ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ဟာ မနက်ဖြန် ဇူလိုင်လ ၂၅ ရက် တနင်္လာနေ့ နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးကြပါမယ်။ ဒါဟာ အစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်သလို အရင် စစ်အစိုးရ လက်ထက်ကလို အဖြေမရခဲ့တဲ့ တွေ့ဆုံမှုမျိုး မဟုတ်ဘဲ ထူးခြားတဲ့ ရလဒ်ထွက်တဲ့ တွေ့ဆုံမှုမျိုးဖြစ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘက်က မျှော်လင့်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မနက်ဖြန် တနင်္လာနေ့
နေ့လယ်မှာ ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ၀န်ကြီး ဦးအောင်ကြည်က
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေလုပ်ဖို့ ပြည်ထဲရေး
ဝန်ကြီးဌာနက ဒီကနေ့ NLD ပါတီကို လာရောက် အကြောင်းကြားခဲ့တာပါ။ NLD ပါတီရဲ့
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ မပါဘဲ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းနဲ့ပဲ
တွေ့ဆုံမယ်လို့လည်း ဖိတ်ထားပါတယ်။
အရပ်သားအစိုးရ တက်လာအပြီး ၃
လကျော်အကြာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်း ခေါင်းဆောင်တဦး တွေ့တာဟာ ဒါ
ပထမ ဦးဆုံးအကြိမ် ဖြစ်ပေမဲ့ အရင် စစ်အစိုးရ လက်ထက် ၂၀၀၇ ခုနှစ်ကစပြီး
ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး အဖြစ် ခန့်အပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉
ကြိမ်လောက် တွေ့ခဲ့ဖူးပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့
မြန်မာ့နိုင်ငံရေး ပြဿနာတွေအတွက် ပြေလည်ပြီး အောင်မြင်တဲ့
ဆွေးနွေးမှုတွေတော့ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် မနက်ဖြန်မှာ တွေ့ကြမယ့် ၂ ဘက်
ဆွေးနွေးမှုတွေအတွင်း ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေး ပြောဆိုမယ်ဆိုတာ
အတိအကျ မသိရ သေးပေမဲ့ ဒီတွေ့ဆုံမှုတွေကနေ ထူးခြားတဲ့ ရလဒ်ရဖို့
မျှော်လင့်ထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ထိုက်တန်တဲ့နေရာ ရရှိရန် ထိုက်တန်တဲ့ ပေးဆပ်မှု ရှိရမည်ဟု အဖွဲ့ချုပ်က အစိုးရကို ပြောကြား
July 23, 2011,
မြန်မာအစိုးရက ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရရှိရေး
ကြိုးပမ်း ဆောင်ရွက်နေတဲ့ အချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က
ထိုက်တန်တဲ့ နေရာတခု ရရှိဖို့အတွက် ထိုက်တန်တဲ့ ပေးဆပ်မှုတွေနဲ့ ပြုပြင်
ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်မယ်လို့ တွေ့ဆုံ ဆွေးနွေးရေးကို ဦးတည်ပြီး
တိုက်တွန်း ပြောဆို လိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) ရဲ့
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်း
လုံခြုံရေး ဆိုင်ရာ အစည်းအဝေး Regional Security Forum မှာ မြန်မာ့အရေးနဲ့
ပတ်သက်ပြီး ပြောကြားခဲ့ မိန့်ခွန်းကို ထောက်ရှု့ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲ့ဒီလို ပြောကြား လိုက်တာပါ။
