Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/14

ရှမ်းတပ် ဗုံးကြဲတိုက်ခိုက်ခံရဟု SSA တောင်ပိုင်းပြော


မြန်မာအစိုးရတပ်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် တောင်ပိုင်း ပူးပေါင်း တပ်ဖွဲ့ဝင်များအား ဗုဒ္ဓဟူးနေ့တွင် စစ်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

 “ဝမ်ဆိုင်းတောင်မှာ စစ်အစိုးရတပ်တွေက ကျနော်တို့ SSA တပ်တွေက ဝိုင်းပြီး ပိတ်ဆို့ထားတဲ့ အတွက်ကြောင့် ဝေဟင်ကနေ MiG 26 လို့ ယူဆလို့တဲ့ လေယာဉ် ၂ စီးနဲ့ ကျနော်တို့ SSA တွေကို လာပြီးတော့ ဗုံး ၈၊ ၉  လုံးလောက် ကြဲသွားတယ်လို့ ရှေ့တန်းတပ်တွေက အဲဒီလို အစီရင်ခံထားပါတယ်” ဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်းက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်း ဝမ်ကိုင်ဖရွာအနီးရှိ ဝမ်ဆိုင်းတောင်တွင် တပ်စွဲထားသည့် အစိုးရ တပ်များကို SSA ပူးပေါင်းတပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားစဉ် မွန်းလွဲ ၁ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းတပ်မှ တပ်သားနှစ်ဦး ဒဏ်ရာရသွားခဲ့ပြီး စစ်လေယာဉ် ၂ စင်းက တပြိုင်နက်တည်း ပျံဝဲကာ ဗုံးကြဲခဲ့ခြင်း
 ဖြစ်သည်ဟု ဗိုလ်မှူးလောင်ဆိုင်းကပြောသည်။

“တော်တော်လေး ပြင်းထန်ပါတယ်လို့ ပြောပါတယ်။ သစ်ပင်တွေကတော့ ပြိုလဲကုန်တယ်။ တပြိုင်တည်း ၂ စင်းလာတာ” ဟု သူက ဆိုသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။

ရှမ်းပြည်တပ်မတော်တွင် တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ မရှိတော့ဘဲ တပေါင်းတည်း ဖြစ်သွားပြီဖြစ်ကြောင်း ၂ဝ၁၁ မေ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ၌ SSA-S ၏ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို ပြောဆိုခဲ့သည်။

သို့သော် ပူးပေါင်းလိုက်သော ရှမ်းပြည်တပ်မတော်၏ ခေါင်းဆောင်မှုဖွဲ့စည်းပုံသစ်ကို မထုတ်ပြန်ခဲ့သလို အင်္ဂါနေ့က ပြုလုပ်သော မဇ္ဈိမနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းလောင်စိုင်းက ပေါင်းစည်းရန် သဘောတူညီချက် ရရှိထားသော်လည်း ဆွေးနွေးမှု ဆက်လုပ်နေဆဲ ဖြစ်သည်ဟု ပြောသည်။

“မူအရတော့ ပေါင်းစည်းဖို့ သဘောတူညီချက်တွေ ရသွားပြီ။ ဘယ်ပုံ ဘယ်နည်းနဲ့ ပေါင်းစည်းကြမလည်းဆိုတဲ့ ပေါင်းစည်းပုံ ပေါင်းစည်းနည်းကို ဆက်လက် ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ သဘော တူညီချက်တွေ၊ အမြင်ချင်း တူညီတာတွေ သဘောထား တူညီတာတွေ ရထားပြီးပြီ။ လက်နက်ကိုင် တပ်တွေရော နိုင်ငံရေး အပိုင်းမှာလည်း သက်ဆိုင်တာကိုး။ နိုင်ငံရေးအပိုင်းမှာ ဘယ်လို စုပေါင်းကြမလည်း။ လက်နက်ကိုင်တပ်မှာ ဘယ်လို ပေါင်းစည်းကြ မလည်း။ နယ်မြေခွဲဝေမှုတွေ၊ လှုပ်ရှားဖို့အတွက် ဘယ်လို သွားကြမလည်း ဆိုတဲ့ အသေးစိတ်တွေ ဆက်လက် ဆွေးနွေးနေတုန်းဖြစ်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောသည်။

ဇူလိုင် ၁၁ ရက်နေ့ကစ၍ ဖြစ်ပွားနေခဲ့သော SSA-N ဌာနချုပ်ရှိရာ ဝမ်ဟိုင်းအနီးရှိ ဝမ်လု တိုက်ပွဲတွင် ရှမ်းတပ်က ပြန်လည် အသာစီးရချိန်တွင် အစိုးရတပ်က ဗုံးကြဲတိုက်ခိုင်းခြင်း ဖြစ်သည်ဟု ဆိုသည်။ တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ တပ်သားတဦးကို အရှင်ဖမ်းမိထားကြောင်း ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။

ဝမ်ဟိုင်း ဌာနချုပ်မှာ ရှမ်းပြည်နယ် မိုင်းရယ်နှင့် ချေးတီးမြို့ကြားတွင် တည်ရှိကာ ယခုတိုက်ပွဲနေရာသည် ချေးတီးမြို့ အရှေ့မြောက်ဘက် မိုင် ၂ဝ ကျော်တွင် တည်ရှိသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် သတင်းများကို အနီးကပ် စောင့်ကြည့်တင်ပြနေသည့် ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ဗုံးကြဲတိုက်ခိုက်မှုကို အတည် မပြုနိုင်သေးကြောင်းနှင့် လေယာဉ်များ လာရောက်ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောသည်။

“အတည်မပြုနိုင်သေးဘူး။ သိထားတာကတော့ ဗုံးကြဲတာက မကြဲသေးဘူး။ ဒါပေမဲ့ ဂျက်တိုက်လေယာဉ်ပဲလို့
 ပြောတယ်။ တစီးပဲ၊ ၃ ခါ လာဝဲပြီးပြီတဲ့။ ၂ နာရီကျော်၊ ၃ နာရီကျော်၊ ၄ နာရီကျော်။ သုံးခါ လာဝဲပြီးပြီ” ဟု သူက ဆိုသည်။

အစိုးရတပ်ဘက်မှ အင်အားများ ဆက်လက်ဖြည့်တင်းနေသည်ဟု ဦးစိန်ကြည်က ဆက်ပြောသည်။

သတင်းရင်းမြစ် - နယူးဒေလီ (မဇ္ဈိမ)

0 件のコメント:

コメントを投稿