Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/15

မြန်မာစစ်တပ်မှ ကချင်အမျိုးသမီး ၇ ဦးကို ပေါ်တာဆွဲ


ဝိုင်းမော်မြို့နယ်အတွင်း ရှေ့တန်းတစ်နေရာတွင် ရောက်ရှိသော ကေအိုင်အေ စစ်သားများ။
14 July 2011 ,

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာ စစ်တပ်က အမျိုးသမီး ၇ ဦး နှင့် အမျိုးသား ၁ ဦးတို့ကို စစ်တပ် ရိက္ခာ သယ်ယူရန်အတွက် အဓ္ဓမ ပေါ်တာ ဆွဲခေါ်ထားကြောင်း ဒေသခံများပြောသည်။
နမ္မတူမြို့နယ်မှ ခမရ ၃၂၄ က နမ္မတူမြို့နယ်တွင်းရှိ ဘန်ဝါရွာသား ၈ ဦးကို ဇူလှိုင်လ ၁၂ ရက်နေ့ နံနက် ၉ ခွဲချိန်တွင် အတင်း အဓ္ဓမ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
နမ္မတူ အခြေစိုက် ကေအိုင်အေ တပ်ရင်း ၈ မှ ဇွန်လအတွင်း ၎င်းတို့ ဖမ်းဆီးရမိသော မြန်မာစစ်သားများကို ပြန်လွှတ်ပေးခဲ့သည်
အမျိုးသမီးများမှာ ဒေါ်လထော်နန်ရွယ်၊ ဒေါ်ဖာဘွန်လု၊ ဒေါ်ဖာဘွန်ကော့၊ မအင်ခွမ်ဂျီးမိုင်၊ မလထော်နူးဆန့်၊ ဒေန်နန်ခေါန်၊ ဒေါ်တန်ဘော်ရွယ်တို့ ဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ဦးအင်ဒေါမာလောန်တို့ဖြစ်သည်။
၎င်းရွာသားများ ယခုအချိန်ထိ အိမ်ပြန်ရောက်လာခြင်း မရှိသေးကြောင်းသိရသည်။
ထို့အတူ နမ္မတူမြို့နယ် မုန်းရင်းရွာ (မိုင်းရင်း)မှ အသက်လတ်ပိုင်း အမျိုးသမီး ၂၀ ကိုလည်း ခမရ ၃၂၄ က အဓ္ဓမခေါ်ဆောင်သွားရာ ယခုချိန်ထိ ပြန်လည် ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။
Copy from - kachinnews.com

0 件のコメント:

コメントを投稿