ဒီလ ၂၂ ရက်နေ့က ပြောကြားခဲ့တဲ့ ဟယ်လာရီကလင်တန်ရဲ့ မိန့်ခွန်း ထဲမှာတော့
မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန် ပေးအပ်ဖို့အတွက်
မြန်မာအစိုးရ အနေနဲ့ လိုအပ်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို နိုင်ငံတကာ
အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှု ရှိလာအောင် လုပ်ဆောင်ဖို့ အရေးကြီးကြောင်းနဲ့
မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုမရှိဘဲ နိုင်ငံရေးအရ
ရှေ့မတိုးနိုင် ဖြစ်နေတဲ့ အခြေအနေအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက
လက်မခံနိုင်ကြောင်း စတဲ့ အချက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့
မြန်မာနိုင်ငံရေးမှာလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံ ဆွေးနွေးရေး ဆောင်ရွက်ဖို့ ကိစ္စတွေကိုလည်း ထည့်သွင်း ပြောကြား
ခဲ့ပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက …
၃ စင်းမြောက် ထိုင်းရဟတ်ယာဉ် မြန်မာနယ်စပ်မှာ ပျက်ကျပြန်
ထိုင်းတော်ဝင် လေတပ်မှ Bell 212 (ဓာတ်ပုံ - Flickr)
တပတ်အတွင်းမှာ
၃ စင်းမြောက်အဖြစ် Bell 212 ရဟတ်ယာဉ် တစင်း ထိုင်း-မြန်မာ နယ်စပ်မှာ
ထပ်ပြီး ပျက်ကျပြန်ပြီလို့ ထိုင်းစစ်တပ်က ပြောလိုက်ပါတယ်။ ဇူလိုင်လ ၁၆
ရက်နေ့မှာ တစင်း၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဘလက်ဟော့ခ် ရဟတ်ယာဉ် တစင်း
ပျက်ကျခဲ့ပြီး ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။
စစ်တပ်က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဆန်စန်း ကဲအိုကမ်နာ့ဒ်က ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ဘလက်ဟော့ခ်ပျက်ကျလို့ သေဆုံးသွားသူတွေရဲ့ အလောင်းကို သွားသယ်ရင်း ပျက်ကျတာပါလို့ ပြောပါတယ်။
သစ်ခိုးခုတ်တာတွေကို သွားဖမ်းတဲ့ လေယာဉ်ဟာ ဇူလိုင်လ ၁၆ ရက်မှာ မြန်မာနယ်စပ်အနီး ပျက်ကျတယ်။ အဲဒီပျက်ကျရာမှ သေဆုံးသူ ၅ ဦးကို သယ်ယူဖို့ သွားတဲ့ ဘလက်ဟော့ခ်ဟာ ပျက်ကျပြီး ၉ ဦးသေဆုံးတယ်။ ပျက်ကျတဲ့ ဘလက်ဟော့ခ်ကို မြန်မာစစ်တပ်အကူအညီနဲ့ ထိုင်းစစ်တပ်က ရှာဖွေခဲ့ရပါတယ်။ အခုတခါ အဲဒီသေဆုံးသူ ၉ ဦးကို အလောက်သွားကောက်တဲ့ ရဟတ်ယာဉ် ထပ်ပျက်ကျပြန်တာ ဖြစ်ပါတယ်။
ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ရာသီဥတု ဆိုးဝါးမှုကြောင့် အရင်ပျက်ကျတဲ့ ရဟတ်ယာဉ်တွေ အနီး ထိုင်း-မြန်မာနယ်စပ်က တောထဲကိုပဲ ပျက်ကျတာဖြစ်ပြီး ၃ ဦးသေကာ စစ်သားတဦး အသက်ရှင်တယ်လို့ သိရပါတယ်။ ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်က ဘာကြောင့်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထိုင်းရုပ်သံများမှာက ထုတ်လွှင့်ချက်မှာ မြင်ရတာကတော့ ဒီနေ့ အဲဒီဝန်းကျင်မှာ ရာသီဥတုကောင်းနေပြီး ပျက်ကျတဲ့ နေရာကို တောထဲက ပြေးသွားနေတဲ့ အရပ်ဝတ်နဲ့လူတွေကိုလည်း မြင်နေရပါတယ်။ ရဟတ်ယာဉ်ဟာ မီးလောင်နေပြီး အသက်ရှင်ကျန်တဦးကို အဲဒီနေရာက သယ်ထုတ်ဖို့ ကြိုးစားနေတာ မြင်နေရပါတယ်။

