Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/19

ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သုံ့​ပန်း​ ၅ ဦး​ ​ကေအိုင်​အေ ဖမ်း​မိ

by ဒီဗွီဘီ

ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)နဲ့​ မြန်မာစစ်တပ်အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေအတွင်း​ မြန်မာစစ်တပ်မှ ဗိုလ်ကြီး​တဦး​ အပါအဝင် စစ်သည် ၅ ဦး​ကို ​ကေအိုင်​အေက ဇူလိုင် ၁၇ ရက်​နေ့​က ဖမ်း​ဆီး​ရမိထား​တယ်လို့​ ​ကေအိုင်​အေတပ်ဖွဲ့​နဲ့​ နီး​စပ်သူ ​ဒေသခံတဦး​က ​ပြောပါတယ်။

ဇူလိုင် ၁၆ ရက်၊​ စ​နေ​နေ့​ ​နေ့​လယ်ပိုင်း​က ဗန်း​မော်-မြစ်ကြီး​နား​ကား​လမ်း​ပေါ်ရှိ မိုး​မောက်မြို့​နယ်၊​ နန့်​ဆန်ယန်​ကျေး​ရွာအနီး​ ခလရ ၂၁ နဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​အကြား​ တိုက်ပွဲဖြစ်ခဲ့​ပြီး​ ခလရ ၂၁ ကို ​ကေအိုင်​အေက ဝိုင်း​ဝန်း​ပိတ်ဆို့​ တိုက်ခိုက်​နေခဲ့​တာ မ​နေ့က အထိ ဖြစ်ပါတယ်။ တိုက်ပွဲစဖြစ်တဲ့​နေ့​ မှာ စစ်ကူလာတဲ့​ လဂျား​ယန်က မြန်မာစစ်တပ်ကို ​ကေအိုင်​အေက ကြား​က ဖြတ်တိုက်လိုက်တာမို့​ ​နောက်ပြန်ဆုတ်သွား​တယ်လို့​ ဆိုပါတယ်။  စစ်သုံ့​ပန်း​ ၅ ဦး​ကို ဖမ်း​ဆီး​ရမိခဲ့​တာနဲ့​ ပတ်သက်လို့​ ​ဒေသခံက အခုလို ​ပြောပါတယ်။

“ဖမ်း ​မိတာ မ​နေ့​က။ စ​နေ​နေ့​ တိုက်ပွဲက​နေ ဟို​ပြေး​လို့​မရ၊​ ဒီလိုလို့​မရလို့​ ပိုက်လုံး​ထဲမှာ ပုန်း​နေတာလို့​ ​ပြောတယ်။ အဲဒါ တပ်ကြပ်ကြီး​ တ​ယောက်ပါတယ်၊​ ဗိုလ်ကြီး​ တ​ယောက်ပါတယ်။ တပ်သား​ ၃ ​ယောက်၊​ အား​လုံး​ ၅ ​ယောက်။ ခလရ ၂၁ လို့​ ​ပြောတယ်။ ​ရေသွယ်တဲ့​ ​ရေနုတ်​မြောင်း​ ပိုက်လုံး​ထဲမှာ ပုန်း​နေတာ။ အ​ရှေ့​လည်း​ ပိတ်ပြီ၊​ ​နောက်မှာလည်း​ တိုက်ပွဲဖြစ်​နေ​တော့​ ​ကေအိုင်​အေ ပိတ်ထား​ပြီဆို​တော့​ မ​ပြေး​တတ်​တော့​လို့​ ပိုက်လုံး​ထဲ ဝင်ပုန်း​နေ​တော့​ ​ကေအိုင်​အေက ဝင်စီး​မိတဲ့​အခါ ပိုက်လုံး​ထဲမှာ ဆွဲထုတ်ခဲ့​တယ် ​ပြောတယ်။”

အဲဒီစစ်သုံ့ ​ပန်း​ ၅ ဦး​စလုံး​ကို ​ကေအိုင်​အေ ဌာနချုပ် လိုင်ဇာကို ​ခေါ်ယူလာပြီး​ ​ကေအိုင်​အေတပ်ဖွဲ့​က ​ကောင်း​ကောင်း​မွန်မွန် ဆက်ဆံထား​ရှိ​ကြောင်း​ အဆိုပါ လိုင်ဇာ ​ဒေသခံက ​ပြောပါတယ်။

ယခင်အ​စောပိုင်း​ကလည်း​ စစ်သုံ့​ပန်း​တွေကို ​ကေအိုင်​အေက အလား​တူ ဖမ်း​ဆီး​ရမိခဲ့​ပြီး​ ​ကောင်း​ကောင်း​မွန်မွန် ဆက်ဆံကာ ပြန်လည် လွှတ်​ပေး​ခဲ့​ပါတယ်။ အခု ဖမ်း​ဆီး​ရမိတဲ့​ စစ်သုံ့​ပန်း​တွေရဲ့​ ကိုယ်​ရေး​ အချက်အလက်​တွေကို​တော့​ ​ကေအိုင်​အေဘက်က ထုတ်ပြန် ​ပြောဆိုတာ မရှိ​သေး​ပါဘူး​။

ဇူလိုင် ၁၆ ရက်​နေ့​ကစလို့​ ဗန်း​မော်-မြစ်ကြီး​နား​ ကား​လမ်း​တ​လျှောက်မှာ တိုက်ပွဲ​တွေ ၂ ရက် ဆက်တိုက်ဖြစ်​နေခဲ့​ရာ ဒီက​နေ့​ မနက်ပိုင်း​မှာလည်း​ ဝိုင်း​မော်မြို့​နယ်အတွင်း​ တိုက်ပွဲ​တွေ ဖြစ်​နေတယ်လို့​ သိရပြီး​ အ​သေး​စိတ် အ​ခြေအ​နေကို​တော့​ မသိရ​သေး​ပါဘူး​။
http://burmese.dvb.no/archives/12802

0 件のコメント:

コメントを投稿