Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/08

(၄၉)နှစ်မြောက် သမိုင်းဝင် ၇ ရက် ဇူလိုင် ကျောင်းသားလှုပ်ရှားမူ ဦးညွတ်ဂုဏ်ပြုပွဲ(တိုကျို)။






part-2- http://www.youtube.com/maungwto#p/u/1/MeQROu_es0Q
part-3 - http://www.youtube.com/maungwto#p/u/0/h8KDbxSn_Zo

၂၀၁၁ ခုနှစ် ဇူလိုင်လ(၇)ရက်။


(၄၉)နှစ်မြောက် သမိုင်းဝင် ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမူ ဦးညွတ်ဂုဏ်ပြုသည့် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့ Shinagawa အရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ ဇူလိုင်လ ၇ ရက် ညနေ ၃း၀၀ နာရီ မှ ၄း၃၀ အထိ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japanမှ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အုပ်စုက ပထမဦးဆုံး ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခဲ့သည့် သမိုင်းဝင် ကျောင်းသားများ သွေးမြေကျခဲ့ရသည့် ၇ ဇူလိုင်၊ အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့သည့် ကျောင်းသားစိတ်ဓာတ် ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကို လေးစားဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို အခမ်းအနားမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် ဦးရဲငြိမ်းမှ ရှင်းလင်းပြောကြား သွားပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့သည် သမိုင်းဝင် ၇ ရက် ဇူလိုင် ကျောင်းသားလှုပ်ရှားမူနှင့် ပတ်သက်သည့် ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြား ပြီးသည့်နောက် NDB-Japanမှ ကြံ့ဖွတ် သိန်းစိန် စစ်အစိုးရအား ရှုတ်ချ ကန့်ကွက်သည့် ထုတ်ပြန် ကြေငြာချက် တစ်စောင်ကို စစ်အခွန်ရုံးကနေတဆင့် ပေးပို့ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်ရောက် မြန်မာနိုင်ငံသား စုစုပေါင်း ၂၀၀ ကျော် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
ဗီဒီယိုမှတ်တမ်း ။ maungwto

0 件のコメント:

コメントを投稿