Source: AP
http://www.irrawaddyblog.com/2011/07/blog-post_358.html
ရွာသား ၂ဦးကို အစိုးရစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့
ဇူလိုင်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
http://www.kicnews.org/?p=6606
ကရင်ပြည်နယ်၊
သံတောင်မြို့ အရှေ့ဘက် ၄မိုင်ကွာတွင် လှုပ်ရှားနေသော အစိုးရစစ်တပ် စကခ(၉)
လက်အောက်ခံ ခမရ (၃၇၄)တပ်ရင်းသည် ဒေသခံ ရွာသား ၂ဦးကို ယခုလ ၁၃ရက်နေ့က
ဖမ်းဆီးကာ သတ်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။
စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၉)လက်အောက်ခံ ဗိုလ်ကြီးစိုးစံမိုး ဦးစီးသည့် ခမရ(၃၇၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် မဲ့သင်္ခါလေးရွာသား စောအယ်ထူး ၄၈နှစ်နှင့် စောကလယ်ဖေါ ၃၃နှစ်တို့အား ပေါ်တာအထမ်းသမားများအဖြစ် ရွာထဲမှ ဖမ်းဆီး ပြီးနောက် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောဆိုသည်။
“ဒီလ ၁၃ရက်နေ့ပေါ့နော်။ ခမရ(၃၇၄)တပ်ရင်းက မဲ့သင်္ခါလေးရွာသား စောအယ်ထူးနဲ့ စောကလယ်ဖောကို အထမ်းသမားအ ဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မဲ့သင်္ခါကြီးရွာကိုရောက်တော့ အဲဒီရွာသားနှစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဘာကြောင့် သတ်ပစ်တာလဲတော့ ဘယ်သူမှ မသိကြဘူး။”ဟု ၎င်းဒေသခံက ပြောသည်။
သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များမှာ ယခင်နှစ်များကလည်း ဒေသခံ ရွာသားများအား အကြောင်းမဲ့ ပစ်သတ်မှုမျိုး အလားတူ ရှိခဲ့သော်လည်း ယခုနှစ်၊ ဇူလိုင်လအတွင်း ပထမဦးဆုံး ဖြစ်ပွားခြင်းဖြစ်သည်။

2011/07/22
SSA က တန်ပြန် ထိုးစစ်ဆင်
ရှမ်းပြည်တပ်မတော် SSA/SSPP ဓာတ်ပုံ-S.H.A.N.
21 ရက် 2011 ခုနှစ် ။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP
ဌာနချုပ်သို့ အစိုးရတပ်ဖွဲ့ များက ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် SSA ဖက်မှ
တန်ပြန် စစ်ဆင်သည့်အနေဖြင့် မိုင်းရယ်မြို့သို့ ၀င်ရောက်
တိုက်ခိုက်ခဲ့သည်ဟု SSA မြောက်ပိုင်း က ပြောသည်။
ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဖက်ရှိ မိုင်းရယ်မြို့ အနောက်ဖက်နှင့်
မြောက်ဖက်ရှိ လုံခြုံရေး ဂိတ်များအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က SSA
ဖက်မှ ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်း တပ်မှူးတဦးက ယခုလိုပြောသည်။
“နေ့လည် ၁၂ နာရီ ၄၅ လောက်ကနေ ၁၄ နာရီ ၃၅ လောက်အထိ အဲဒီမိုင်းရယ်ဂိတ်တွေကို
ကျနော်တို့တပ်က ၀င်စီးတာ သူတို့ဖက်က ဒဏ်ရာရတဲ့လူတွေ ဆေးရုံမှာ
ပြည့်နေတယ်လို့ ပြန်ကြားရတယ်။ အရပ်သားက ပြန်ပြောတာပေါ့နော်။”
ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားနေစဉ် မိုင်းရယ်အခြေစိုက် အမြောက်တပ်ရင်း အမတ
