Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/14

အကျဉ်းထောင်မှ မိုင်းကွင်းသို့ ...


၂၀၁၁ ခုနှစ် အစောပိုင်းမှာ ကရင်ပြည်နယ်ထဲမှာ အစိုးရစစ်သားတွေကို အရပ်သား ပေါ်တာတယောက် (အလယ်က အရပ်ဝတ်နဲ့လူ) ကို တွေ့ရတာပါ။ ဘယ်ရွာကနေ ချောဆွဲလာလဲတော့ မသိပါဘူး။ (ဓာတ်ပုံ - Free Burma Rangers)“
July 13, 2011
“စစ်သားတွေက ပြောတယ်၊ မင်းတို့ မနက်ဖြန်အထိ အသက်ရှင်နေသေးရင် ကံကောင်းလို့ပဲ တဲ့”
စခန်းကို ကျနော်တို့ ရိက္ခာတွေ သယ်ပို့ပေးရတယ်။ ပေါ်တာ တယောက်က မိုင်းနင်းမိပြီး ခြေထောက် ပြတ်သွားတယ်။ စစ်သားတွေက သူ့ကို ဒီအတိုင်း ထားခဲ့တယ်။ သူက ကြောက်ရွံ့ထိတ်လန့် နေပေမယ့် ဘယ်သူမှ မကူနိုင်ဘူးလေ။ စခန်းကနေ ပြန်ဆင်းလာတော့ အဲဒီ မိုင်းနင်းမိတဲ့လူ သေနေပြီ”

ဒီစကားတွေကတော့ ယနေ့ထုတ်ပြန်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)နဲ့ ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့ မှတ်တမ်းတင်ထားတဲ့ “လမ်းလျှောက်နေရသည့် သေလူ - မြန်မာပြည်အရှေ့ပိုင်း စစ်မျက်နှာစာမှ အကျဉ်းသား ပေါ်တာများ” အမည်ရှိ အစီရင်ခံစာက ကောက်နုတ်ချက်ပါ။

သတင်းကို ဒီနေရာမှာ ဖတ်ပါ။ သတင်းမှာ မတင်ထားပေမယ့် အစီရင်ခံစာထဲက ပုံတွေကို ဒီဘလော့ဂ်ကနေ ဖော်ပြလိုက်ပါတယ်။
 ကရင်ပြည်နယ် မြောက်ပိုင်းတနေရာမှာ ရော့ကက်နဲ့ ကင်းလှည့်နေတဲ့ တပ်ကြပ်တဦး။(ဓာတ်ပုံ - Free Burma Rangers/2011)
 
 
 

ကရင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့အတူ တွေ့ရတဲ့ အကျဉ်းသား ပေါ်တာတွေ (ဝတ်စုံ အပြာနဲ့) ပါ။ (ဓာတ်ပုံ - Free Burma Rangers/2011)

အကျဉ်းသား ပေါ်တာတွေ သယ်ပိုးရတဲ့ မော်တာ ကျည်ဆန်တွေပါ။(ဓာတ်ပုံ - Karen Human Rights Group/2006)


အကျဉ်းသား ပေါ်တာတွေ သယ်ရတဲ့ မော်တာကျည်နဲ့ မြေမြှုပ်မိုင်းတွေ (ဓာတ်ပုံ - Karen Human Rights Group/2011)Group/2011)

ကရင်ပြည်နယ် မြောက်ပိုင်းက ရွာတရွာကို စစ်တပ်နဲ့ အကျဉ်းသား ပေါ်တာတွေ ဖြတ်သွားနေကြတုန်း
ရိုက်ထားတာပါ။ (ဓာတ်ပုံ - Karen Human Rights Group/2011)



စစ်တပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသား ပေါ်တာတဦး။ ပစ္စည်းတွေ ဘယ်လောက်ထမ်းခဲ့ရတယ်ဆိုတာ သူ့ပုခုံးပေါ်က အမာရွတ်တွေကို ပြနေတာ (ဓာတ်ပုံ - Free Burma Rangers/2008)

0 件のコメント:

コメントを投稿