Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/15

ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် ၄ ရက်ဆက်တိုက်ပွဲဖြစ်

July 14, 2011,

ရှမ်း​ပြည်​တောင်ပိုင်း​ ​ကျေး​သီး​မြို့​နယ် ကိုင်ဖိုက်​ဒေသ လွိုင်ဆိုင်း​တောင်မှာ အစိုး​ရတပ်နဲ့​ ရှမ်း​ပြည်တပ်မ​တော်တို့​ရဲ့​ တိုက်ပွဲဟာ ဒီက​နေ့​မှာလည်း​ ဆက်ဖြစ်​နေပါတယ်။
အစိုး​ရတပ်ဘက်က ​နောက်ထပ်အင်အား​ ၅၀၀ ​လောက်တိုး​ချဲ့​ပြီး​ လွိုင်ဆိုင်း​တောင်မှာ ဝိုင်း​ထား​ခြင်း​ခံရတဲ့​ အစိုး​ရတပ်ကို ပြန်လည်ကူညီဖို့​ ကြိုး​စား​နေပါတယ်။
ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ၊​ အက်စ်အက်စ်​အေ​အေရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ အရာရှိတဦး​က “ခုထိ တိုက်ပွဲ​တွေ ဖြစ်တယ်။ သူတို့​ဘက်က စစ်ကူ​တွေ ပြန်လာတယ်​လေ။ ​လေး​ရာငါး​ရာ​လောက် ရှိမယ်ထင်တယ်။ အဲဒီ ​လေး​ငါး​ရာက ကျ​နော်တို့​ ​တောင်ဘက်မှာ၊​ အ​ရှေ့​မြောက်တိုင်း ​စစ်ဌာနချုပ်က ကျ​နော်တို့​ လူ​တွေရဲ့​ ​မြောက်ဘက်ခြမ်း​မှာ၊​ ​နောက်ပြီး​တော့​ သူတို့​စခန်း​ငယ် ​နောက်​ပေါက်က​နေ လက်နက်ကြီး​တွေ ကူပစ်​ပေး​တယ်။ ဒီ​နေ့​တော့​ တိမ်​တွေ ဖုံး​နေတယ်။ ရာသီဥတု မ​ကောင်း​ဘူး​လေ။ ​လေ​ကြောင်း​က သူတို့​အခွင့်​မသာလို့​လေ။ ​နောက်ပြီး​ သူတို့​လူနဲ့​ ကျ​နော်တို့​လူက ကပ်​နေတာ တဖာလုံ​လောက်ပဲ ဆို​တော့​ ဗုံး​ကြဲဖို့​ အခွင့်​အလမ်း​ မသာခဲ့​ဘူး​ပေါ့​။ တိုက်ပွဲ အ​ခြေအ​နေကလည်း​ ခုထက်ထိဆို​တော့​ အကျအဆုံး​ ဒဏ်ရာရ စာရင်း​တွေ ကျ​နော်တို့​ ​ကောင်း​ကောင်း​ မသိရ​သေး​ဘူး​” လို့​ ​ပြောပါတယ်။
ရှမ်း​ပြည် တိုး​တက်​ရေး​ ပါတီဌာနချုပ် ဝမ့်​ဟိုင်း​ဒေသဘက်ကိုလည်း​ အစိုး​ရတပ်ဘက်က ခလရ ၆၇၊​ ၂၂၊​ ၆၄ စတဲ့​တပ်ရင်း​တွေက အင်အား​ ၁၅၀ ​ကျော်နဲ့​ ဖြည့်​တင်း​နေရာယူထား​သလို မိုင်း​ရှူး​ – မိုင်း​နောင် ကား​လမ်း​ပေါ်မှာလည်း​ အင်အား​ ၁၅၀ ​ကျော်က တိုက်ဖို့​ အသင့်​ပြင်ထား​တာ ​တွေ့​ရတယ်လို့​ ရှမ်း​ပြည် တပ်မ​တော် တပ်မှူး​တ​ယောက်က ​ပြောပါတယ်။
ရှမ်း​တပ်မ​တော် ဝမ့်​ဟိုင်း​ဌာနချုပ်ရဲ့​ အ​နောက်​မြောက် ၁၂ မိုင်အကွာ မန့်​ကတ်​ ဒေသဘက်မှာလည်း​ အစိုး​ရ တပ်​တွေဘက်က အင်အား​ ၂၀၀ နဲ့​ ရှမ်း​ပြည်တပ်မ​တော် တပ်မဟာ ၂၇ အထူး​လုံခြုံ​ရေး​တပ်က တပ်ရင်း​ ၅ ရင်း​တို့​ အပြင်း​အထန်တိုက် ​နေကြတယ်။
ဒီလို အပြင်း​အထန်ထိုး​စစ်ဆင်​နေတာဟာ အစိုး​ရတပ်က ဝမ်ဟိုင်း​တပ်ကို ဝင်သိမ်း​ဖို့​ ကြိုး​စား​တဲ့​ အ​ခြေအ​နေမှာရှိ​နေတယ်လို့​ အဆိုပါတပ်မှူး​က ဆက်​ပြောပါတယ်။
တိုက်ပွဲ​ကြောင့်​ ​ဘေး​လွတ်ရာ​ ဒေသကို ​ရှောင်​ပြေး​နေတဲ့​ ​ဒေသခံ ရွာသား​တွေကို မိုင်း​ရှူး​၊​ မိုင်း​ရယ်၊​ ​ကျေး​သီး​ သွား​လမ်း​နဲ့​ မြို့​အဝင်ဂိတ်​တွေမှာ စစ်​ဆေး​ပြီး​ ဝမ်ဟိုင်း​ မှတ်ပုံတင် ကိုင်​ဆောင်တဲ့​သူ​တွေကို ရှမ်း​တပ်မ​တော်လို့​ စွပ်စွဲပြီး​ ဖမ်း​ဆီး​ စစ်​ဆေး​တာ​တွေ လုပ်​နေတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

သတင်းရင်းမြစ် - ဒီဗီဘီ

0 件のコメント:

コメントを投稿