(၃၅၀)ကလက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတဦး
ထိခိုက်မှုရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်က တံတားမိုင်းခွဲခံရ
လိုင်ဇာ-မြစ်ကြီးနားလမ်းပေါ်က ကွန်ကရစ်တံတားတခု
July 21, 2011,
ဇူလိုင် ၂ဝ ရက်နေ့ ညသန်းခေါင်အချိန်က ဗန်းမော်-မြစ်ကြီးနား
လမ်းပေါ်ရှိ ဂါးဒါယန်တံတား မိုင်းခွဲ ဖျက်ဆီးခံရ၍ လုံးဝ
ပျက်စီးသွားကာ ယာဉ်သွားလာမှုများ ရပ်နားလိုက်ရပါတယ်။
ဝိုင်းမော်မြို့နယ် ဂါးဒါယန်ကျေးရွာနှင့် ကဇူးကျေးရွာကို
ဆက်သွယ်ထားတဲ့ လွယ်မွေချောင်းကူး ကွန်ကရစ် တံတားမှာ ပေ ၂ဝ
ဝန်းကျင်ရှိပြီး မိုင်းခွဲခံရသဖြင့် တံတားတခုလုံး ရေချောင်းထဲ
ပြုတ်ကျသဖြင့် လူပင် ဖြတ်သန်း၍ မရဖြစ်နေကြောင်း မျက်မြင်
ကားသမားတဦးက ပြောပါတယ်။
“ဂါးဒါယန်အထွက်မှာ ကွန်ကရစ် တံတားကြီးကို မိုင်းခွဲတာ
ကျိုးသွားတဲ့ခါကျတော့ ဗန်းမော်-မြစ်ကြီးနား-လိုင်ဇာ လုံးဝ
ပြတ်တောက်သွားပြီ။ ည ၁၂ နာရီကို ချိုးတယ်ပြောတယ်။ အရင်တုန်းက
ချိုးထားတယ်ဆိုတာ နည်းနည်းပဲ ပေါက်တာလေ။ ဒီတခေါက် ပြန်သွားတော့
တံတားရှစ်စင်းချိုးထားတယ်။ ဘာပြဿနာမရှိဘူး။ ကားမောင်းလို့ရတယ်။
အခုက လုံးဝကို မရတော့ဘူး။ တံတားကြီး ကျိုးကျသွားပြီ။
လူကူးလို့တောင် မလွယ်ဘူး၊ ချောင်းနဲ့ဆိုတော့။ ကွန်ကရစ်တိုင်
မဟုတ်ဘူး။ အလုံးလိုက်ပါ ပြုတ်ကျသွားပြီ။ ဆိုးဆိုးဝါးဝါးကို
ဖြစ်သွားတာ။ ဆိုင်ကယ်တောင် သွားလို့မရဘူး၊ လမ်းလျှောက်လို့တောင်
မရတော့ဘူး။”
ဇွန်လ ၁၅၊ ၁၆ ရက်တွေက ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ တံတား
အစင်း ၃ဝ ခန့် မိုင်းခွဲခံခဲ့ရသော်လည်း ဗန်းမော်-လွယ်ဂျယ်
လမ်းကြောင်းမှ လွဲ၍ ကျန်နေရာမှာတော့ ယာဉ်ငယ်တွေ ဆက်လက်
ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မိုးမောက်မြို့နယ် အောင်ဂျာယန်-ခါရာ
ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်
လိုင်ဇာ-မြစ်ကြီးနား ယာဉ်သွားလာမှုကို ကချင်ပြည် လွတ်လပ်ရေး တပ်မတော်
(ကေအိုင်အေ)က ပိတ်ထားခဲ့ရာမှ အခုလ ၁၉ ရက်နေ့ကစလို့ ယာဉ်သွားလာမှု
ပြန်လည်ခွင့်ပြုခဲ့ရာ ဒီကနေ့မှာတော့ တံတားမိုင်းခွဲခံရလို့
ယာဉ်သွားလာမှု ရပ်ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
အခု မိုင်းခွဲခံလိုက်ရတဲ့ တံတားဟာ မြစ်ကြီးနားဘက်ကနေ စစ်ယာဉ်တန်းတွေ
ပို့ဆောင်ရာမှာ အရေးပါတဲ့ တံတားလည်း ဖြစ်ပြီး မြန်မာစစ်တပ်က
စစ်အင်အား ဖြည့်တင်းတာ၊ စစ်ရေးပြင်ဆင်တာတွေ ဆောင်ရွက်နေချိန်မှာ
မိုင်းခွဲဖျက်ဆီးခံရတာ ဖြစ်ပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ အချိန်မတန်သေး၊ NLD ရှုမြင်
21 ဇူလိုင် 2011,
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ
ကျင်းပနေတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ
အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ထွန်းကားလာစေမယ့်
လုပ်ဆောင်မှုတွေ ထွက်ပေါ်လာဖို့ မျှော်လင့်မထားဘူးလို့ NLD အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး
