Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/12

ကြံ့ဖွတ်ပါတီကိုယ်စားများကို ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်သည့် ကိစ္စအား ကန်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲ





၂၀၁၁ ဇူလိုင်လ (၁၁)ရက်။

ဂျပန်အစိုးရမှ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များကို ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားသည့် လုပ်ရပ်သည် မြန်မာပြည်တွင် စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေးအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်သည့် အတွက် ဂျပန်အစိုးရ၏ အဆိုပါ လုပ်ရပ် နှင့် ရပ်တည်အား ရှုတ်ချ ကန့်ကွက်သည့် ချီတက် ဆန္ဒပြပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japanမှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဂျပန်အစိုးရက ဖိတ်ကြားထားသော နိုင်ငံရေးပါတီများထဲတွင် ၂၀၀၃ ခုနှစ် မေလကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များအား အကွက်ချ စီမံ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ကြံ့ဖွတ်အသင်းဝင်များ၊ မြန်မာပြည်သူ ပြည်သားများအား အနိုင် အထက်ကျင့် နေခဲ့သော ကြံ့ဖွတ်ပါတီ ပါဝင်သည့်အတွက် ထိုပါတီအား ထောက်ခံ ပံ့ပိုး အသိအမှတ် ပြုရာရောက်သည့်အပြင် ဒီမိုကရေစီရေးအတွက် အသက် သွေး ဘ၀များပေးဆပ်ကာ လှုပ်ရှားသူများအား မျက်ကွယ်ပြုရာ ပစ်ပယ်ရာရောက်သည့် ဂျပန်အစိုးရ၏ အဆိုပါ လုပ်ရပ် နှင့် ရပ်တည်အား မြန်မာနိုင်ငံသားများ တို့မှ လက်မခံသည့်အကြောင်းကို ဂျပန်အစိုးရ တာဝန်ရှိသူများတို့မှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ တိုကျိုမြို့ Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံမှ ဂျပန်အစိုးရရုံးများ တည်ရှိရာ Kasumigaseki မြို့နယ်ဧရိယာကို ဖြတ်လျှောက်၍ Hibiya ပန်းခြံတွင် အဆုံးသတ်သည့် ချီတက်ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရကြောင်း သိရှိရပါသည်။
Roppongi ဘူတာအနီး၊ Mikawadai ပန်းခြံကနေ ၂း၃၀နာရီ တွင် စတင်ချီတက်ခဲ့ကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း ဂျပန်အစိုးရအနေဖြင့် အနာဂတ်တွင် မြန်မာ ပြည်သူများနှင့် ရင်းနှီးစွာ ဆက်ဆံရေးအတွက် ဒီမိုကရေစီအင်အားစုများ၏ အသံကို အလေးထားဆောင်ရွက်ရန်၊ ဖက်စစ်စနစ်ကို ကျင့်သုံးနေသော မြန်မာစစ်အစိုးရသစ် အပေါ် ထောက်ခံကူညီမှုများ ရပ်ဆိုင်းရန်နှင့် ODA နှင့်ပါတ်သက်ပြီး ပြန်လည်သုံးသပ်ရန်၊ မြန်မာ့ဒီမိုကရေစီအရေးနှင့်ပါတ်သက်၍ မြန်မာပြည်သူများ၏ မျှော်လင့်ချက်များကို မဖျက်ဆီး မနှောက်ယှက်ဖို့ တောင်းဆို ချီတက်လာခဲ့ကြပြီး နေ့လည် ၃း၃၀ နာရီတွင် Hibiya ၌ အဆုံးသတ်ခဲ့ပါသည်။
ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ရပ်တည်ချက် သဘောထားများတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၂၀၁၁ ခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် သွားရောက်၍ မေးမြန်းခဲ့ကြပြီး ဂျပန်အစိုးရ၏ လုပ်ရပ်နှင့် ရပ်တည်ချက်အား ကန့်ကွက်သည့် မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်) သဘောထား များတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ မနက်ဖြန် ဇွန်လ ၁၂ ရက်နေ့ မြန်မာ့ ဒီမိုကရေစီအရေး ထောက်ခံအားပေးသော အမတ်များသမဂ္ဂအဖွဲ့၏ အကူအညီဖြစ် ဂျပန်လွတ်တော်တွင် မေးခွန်းထုတ်သည့် လွှတ်တော်တွင်း ကြားနာမှုတခု ပြုလုပ်သွားမည် ဖြစ်ပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ချီတက်ဆန္ဒပြပွဲတွင် ဂျပန် ရာသီ အလွန်ပူပြင်းပြီး ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများ(၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

0 件のコメント:

コメントを投稿