Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/22

ဗန်း​မော်-မြစ်ကြီး​နား​လမ်း​ပေါ်က တံတား​မိုင်း​ခွဲခံရ

လိုင်ဇာ-မြစ်ကြီးနားလမ်းပေါ်က ကွန်ကရစ်တံတားတခု
July 21, 2011,

ဇူလိုင် ၂ဝ ရက်​နေ့​ ညသန်း​ခေါင်အချိန်က ဗန်း​မော်-မြစ်ကြီး​နား​ လမ်း​ပေါ်ရှိ ဂါး​ဒါယန်တံတား​ မိုင်း​ခွဲ ဖျက်ဆီး​ခံရ၍ လုံး​ဝ ပျက်စီး​သွား​ကာ ယာဉ်သွား​လာမှုများ​ ရပ်နား​လိုက်ရပါတယ်။
ဝိုင်း​မော်မြို့​နယ် ဂါး​ဒါယန်​ကျေး​ရွာနှင့်​ ကဇူး​ကျေး​ရွာကို ဆက်သွယ်ထား​တဲ့​ လွယ်​မွေ​ချောင်း​ကူး​ ကွန်ကရစ် တံတား​မှာ ​ပေ ၂ဝ ဝန်း​ကျင်ရှိပြီး​ မိုင်း​ခွဲခံရသဖြင့်​ တံတား​တခုလုံး​ ​ရေ​ချောင်း​ထဲ ပြုတ်ကျသဖြင့်​ လူပင် ဖြတ်သန်း​၍ မရဖြစ်​နေ​ကြောင်း​ မျက်မြင် ကား​သမား​တဦး​က ​ပြောပါတယ်။
“ဂါး​ဒါယန်အထွက်မှာ ကွန်ကရစ် တံတား​ကြီး​ကို မိုင်း​ခွဲတာ ကျိုး​သွား​တဲ့​ခါကျ​တော့​ ဗန်း​မော်-မြစ်ကြီး​နား​-လိုင်ဇာ လုံး​ဝ ပြတ်​တောက်သွား​ပြီ။ ည ၁၂ နာရီကို ချိုး​တယ်​ပြောတယ်။ အရင်တုန်း​က ချိုး​ထား​တယ်ဆိုတာ နည်း​နည်း​ပဲ ​ပေါက်တာ​လေ။ ဒီတ​ခေါက် ပြန်သွား​တော့​ တံတား​ရှစ်စင်း​ချိုး​ထား​တယ်။ ဘာပြဿနာမရှိဘူး​။ ကား​မောင်း​လို့​ရတယ်။ အခုက လုံး​ဝကို မရ​တော့​ဘူး။ တံတား​ကြီး​ ကျိုး​ကျသွား​ပြီ။ လူကူး​လို့​တောင် မလွယ်ဘူး​၊​ ​ချောင်း​နဲ့​ဆို​တော့​။ ကွန်ကရစ်တိုင် မဟုတ်ဘူး​။ အလုံး​လိုက်ပါ ပြုတ်ကျသွား​ပြီ။ ဆိုး​ဆိုး​ဝါး​ဝါး​ကို ဖြစ်သွား​တာ။ ဆိုင်ကယ်​တောင် သွား​လို့​မရဘူး​၊​ လမ်း​လျှောက်လို့​တောင် မရ​တော့​ဘူး​။”
ဇွန်လ ၁၅၊​ ၁၆ ရက်​တွေက ကချင်ပြည်နယ်အတွင်း​ ​နေရာအနှံ့​အပြား​မှာ တံတား​ အစင်း​ ၃ဝ ခန့်​ မိုင်း​ခွဲခံခဲ့​ရ​သော်လည်း​ ဗန်း​မော်-လွယ်ဂျယ် လမ်း​ကြောင်း​မှ လွဲ၍ ကျန်​နေရာမှာ​တော့​ ယာဉ်ငယ်​တွေ ဆက်လက် ဖြတ်သန်း​နိုင်ခဲ့​ပါတယ်။
ပြီး​ခဲ့​တဲ့​ ဇူလိုင် ၁၆ ရက်​နေ့​က မိုး​မောက်မြို့​နယ် ​အောင်ဂျာယန်-ခါရာ ​ကျေး​ရွာမှာဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ လိုင်ဇာ-မြစ်ကြီး​နား​ ယာဉ်သွား​လာမှုကို ကချင်ပြည် လွတ်လပ်​ရေး​ တပ်မ​တော် (​ကေအိုင်​အေ)က ပိတ်ထား​ခဲ့​ရာမှ အခုလ ၁၉ ရက်​နေ့​ကစလို့​ ယာဉ်သွား​လာမှု ပြန်လည်ခွင့်​ပြုခဲ့​ရာ ဒီက​နေ့​မှာ​တော့​ တံတား​မိုင်း​ခွဲခံရလို့​ ယာဉ်သွား​လာမှု ရပ်ဆိုင်း​ခဲ့​ရတာလည်း​ ဖြစ်ပါတယ်။
အခု မိုင်း​ခွဲခံလိုက်ရတဲ့​ တံတား​ဟာ မြစ်ကြီး​နား​ဘက်က​နေ စစ်ယာဉ်တန်း​တွေ ပို့​ဆောင်ရာမှာ အ​ရေး​ပါတဲ့​ တံတား​လည်း​ ဖြစ်ပြီး​ မြန်မာစစ်တပ်က စစ်အင်အား​ ဖြည့်​တင်း​တာ၊​ စစ်​ရေး​ပြင်ဆင်တာ​တွေ ​ဆောင်ရွက်​နေချိန်မှာ မိုင်း​ခွဲဖျက်ဆီး​ခံရတာ ဖြစ်ပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ

0 件のコメント:

コメントを投稿