အကျဉ်းသားတွေ လွှတ်မပေးသေးတဲ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့
အကြံပြုချက်တွေကို အခုထိ မယ်မယ်ရရ အကောင်အထည် မဖော်သေးတဲ့အတွက် အခုအတိုင်း
ဆက်သွားနေရင် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက
တာဝန်ယူဖို့ကိစ္စ မဖြစ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို
ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ၄၄ ကြိမ်မြောက် အစည်းအဝေးကို
ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ စတင် ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးနဲ့အတူ ဒီနှစ်ကုန်မှာ ကျင်းပမယ့် အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီး
အစည်းအဝေးတွေဟာ ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အ၀န်းအတွင်း လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီ ထွန်းကားစေမယ့် ပန်းတိုင်ရောက်ရေးအတွက် အရေးပါကြောင်း ဖွင့်ပွဲ
အခမ်းအနားမှာ အလှည့်ကျ သဘာပတိဖြစ်တဲ့ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း
ယူဒိုယိုနို (Susilo Bambang Yudhoyono) က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ အခုထိ ရှိနေပြီး ထဲထဲဝင်ဝင် ကူညီ ဖြေရှင်းပေးတာမျိုး
မရှိသေးဘဲ အာဆီယံအဖွဲ့ဟာ သူ့အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စကို
ဝင်မစွက်ရေး မူဝါဒကိုပဲ ဆက်လက် ဆုပ်ကိုင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင်
ထိုင်းလို နိုင်ငံမျိုးမှာ အစိုးရသစ် တက်လာခဲ့ပေမဲ့ တခြား
အာဆီယံနိုင်ငံတွေလိုပဲ စီးပွားရေးကိုပဲ ဦးစားပေးမယ့်သဘော ရှိတာတွေကြောင့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒီအစည်းအဝေးကြီးကနေ မြန်မာနိုင်ငံ
ဒီမိုကရေစီရေးအတွက် တစုံတရာ အကျိုးအမြတ် ထွက်လာဖို့ မျှော်လင့်မထားဘူးလို့
အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
2011/07/21
ကချင်ဒုက္ခသည်များအတွက် အရေးပေါ်အကူအညီလိုအပ်
စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဒီဗွီဘီ)
July 21, 2011,
ကချင်ပြည်နယ်ထဲက စစ်ပွဲတွေမှာ ကချင်အမျိုးသမီးတွေကို
မုဒိမ်းကျင့်ဖို့ စစ်သားတွေက အထက်က အမိန့်ရထားတဲ့အတိုင်း၊
မုဒိမ်းမှုပေါင်း ၃၂ မှုရှိနေပြီလို့ ထိုင်းနိုင်ငံ အခြေစိုက်
ကချင်အမျိုးသမီးအဖွဲ့က ဆိုပါတယ်။
ဇွန်လဆန်းက စတင်ခဲ့တဲ့ တိုက်ပွဲဟာ တလကျော် ကြာလာတဲ့တိုင်
ဒုက္ခသည်တွေအတွက် ဆေးဝါး၊ ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့
ကချင်အမျိုးသမီးအဖွဲ့ရဲ့ ပြောခွင့်ရ ရှယ်လီဆိုင်းက ပြောပါတယ်။
“စစ်ကြောင်းနဲ့ နည်းနည်းဝေးတဲ့ စစ်ဖြစ်တဲ့နေရာတွေမှာ
စုပြီးနေကြတယ်။ ကူညီတဲ့ လူတွေကတော့ အဲဒီမှာရှိတဲ့
လူထုအဖွဲ့လူငယ်တွေ၊ အမျိုးသမီးတွေပေါ့။ အခုလိုင်ဇာ
ဘက်မှာဆိုရင်လည်း လာဟင်ဆိုတဲ့ အဖွဲ့ရှိတယ်။ မိုင်တိုင်ယန်း
ဘက်မှာဆိုရင် WPM ဆိုတဲ့ ဖွဲ့ထားတဲ့ လူထုနဲ့ အမျိုးသမီး လူငယ်တွေ
