Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/07/08

ဂျပန်သို့ တတိယနိုင်ငံ အစီအစဉ် ကရင်ဒုက္ခသည် ၅၀ဦး ထပ်မံ လျှောက်ထား

Submitted by admin on Thursday, 7 July 2011--
Photo-KIC (မယ်လစခန်းတွင် ဂျပန်ရောက် ဒုက္ခသည်များ၏ နေထိုင်မှုဓာတ်ပုံများ ကပ်ထားစဉ်)
 
 ဇူလိုင်လ ၇ရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း တွင် တတိယနိုင်ငံ ခိုလှုံသည့် အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့က ဒုက္ခသည် ၅၀ဦး UN ရုံးသို့ ထပ်မံ သွားရောက်လျှောက်ထားခဲ့သည်ဟု သိရှိရသည်။
အဆိုပါ လူဦးရေ ၅၀အနက် ဂျပန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ရန် ဒုက္ခသည် ၃၀ဦးသာ ရွေးချယ်မည်ဖြစ်ပြီး ကျန်းမာရေး စစ် ဆေးချက်များ အောင်မြင်သည့် အိမ်ထောင်စုများအနေဖြင့် ဂျပန်ဘာသာစကားနှင့် ယဉ်ကျေးမှုကို သင်ယူရန်အတွက် လာမည့် သြဂုတ်လထဲတွင် လေယာဉ်ပျံသင်တန်းကို တက်ရောက်ရမည်ဖြစ်ကြောင်း IOM ရုံးမှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ပြောသည်။
၎င်းက “အခု လောလောဆယ် ဂျပန်သွားဖို့ လူဦးရေ ၅၀ကျော် UN ရုံးမှာ သွားတင်ထားတယ်လို့ကြားတယ်။ အဲဒီထဲက ၃၀ကို ရွေးပြီး သြဂုတ်လတစ်လလုံး လေယာဉ်ပျံသင်တန်းမှာ ဂျပန်စာနဲ့ စကားကို သင်ရမယ်။ ဂျပန်ကို ဘယ်တော့သွားရမလဲဆိုတာ တော့ မသိသေးဘူး။”ဟု ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ၏ လူဦးရေစာရင်းအရ ဒုက္ခသည်ပေါင်း ၅သောင်းနီးပါး နေထိုင်သည့် မယ်လစခန်းတွင် အမေရိကန်၊ သြစတြေးယျား၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ စသည့်နိုင်ငံများကိုသာ အများစု သွားရောက်နေထိုင်ကြပြီး ဂျပန်နိုင်ငံသို့ ယမန် နှစ်ကမှ စတင် သွားရောက်နေထိုင်ကြခြင်းဖြစ်သည်။
အမေရိကန် အပါအ၀င် အခြားနိုင်ငံများတွင် ဒုက္ခသည်လူဦးရေ အကန့်အသတ်မရှိ သွားရောက် နေထိုင်နိုင်သော်လည်း အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရသည့်အပေါ် လူဦးရေကန့်သတ်ပြီး သွားရောက်နေထိုင်ရန် မြန်ဆန်မှုရှိသည့် ဂျပန်နိုင်ငံသို့ ဒုက္ခသည် များ ယခုလို လျှောက်ထားရခြင်းဖြစ်ကြောင်း ဒုက္ခသည်တစ်ဦးက ပြောသည်။
“တချို့က အမေရိကန်ကို တင်ကြတယ်။ ဒါပေမဲ့ တော်တော်နဲ့ ပြန်မကျလာဘူး။ အချိန်အရမ်းကြာတယ်။ ဂျပန်ကတော့ အ ကန့်အသတ်နဲ့ ခေါ်တယ်ဆိုပေမဲ့ အချိန်လည်း သိပ်မကြာဘူး။ တင်ပြီးတာနဲ့သိပ်မကြာဘူး သွားရတာမြန်တယ်၊ ဒါကြောင့်မို့ သူတို့တွေ ဂျပန်ကို သွားတင်ကြတာ။”ဟု အဆိုပါဒုက္ခသည်က ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့်အပတ်က ဂျပန်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များက မယ်လစခန်းသို့ လာရောက်ပြီး ဒုက္ခသည်များ ၎င်းတို့နိုင်ငံတွင် သွား ရောက်နေထိုင်ရန်အတွက် ဂျပန်နိုင်ငံ၏ လုပ်ငန်း၊ လစာနှင့် ယဉ်ကျေးမှု စသည့်အချက်အလက်များကို လာရောက်ရှင်းပြရုံမက မှိုစိုက်ပျိုးရေးအကြောင်းကိုပါ ရှင်းပြခဲ့သောကြောင့် စိုက်ပျိုးရေးဝါသနာပါသူ အများစုက လျှောက်ကြခြင်းဖြစ်သည်ဟုလည်း စခန်းလူမှုရေးတာဝန်ခံ နော်ဒေးဒေးဖိုး ယခုလို ရှင်းပြသည်။
နော်ဒေးဒေးဖိုးက “အခုတခေါက်ကတော့ ဂျပန်အစိုးရနဲ့ UNHCR က တာဝန်ရှိသူတွေ ဂျပန်ကို သွားနေရမဲ့ကိစ္စနဲ့ ပတ်သက်ပြီး စခန်းထဲမှာ လာရှင်းပြသွားတယ်လေ။ သူတို့ရဲ့ နေထိုင်မှု၊ ရိုးရာယဉ်ကျေးမှုတွေ နောက်ပြီး လုပ်ငန်းထဲမှာလည်း တနေ့လုပ်ရင် ဘယ်လောက်ရမယ်။ ၀န်ဆောင်မှု ဘယ်လိုရှိတယ်ဆိုတာတွေ။ အဲဒါတင်မကသေးဘူး။ မှိုစိုက်ပျိုးရေးအကြောင်း။ ပြီးတော့ စိုက်ပျိုးရေးနေရာကောင်းတွေ ရှိတယ်ဆိုတာတွေ သူတို့ ရှင်းပြတယ်။ အဲ့ဒါကြောင့် မှိုစိုက်ပျိုးရေးကို စိတ်ဝင်စားလို့ သွားကြ တာ များတယ်။”ဟု ပြောဆိုသည်။
ဂျပန်နိုင်ငံသည် မြန်မာဒုက္ခသည်များကို တတိယနိုင်ငံ ခိုလှုံခွင့်ပေးသည့် ပထမဦးဆုံး အာရှနိုင်ငံတစ်ခုဖြစ်ပြီး ၃နှစ်တာ စီမံ ကိန်းဖြင့် မြန်မာဒုက္ခသည်များကို ၎င်းတို့နိုင်ငံတွင် ခေါ်ယူသွားမည်ဖြစ်ပြီး ယခုတကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့က ဂျပန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခဲ့သည့် မယ်လစခန်းမှ ဒုက္ခ သည် ၂၇ဦးမှာ ဟင်းသီးဟင်းရွက်နှင့် မှိုစိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်လျှက်ရှိသည်။
copy rights_KIC News

0 件のコメント:

コメントを投稿