Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/30

အန်အယ်ဒီက တရားစွံမှာမို့ အာဏာ မလွှဲတာလို့ဆို

အစိုးရက အန်အယ်ဒီ ကို အာဏာလွှဲပေးရမယ့်အစား ဖိနှိပ်မှုတွေသာ ဆက်တိုက် လုပ်ခဲ့တာပါ
၂၉ ရက် ဇူလိုင်လ ၂၀၁၁။
 ၁၉၉၀ ရွေးကောက်ပွဲတုန်းက အပြတ်အသတ် အနိုင်ရခဲ့တဲ့ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာ လွှဲမပေးတာဟာ စစ်ခေါင်းဆောင် တွေကို တရားစွဲမယ်လို့ အန်အယ်ဒီ က ပြောခဲ့လို့ ဖြစ်တယ်ဆိုပြီး လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက်ပါတယ်။
၂၀၁၀ ရွေးကာက်ပွဲ ၀င်ခဲ့တဲ့ ပါတီ ၃၇ ခုကို နေပြည်တော်မှာ မနေ့က ခေါ်ယူ တွေ့ဆုံတဲ့ပွဲမှာ သူက အခုလို ဆိုပါတယ်။ အစည်းအဝေး နောက်ပိတ် မိန့်ခွန်းတွေမှာ အဲဒီလို သူထည့်သွင်း ပြောသွားကြောင်း အစည်းအဝေး တက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ)ရဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ခုလို ပြောလာတာဟာ စစ်အစိုးရက အာဏာကိုမလွှဲဘဲ ဆက်လက် ကိုင်စွဲ ထားခဲ့တာနဲ့ ပတ်သက်လို့ နအဖ စစ်ခေါင်းဆောင်ဟောင်း တဦးက ပထမဆုံးအကြိမ် ထုတ်ဖေါ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြောဆိုချက်နဲ့ ပတ်သက်ပြီး အန်အယ်ဒီ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အလွန်မှားတဲ့ သဘောထား ဖြစ်တယ် အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ဆိုပြီး ပယ်ချ လိုက်ပါတယ်။ နအဖ ခေါင်းဆောင်တွေ အနေနဲ့ ဒီအပေါ်မှာ တကယ် စိုးရိမ်တယ်ဆိုရင် အန်အယ်ဒီ နဲ့ တွေ့ဆုံ ဆွေးနွေးရင် ပြေလည် သွားမှာပါလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
 
ဦးသုဝေကလည်း ဒီပြောဆိုချက်ဟာ အာဏာ လွှဲမပေးချင်တဲ့ အတွက် စစ်တပ်ဖက်က အကြောင်းပြချက် သက်သက်သာ ဖြစ်တယ်လို့ ယူဆကြောင်း ပြောခဲ့ပါတယ်။
သတင်းရင်းမြစ် - ဘီဘီစီ

0 件のコメント:

コメントを投稿