အဲဒီက သာသနာဆရာတွေ အားလုံးဝိုင်းဝန်းပြီးတော့ အကျိုးဆောင်နေတယ်။
ရိက္ခာတော့ ဆန်၊ ဆီ၊ ဆားပေါ့။”
ဇွန်လ ၉ ရက်နေ့ကနေ စခဲ့တဲ့ ကချင်ပြည်နယ်နဲ့
ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ
နယ်စပ်မှာခိုလှုံနေတဲ့ ကချင်ဒုက္ခသည် တသောင်းခြောက်ထောင်ရှိပြီး
ဆက်လည်း တိုးလာနေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ကဆိုပါတယ်။ မိုးရာသီ
လယ်ယာစိုက်ပျိုးချိန်မှာ လုပ်ငန်းတွေကို စွန့်ပြီး
ထွက်ပြေးနေရတဲ့အတွက် ရှေ့ဆက် ပိုပြီး ဒုက္ခရောက်နိုင်တယ်လို့
ကချင်အမျိုးသမီးအဖွဲ့ကဆိုပါတယ်။
“ဗမာပြည်အစိုးရကို ဖိအားပေးဖို့၊ အားလုံး
တပြည်လုံးငြိမ်းချမ်းစွာ စကားပြောနိုင်ဖို့ လိုလားတယ်။ နောက်
ဒီလိုမျိုး စစ်ကြီးပဲ ဆက်ဖြစ်နေမယ်ဆိုရင် ပြည်သူလူထုတွေ ဒုက္ခရောက်တယ်။
မိုးတွင်းလည်း ဖြစ်တယ်ဆိုတော့ တော်တော်ဒုက္ခရောက်ကြပါတယ်။
ဆန်စပါးစိုက်တဲ့ အချိန်လည်းဖြစ်တယ်။ အခုထွက်ပြေးနေရတော့ နောက်ဆို
ကျမတို့မှာ အခက်အခဲ ပြည်သူလူထုအတွက် ပိုပြီးဒုက္ခရောက်မယ်။”
မနေ့ကအထိလည်း ကချင်ပြည်လွတ်လပ်ရေးတပ်မတော်( ကေအိုင်အေ) နဲ့ မြန်မာ
စစ်တပ်အကြား ဖြစ်ပွားနေတဲ့ အစိုးရတပ်ချီတက်ရာလမ်းတလျှောက်က
ကျေးရွာတွေမှာ အစိုးရတပ်က အရပ်သားတွေကို ပေါ်တာဆွဲနေပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
ကရင်ပြည်နယ်အတွင်း ဒီကေဘီအေနဲ့ တိုက်ပွဲထပ်ဖြစ်
ဒီကေဘီအေ တပ်သားများ
ကရင်ပြည်နယ် မြသတီမြို့ထဲမှာ ဒီကေဘီအေနဲ့ မြန်မာစစ်အစိုးရတပ်တွေ အင်္ဂါနေ့
ညနေပိုင်းကနေ ဗုဒ္ဒဟူးနေ့ မနက်အထိ တိုက်ပွဲ ဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်တာက
မြ၀တီမြို့ အရှေ့တောင်ဖက် ၃ မိုင်လောက်အကွာမှာရှိတဲ့ ကျောက်တောင် ဆိုတဲ့
ရွာအနီးမှာ ဖြစ်ပါတယ်။
တိုက်ပွဲမှာ အစိုးရ စစ်တပ်က တပ်ရင်း ၂၇၅ က အဝေးပစ် မော်တာတွေနဲ့ ပစ်ခတ်တဲ့
အသံကို မြ၀တီကနေတောင် ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီကျောက်တောင်ဖက်ကို ဒီကေဘီအေ ကနေပြီးတော့ အယောက် ၂၀ လောက် လာကပ်တယ်တဲ့။
အဲဒီလို သတင်းရတဲ့အခါကျတော့ ၂၇၅ က လိုက်တာ ဒေသခံတဦးက ပြောပါတယ်။
ဆက်တိုက် ရွာနေတဲ့ မိုးထဲလေထဲမှာ ပစ်လိုက် နားလိုက်နဲ့ လုပ်နေကြတယ်လို့
ဒေသခံတွေက ဆိုပါတယ်။ ဒီတိုက်ပွဲမှာ မြန်မာ အစိုးရ စစ်တပ်က ၁၀ ယောက်ထက်မနည်း
ထိခိုက် သေဆုံးတယ်လို့ မြ၀တီ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကုန်သည်တွေက
ပြောပါတယ်။ ဒါပေမယ့်လည်း ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့
မရှိသေးပါဘူး။ ဒီကေဘီအေ ဖက်က အသေအပျောက်ကိုလည်း မသိရသေးပါဘူး။
မြ၀တီမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့မှာ ဒီကေဘီအေ တွေက
ဝင်တိုက်မယ်ဆိုပြီး သတင်းထွက်နေလို့ မြ၀တီ မြို့တွင်းနဲ့ မြို့ပြင်တွေမှာ
မြန်မာ အစိုးရဖက်က လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ မြို့ခံတွေက
ပြောပါတယ်။
သတင်းရင်းမြစ် - ဘီဘီစီ
2011/07/20
登録:
投稿 (Atom)